သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမှာ အတိုက်အခံ အောင်ပွဲခံဖို့ ရုရှားခန့်မှန်း


European Union အထူးကိုယ်စားလှယ် Catherine Ashton, ရုရှနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov,ရုရှား ဒု-နိုင်ငံခြားရေးဝန်ကြီး Michail Bogdanovကို ဝါရှင်တန်ဒီစီ နိုင်ငံခြားရေးဌာန ညစာစားပွဲတွင် တွေ့ရစဉ်။
European Union အထူးကိုယ်စားလှယ် Catherine Ashton, ရုရှနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov,ရုရှား ဒု-နိုင်ငံခြားရေးဝန်ကြီး Michail Bogdanovကို ဝါရှင်တန်ဒီစီ နိုင်ငံခြားရေးဌာန ညစာစားပွဲတွင် တွေ့ရစဉ်။
ဆီးရီးယားသမ္မတ ဘရှားအလ်အာဆတ်ကို ဆန့်ကျင်နေတဲ့ အတိုက်အခံတွေ အနိုင်ရနိုင်တယ်လို့ ရုရှားနိုင်ငံရဲ့ အကြီးတန်းသံတမန်တဦးက ပြောလိုက်ပါတယ်။ ဆီးရီးယားအစိုးရဟာ ၂ နှစ်နီးပါးရှိလာပြီဖြစ်တဲ့ တော်လှန်ရေးကနေ ဖြစ်လာနေတဲ့ ပြည်တွင်း နဲ့ ပြည်ပဖိအားတွေကြောင့်၊ ဆီးရီးယားအစိုးရဟာ တဖြည်းဖြည်းနဲ့ ပြိုလဲလာနေတယ်ဆိုတာကို ဆီရီးယားရဲ့ အင်အာကြီးမဟာမိတ်နိုင်ငံတခုက အခုလို ပထမဆုံးအကြိမ် အသိအမှတ်ပြု ပြောဆိုလိုက်တာဖြစ်ပါတယ်။

နေတိုးအဖွဲ့ရဲ့ အကြီးအကဲ Anders Fogh Rasmussen ကလည်း မစ္စတာ အာဆတ်အနေနဲ့ အလားအလာမကောင်းဘူးလို့ ကြာသာပတေးနေ့က ခန့်မှန်းလိုက်ပါတယ်။ ဆီးရီးယားအစိုးရဟာ ပြုတ်ကျဖို့ နီးလာနေပြီး၊ ဆီးရီးယားအစိုးရပြုတ်ကျဖို့ဟာ အချိန်နဲ့ပဲ ဆိုင်တယ်လို့ ပြောလိုက်ပါတယ်။

ဒါ့အပြင် ရုရှား ဒု-နိုင်ငံခြားရေးဝန်ကြီး Michail Bogdanov ကလည်း မစ္စတာအာဆတ်ဟာ ဆီရီးယားနိုင်ငံတဝှမ်းမှာ နေရာတွေအတော်များများကို လက်လွတ် ဆုံးရှုံးလာနေရပြီး၊ အတိုက်အခံတွေရဲ့ အောင်မြင်မှုတွေကို ငြင်းပယ်လို့မရနိုင်ဘူးလို့ ပြောလိုက်ပါတယ်။

အနောက်နိုင်ငံတွေဟာ အရှေ့အလယ်ပိုင်းဒေသမှာ ရုရှားနိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုလျော့ကျလာအောင် လုပ်တဲ့အနေနဲ့ ဆီးရီးယားနိုင်ငံမှာရှီတဲ့ ရုရှားရဲ့ အနေအထားကိုလည်း အနှောက်အယှက်တွေလုပ်နေတယ်လို့ ပြောပါတယ်။
ဆီးရီးယားပြဿနာအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အရေးယူဖို့ကိစ္စကို ရုရှား နဲ့ တရုတ်အစိုးရတို့က ထပ်ခါတလဲလဲ ပိတ်ဆို့တားဆီးခဲ့ပါတယ်။
XS
SM
MD
LG