သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသံတမန် ၆၀ နိုင်ငံတွင်းက ထွက်ခွာပေးရန် အမေရိကန်အမိန့်ထုတ်


ထောက်လှမ်းရေးသမားတွေလို့ အမေရိကန်က ပြောဆိုထားတဲ့ ရုရှား သံတမန် ၆၀ တို့ သီတင်းတပတ် အတွင်း နိုင်ငံတွင်းကနေ ထွက်ခွာသွားဖို့ အမေရိကန်က ဒီကနေ့ တနလာၤနေ့မှာ အမိန့်ထုတ်လိုက်ပါတယ်။

ဗြိတိန်နိုင်ငံ Salisbury မြို့မှာ ရုရှား သူလျှိုဟောင်းနဲ့ သမီး ဖြစ်သူတို့ကို မတ်လ ၄ ရက်နေ့က ဓာတု အဆိပ်နဲ့ တိုက်ခိုက်ခံရမှု အပေါ် ပြင်သစ်၊ ဂျာမနီနဲ့ ပိုလန်နိုင်ငံတို့ အပါအဝင် မဟာမိတ် တဒါဇင်လောက်ကလည်း ခိုင်ခိုင်မာမာ တုံ့ပြန်ထားတာပါ။

ရုရှား အစိုးရရဲ့ လက်ခံနိုင်စရာ မရှိတဲ့ ဓာတုလက်နက်ဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်မှုနဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ခဲ့မှုကို တုံ့ပြန်တဲ့ အနေနဲ့ ရုရှား ကောင်စစ်ဝန်ရုံး တခုကို ပိတ်ပစ်တာ အပါအဝင် အမေရိကန်က အရေးယူ ဆောင်ရွက်တာလို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုကို ရုရှားအစိုးရက လုပ်ခဲ့တာလို့ ဗြိတိန်၊ NATO အဖွဲ့ကြီးနဲ့ တခြား နိုင်ငံ အတော်များများက ပြစ်တင်ပြောဆိုထားတာပါ။ ရုရှားတို့ဟာ တည်ငြိမ်မှု ပျက်ပြားရေးနဲ့ ရန်လိုတဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တယ်လို့ အမေရိကန် အကြီးတန်း အရာရှိ တဦးကလည်း အိမ်ဖြူတော်ရဲ့ အရေးယူမှုနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ပြည်နယ်က ဆိပ်ကမ်းမြို့ Seattle က ရုရှား ကောင်စစ်ဝန်ရုံးကို ဧပြီလ ၂ ရက်နေ့မှာ ပိတ်ပစ်ဖို့ အမေရိကန် အစိုးရက ညွှန်ကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG