သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားမစ္ဇိုင္းဒုံး ပိုလန္ႏိုင္ငံကို ထိမွန္ေၾကာင္း သတင္းထြက္


ပိုလန္ရြာအနီး ႐ုရွားဘက္ကျဖစ္ႏိုင္ေခ်ရွိတဲ့ ဒံုးက်ည္ထိမွန္ခဲ့တဲ့ေနရာ (ႏိုဝင္ဘာ ၁၅၊ ၂၀၂၂)

ယူကရိန္းႏိုင္ငံက စြမ္းအင္လုပ္ငန္းေတြကို ပစ္မွတ္ထားၿပီး ႐ုရွားက မစ္ဇိုင္းဒုံးေတြနဲ႔ အႀကီးအက်ယ္ တိုက္ခိုက္ခဲ့တဲ့ တခ်ိန္တည္းမွာပဲ၊ အိမ္နီးခ်င္း ပိုလန္ႏိုင္ငံကိုလည္း ထိမွန္ခဲ့တာေၾကာင့္ လူ ၂ ေယာက္ ေသဆုံးခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ အေမရိကန္ ပင္တဂြန္စစ္ဌာနခ်ဳပ္ကေတာ့ သတင္းနဲ႔ ပတ္သက္လို႔ စိစစ္ေနေၾကာင္း ေျပာဆိုခဲ့တာပါ။

“သတင္းေတြ ထြက္ေပၚေနတဲ့အေပၚ ေလ့လာဆန္းစစ္ေနၿပီး၊ ထပ္မံသိရွိရတာနဲ႔ အသိေပးသြားမွာ ျဖစ္ပါတယ္။” လို႔ အဂၤါေန႔ ပင္တဂြန္ စစ္ဌာနခ်ဳပ္ ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ Pat Ryder သတင္းေထာက္ေတြကို ေျပာခဲ့တာပါ။ အေမရိကန္ ဦးေဆာင္တဲ့ ေျမာက္အတၱလန္တိတ္ စာခ်ဳပ္အဖဲြ႕ (NATO) အဖဲြ႕၀င္ ပိုလန္ႏိုင္ငံကို ႐ုရွားမစ္ဇိုင္းဒုံးထိမွန္တဲ့သတင္းေၾကာင့္ ပိုလန္အစိုးရကလည္း အေရးေပၚ အစည္းအေ၀း ေခၚယူခဲ့ပါတယ္။

အဂၤါေန႔မွာပဲ ယူကရိန္းႏိုင္ငံ Kyiv ၿမိဳ႕ေတာ္ အပါအဝင္ ေဒသ ၁၀ ခုကို ပစ္မွတ္ထားၿပီး ႐ုရွားက ေလေၾကာင္းကေန တိုက္ခိုက္ခဲ့ပါတယ္။ ယူကရိန္းအေရွ႕ပိုင္းကေန အေနာက္ပိုင္း ေဒသတလႊားကို ေလေၾကာင္းကေန တိုက္ခိုက္ခဲ့တာျဖစ္ၿပီး ဓါတ္အားေပးစက္ရံုေတြနဲ႔ တျခား အေျခခံအေဆာက္အအံုေတြ အျပင္ Kyiv က လူေနအေဆာက္အဦးေတြကိုပါ ထိမွန္ခဲ့ၿပီး တဦးေသဆံုးခဲ့ရပါတယ္။

သမၼတရံုးက ထုတ္ျပန္တဲ့ ဗီဒီယိ္ုထဲမွာေတာ့ လူေနအေဆာက္ဦျဖစ္ပံုရတဲ့ ၅ ထပ္တိုက္တလံုး မီးေလာင္ကၽြမ္းေနတာေတြ႕ရပါတယ္။ ၿမိဳ႕ေတာ္ဝန္ Vitali Klitschko ကေတာ့ လူေနအေဆာက္ဦး ၃ လံုး ထိမွန္ခဲ့ေပမယ့္ တျခား မစ္ဇိုင္းဒံုးေတြြကိုေတာ့ ယူကရိန္းေလတပ္က ပစ္ခ်ႏိုင္ခဲ့တယ္လို႔ ေျပာပါတယ္။

ႏိုင္ငံတလႊား ေလေၾကာင္း အခ်က္ေပးသံေတြ ညံေနတာပါ။ Kherson ကေန ႐ုရွားတပ္ေတြ ျပန္ဆုတ္ခြါသြားခဲ့ၿပီး ရက္ပိုင္းအတြင္းမွာပဲ ႐ုရွားကမစ္ဇိုင္းဒံုးက်ည္ေတြ အပါအဝင္ အခ်က္ေပါင္း ၁၀၀ ေလာက္ ပစ္ခတ္ခဲ့တာျဖစ္ပါတယ္။ အင္ဒိုနီးရွားႏိုင္ငံ ဘာလီကၽြန္းမွာ G 20 စီးပြါးေရး အင္အားႀကီး ႏိုင္ငံ ၂၀ ကေခါင္းေဆာင္ေတြ အစည္းေဝးက်င္းပေနခ်ိန္မွာ အခုလို ယူကရိန္းမွာ ႐ုရွားရဲ႕ေလေၾကာင္းတိုက္ခိုက္မႈအတြက္ အေမရိကန္သမၼတအိမ္ျဖဴေတာ္ အမ်ိဳးသားလံုျခံဳေရး အၾကံေပး Jake Sullivan က ေၾကညာခ်က္ ထုတ္ျပန္ၿပီး ရႈတ္ခ်လိုက္သလို အေမရိကန္ကယူကရိန္းနဲ႔အတူ ရပ္တည္သြားမွာ ျဖစေၾကာင္းေျပာပါတယ္။

ယူကရိန္းသမၼတ Volodemyr Zelenskyy ကေတာ့ ဒီစစ္ပြဲ ရပ္စဲေအာင္မလုပ္ႏိုင္ပဲ အခ်ိန္ၾကာလာတာနဲ႔ အမွ် ယူကရိန္းႏိုင္ငံသား ေသဆံုးမႈပိုလာသလို ကမာၻႀကီးအတြက္လည္း ၿခိမ္းေျခာက္မႈ ပိုမ်ားလာမွာ ျဖစ္ေၾကာင္း G 20 ထိ္ပ္သီးညီလာခံမွာ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ယူကရိန်းနိုင်ငံက စွမ်းအင်လုပ်ငန်းတွေကို ပစ်မှတ်ထားပြီး ရုရှားက မစ်ဇိုင်းဒုံးတွေနဲ့ အကြီးအကျယ် တိုက်ခိုက်ခဲ့တဲ့ တချိန်တည်းမှာပဲ၊ အိမ်နီးချင်း ပိုလန်နိုင်ငံကိုလည်း ထိမှန်ခဲ့တာကြောင့် လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ကတော့ သတင်းနဲ့ ပတ်သက်လို့ စိစစ်နေကြောင်း ပြောဆိုခဲ့တာပါ။

“သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် လေ့လာဆန်းစစ်နေပြီး၊ ထပ်မံသိရှိရတာနဲ့ အသိပေးသွားမှာ ဖြစ်ပါတယ်။” လို့ အင်္ဂါနေ့ ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးချုပ် Pat Ryder သတင်းထောက်တွေကို ပြောခဲ့တာပါ။ အမေရိကန် ဦးဆောင်တဲ့ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) အဖွဲ့ဝင် ပိုလန်နိုင်ငံကို ရုရှားမစ်ဇိုင်းဒုံး ထိမှန်တဲ့ သတင်းကြောင့် ပိုလန်အစိုးရကလည်း အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

အင်္ဂါနေ့မှာပဲ ယူကရိန်းနိုင်ငံ Kyiv မြို့တော် အပါအဝင် ဒေသ ၁၀ ခုကို ပစ်မှတ်ထားပြီး ရုရှားက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းအရှေ့ပိုင်းကနေ အနောက်ပိုင်း ဒေသ တလွှားကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဓါတ်အားပေးစက်ရုံတွေနဲ့ တခြား အခြေခံအဆောက်အအုံတွေ အပြင် Kyiv က လူနေအဆောက်အဦးတွေကိုပါ ထိမှန်ခဲ့ပြီး တဦးသေဆုံးခဲ့ရပါတယ်။

သမ္မတရုံးက ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာတော့ လူနေအဆောက်ဦဖြစ်ပုံရတဲ့ ၅ ထပ်တိုက်တလုံး မီးလောင်ကျွမ်းနေတာတွေ့ရပါတယ်။ မြို့တော်ဝန် Vitali Klitschko ကတော့ လူနေအဆောက်ဦး ၃ လုံး ထိမှန်ခဲ့ပေမယ့် တခြား မစ်ဇိုင်းဒုံးတွေကိုတော့ ယူကရိန်းလေတပ်က ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။

နိုင်ငံတလွှား လေကြောင်း အချက်ပေးသံတွေ ညံနေတာပါ။ Kherson ကနေ ရုရှားတပ်တွေ ပြန်ဆုတ်ခွါသွားခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ရုရှားကမစ်ဇိုင်းဒုံးကျည်တွေ အပါအဝင် အချက်ပေါင်း ၁၀၀ လောက် ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ G 20 စီးပွါးရေး အင်အားကြီး နိုင်ငံ ၂၀ ကခေါင်းဆောင်တွေ အစည်းဝေးကျင်းပနေချိန်မှာ အခုလို ယူကရိန်းမှာ ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုအတွက် အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan က ကြေညာချက် ထုတ်ပြန်ပြီး ရှုတ်ချလိုက်သလို အမေရိကန်ကယူကရိန်းနဲ့အတူ ရပ်တည်သွားမှာ ဖြစကြောင်းပြောပါတယ်။

ရုရှားသမ္မတ Volodemyr Zelenskyy ကတော့ ဒီစစ်ပွဲ ရပ်စဲအောင်မလုပ်နိုင်ပဲ အချိန်ကြာလာတာနဲ့ အမျှ ယူကရိန်းနိုင်ငံသား သေဆုံးမှုပိုလာသလို ကမ္ဘာကြီးအတွက်လည်း ခြိမ်းခြောက်မှု ပိုများလာမှာ ဖြစ်ကြောင်း G 20 ထိပ်သီးညီလာခံမှာ ပြောပါတယ်။

XS
SM
MD
LG