သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားလိုလားသူ ယူကရိန်း စာနယ်ဇင်းသမား တဦး အသတ်ခံရ


ှပစ်သတ်ခံလိုက်ရတဲ့ Segodnya (Today) စာရဲ့အယ်ဒီတာချုပ် Oles Buzina။

ရုရှားကိုလိုလားတဲ့ သူ့ရဲ့အမြင်တွေကို ထုတ်ဖေါ်လေ့ရှိတဲ့ လူသိများထင်ရှားတဲ့ ယူကရိန်း သတင်းသမား တဦးဟာ သေနတ်နဲ့ ပစ်သတ်တာကိုခံလိုက်ရပါတယ်။
Segodnya (Today) သတင်းစာရဲ့အယ်ဒီတာချုပ် Oles Buzina ကို မျက်နှာဖုံးစွပ် သေနတ်သမား ၂ ဦးက သူ့ရဲ့အိမ်အနီးမှာ ပစ်သတ်သွားတဲ့ အကြောင်း ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနက Online ကနေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရေးသားဖေါ်ပြထားပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းကလည်း ရုရှားလိုလားသူ ပြုတ်ကျသွားတဲ့ သမ္မတ Viktor Yanukovich ကို သစ္စာခံတဲ့ လွှတ်တော်အမတ် Oleh Kalashnikov ဟာ သူနေထိုင်တဲ့ အပတ်မင့် အဆောက်အဦ အနီးမှာ အလားတူပုံသဏ္ဍန်မျိုးနဲ့ လုပ်ကြံခံခဲ့ရပါတယ်။

သူတို့ ၂ ယောက်စလုံးဟာ အနောက်နိုင်ငံတွေကိုလိုလားပြီး သမ္မတ ယူနိုကိုဗစ် ပြုတ်ကျရေးအတွက် ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို ဆန့်ကျင်ခဲ့ကြတဲ့ anti-maidan လှုတ်ရှားမှုမှာ ပါဝင်ခဲ့သူတွေဖြစ်တယ်လို့ လက်ရှိသမ္မတ Mr. Poroshenko ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အကြံပေးဖြစ်သူကပြောပါတယ်။

ရုရှားသမ္မတ Vladimir Putin ကတော့ Buzina သေဆုံးခဲ့ရမှုရဲ့နောက်ကွယ် မှာ နိုင်ငံရေးပယောဂတွေရှိနေတယ်လို့ ကြာသာပတေးနေ့က ရုရှားရုပ်သံဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အမေးအဖြေခန်းမှာ ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG