သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားစစ်ပွဲအဆုံးသတ်ရေး ကန်နဲ့ ရုရှားသဘောတူ


Russia Putin
Russia Putin

ဆီးရီးယားနိုင်ငံမှာ ၅ နှစ်ကြာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကိုရပ်တန့်ပြီး၊ နိုင်ငံတွင်းက အကြမ်းဖက်အဖွဲ့တွေကို တိုက်နေတာမှာ ၂ နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေလုပ်သွားဖို့အတွက် ရှုပ်ထွေးပြီး ရည်မှန်းချက်ကြီးမားလှတဲ့ အစီအစဉ်တရပ်ကို အမေရိကန် နဲ့ ရုရှား ၂ နိုင်ငံက စနေနေ့မနက်က ဂျနီဗာမြို့မှာ ကြေငြာလိုက်ပါတယ်။

အဲဒီသဘောတူညီချက်က တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ရပ်ထားတာကို အဖွဲ့အားလုံးအနေနဲ့ ပြန်လည် လုပ်ဆောင်ကြဖို့ တောင်းဆိုထားပါတယ်။ မွတ်စလင်တွေရဲ့ အစ်ပွဲတော်စတင်တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ ညနေနေဝင်ချိန်ကစတင်ပြီး၊ ပစ်ခတ်တိုက်ခိုက်မှုတွေကို အဆုံးသတ်ရမှာဖြစ်ပါတယ်။

ဆီးရီးယား နဲ့ ဒေသတွင်းမှာရှိတဲ့ ပြည်သူတွေအတွက် ပိုပြီးတော့ အဓိပ္ပါယ်ပြည့်ဝတဲ့အစ်ပွဲတော်ဖြစ်အောင်လုပ်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့တွေ အားလုံးပေါင်းပြီးလုပ်တာသင့်မယ်လို့ ထင်ပါတယ်ဆိုပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်နဲ့အတူပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားသွားခဲ့ပါတယ်။

အတိုက်အခံတွေရှိတဲ့နေရာတွေနဲ့ တခြားသဘောတူထားတဲ့နေရာတွေမှာ ဆီးရီးယားအစိုးရတပ်တွေအနေနဲ့ လေကြောင်ကနေ ပျံသန်းပြီး ထိုးစစ်ဆင်တာတွေမလုပ်ဖို့ တားမြစ်ထားတဲ့ အချက်တွေကိုအမေရိကန် နဲ့ရုရှား ၂ နိုင်ငံက သဘောတူခဲ့တာဖြစ်ပါတယ်။

အစိုးရတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက အရပ်သားသေဆုံးမှု၊ ရွှေ့ပြောင်းအခြေချနေထိုင်မှု နဲ့ တိုက်ခိုက်မှုတွေမှာ အများဆုံးမကြာခဏဖြစ်တဲ့ ချိုးဖောက်မှုတွေရဲ့ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ဝန်ကြီးကယ်ရီက ပြောပါတယ်။

please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG