သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီယားထိပ်ဖူးတပ် ဒုံးကျည် ရုရှား အောင်မြင်စွာစမ်းသပ်


ရုရှားသမ္မတ Vladimir Putin
ရုရှားသမ္မတ Vladimir Putin

ကမ္ဘာ့တိုက်ကြီးတခုကနေ တခြားတခုကို လှမ်းပြီးပစ်ခတ်နိုင်တဲ့ ရေအောက်ကနေပစ်လွှတ်တဲ့ နျူကလီးယားထိပ်ဖူးတပ် မစ်ဇိုင်းဒုံးကျည် တခုကို ရုရှားနိုင်ငံက အောင်အောင်မြင်မြင် စမ်းသပ်နိုင်လိုက်ပါပြီ။

Bulava မစ်ဇိုင်းဒုံးကျည်ကို အာတစ်ဒေသ၊ Barents ပင်လယ်ရေအောက် ကြမ်းပြင်မှာရှိနေတဲ့ နျူကလီယား ရေငုပ်သင်္ဘောပေါ်ကနေ သောကြာနေ့မှာ ပစ်လွှတ်စမ်းသပ်ခဲ့တာလို့ မော်စကိုမှာရှိတဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားအရှေ့ဖျား Kamchatka ကျွန်းဆွယ်အထိ ရောက်အောင် ဒီမစ်ဇိုင်းက ပစ်ခတ်နိုင်ခဲ့တဲ့အကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။ Bulava ရော့ကတ်ဒုံးကျည်ဟာ မိုင်ပေါင်း ၄၉၇၀ ကျော်အထိ ပစ်ခတ်နိုင်ပြီး နျူကလီးယားထိပ်ဖူး ၁၀ ခုအထိ သယ်ဆောင် သွားနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒီဒုံးကျည်ကိုတော့ ၂၀၀၉ ခုနှစ်ကစပြီး စမ်းသပ် တီထွင်လာခဲ့တာပါ။ အစောပိုင်း စမ်းသပ်မှုတွေ မအောင်မမြင် ဖြစ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့လထဲမှာ ဒီ ဒုံးကျည်ကို စတင် စမ်းသပ် အသုံးပြုနိုင်ပြီဆိုပြီး ရုရှားက ကြေညာခဲ့ပါတယ်။ ဒါဟာ ရုရှားနိုင်ငံရဲ့ ကုန်ကြောင်း၊ ရေကြောင်း၊ လေကြောင်း သုံးနေရာစလုံးကနေ နျူကလီယားလက်နက် ပစ်လွှတ်စမ်းသပ်မှုတွေထဲမှာ အဓိက ကျတဲ့ အစိတ်အပိုင်းတခုအဖြစ် ယူဆထားတာပါ။

XS
SM
MD
LG