သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအားလံုး ႐ုရွားႏိုင္ငံသားေလွ်ာက္ထားႏိုင္ (သမၼတ Putin)


Ukraine Tensions

ယူကရိန္းႏုိင္ငံသားေတြအားလုံး ရုရွားႏုိင္ငံသားအျဖစ္ေလ်ာက္ထားႏုိင္တယ္လုိ႔အမိန္႔ တရပ္ကုိ ရုရွားသမတ ဗလာဒီမာပူတင္က လက္မွတ္ေရးထုိးၿပီး တနလၤာေန႔မွာထုတ္ ျပန္လုိက္ပါတယ္။ အခုလုိရုရွားႏုိင္ငံသားေလ်ာက္ထားႏုိင္တဲ့အစီအစဥ္ကုိအရင္ကရုရွားထိန္းခ်ဳပ္မႈရွိတဲ့ ေဒသေတြျဖစ္တဲ့ Donetsk ၊ Luhansk ၊ Zaporiahahia နဲ႔ Kherson ေဒသေတြအတြက္ဘဲလုပ္ခဲ့တာပါ။ အခုကယူကရိန္းႏုိင္ငံသား အားလုံးအတြက္ရည္ရြယ္ၿပီးလုပ္တာပါ။

ဘယ္ႏွစ္ေယာက္ေလ်ာက္ထားမယ္ဆုိတာကုိေတာ့မသိႏုိင္ေသးပါဘူး။ ၂၀၁၉ ခုႏွစ္က ဒုန္ညက္နဲ႔ လူဟန္႔စ္ေဒသေတြအတြက္စတင္လုပ္ေဆာင္ခဲ့ၿပီး ၂၀၂၂ ႏွစ္အေရာက္မွာ ခဲြထက္ေရးသူပုန္ေတြထိန္းခ်ဳပ္ရာေဒသေတြက လူဦးေရ ၁၈ ရာခုိင္ႏႈန္းဟာ ရုရွားႏုိင္ငံ ကူးလက္မွတ္ေတြရရွိခဲ့ပါတယ္။ ေမလထဲမွာေတာ့ Zaporizhzhia နဲ႔ Kherson ေဒသေတြကုိပါတုိးခ်ဲ႔ခဲ့တာျဖစ္ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ယူကရိန္းဘက္ေတာ့ မွတ္ခ်က္ျပဳေျပာဆုိတာမ်ိဳးမရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

Unicode

ယူကရိန်းနိုင်ငံသားတွေအားလုံး ရုရှားနိုင်ငံသားအဖြစ်လျောက်ထားနိုင်တယ်လို့အမိန့် တရပ်ကို ရုရှားသမတ ဗလာဒီမာပူတင်က လက်မှတ်ရေးထိုးပြီး တနင်္လာနေ့မှာထုတ် ပြန်လိုက်ပါတယ်။ အခုလိုရုရှားနိုင်ငံသားလျောက်ထားနိုင်တဲ့အစီအစဉ်ကိုအရင်ကရုရှားထိန်းချုပ်မှုရှိတဲ့ ဒေသတွေဖြစ်တဲ့ Donetsk ၊ Luhansk ၊ Zaporiahahia နဲ့ Kherson ဒေသတွေအတွက်ဘဲလုပ်ခဲ့တာပါ။ အခုကယူကရိန်းနိုင်ငံသား အားလုံးအတွက်ရည်ရွယ်ပြီးလုပ်တာပါ။

ဘယ်နှစ်ယောက်လျောက်ထားမယ်ဆိုတာကိုတော့မသိနိုင်သေးပါဘူး။ ၂၀၁၉ ခုနှစ်က ဒုန်ညက်နဲ့ လူဟန့်စ်ဒေသတွေအတွက်စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၂၂ နှစ်အရောက်မှာ ခွဲထက်ရေးသူပုန်တွေထိန်းချုပ်ရာဒေသတွေက လူဦးရေ ၁၈ ရာခိုင်နှုန်းဟာ ရုရှားနိုင်ငံ ကူးလက်မှတ် Passport တွေရရှိခဲ့ပါတယ်။ မေလထဲမှာတော့ Zaporizhzhia နဲ့ Kherson ဒေသတွေကိုပါတိုးချဲ့ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ယူကရိန်းဘက်တော့ မှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး။

XS
SM
MD
LG