သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားဂျက်တိုက်လေယာဉ် ၆ စင်း မြန်မာကိုရောင်းမည်


ရုရှား Su-30 အမျိုးအစား ဂျက် တိုက်လေယာဉ်
ရုရှား Su-30 အမျိုးအစား ဂျက် တိုက်လေယာဉ်

ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံကို Su-30 အမျိုးအစား ဂျက်တိုက်လေယာဉ် ၆ စင်းရောင်းချဖို့ သဘောတူလိုက်ပါတယ်။ မြန်မာနိုင်ငံကို ရောက်နေတဲ့ ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoigu နဲ့ မြန်မာအစိုးရတို့အကြား ဒီအတွက် သဘောတူညီခဲ့တာဖြစ်တယ်လို့ ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး၊ ဒု-ဗိုလ်ချုပ်ကြီး Alexander Fomin ကို ကိုးကားပြီး ရုရှားနိုင်ငံ TASS သတင်းဌာနက ဖော်ပြပါတယ်။

ဒါဟာ မြန်မာနိုင်ငံလေတပ်အဖို့ နယ်မြေတည်တံ့ခိုင်မြဲရေးနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို တုံ့ပြန်ရာမှာ အဓိကကျတဲ့ တိုက်လေယာဉ်တွေ ဖြစ်ပါလိမ့်မယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာစစ်အရာရှိ ၆၀၀ ကျော်တို့ဟာ ရုရှားနိုင်ငံ အဆင့်မြင့် စစ်တက္ကသိုလ်တွေမှာ ပညာသင်ယူနေကြပြီး ဒါတွေအားလုံးဟာ အရှေ့တောင်အာရှနဲ့ ပစိတ်ဖိတ်ကမ်းခြေဒေသ လုံခြုံရေးတိုးမြှင့်ဖို့အတွက် အထောက်အကူဖြစ်စေမယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၂၀-၂၂ ရက် မြန်မာခရီးစဉ်အတွင်း ရုရှား ကာကွယ်ရေးဝန်ကြီး Shoigu ဟာ နှစ်နိုင်ငံ ဆိပ်ကမ်းတွေမှာ စစ်သင်္ဘောတွေ ဆိုက်ကပ်ရေးသဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုး ခဲ့ပြီး မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG