သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Vodka အရက် များများသောက် အသက်မြန်မြန်ပျောက်


ရုရှနိုင်ငံတွင်းက အရက်ဆိုင်မြင်ကွင်း။
ရုရှနိုင်ငံတွင်းက အရက်ဆိုင်မြင်ကွင်း။
Vodka အရက်ကို အလွန်အကျွံသောက်တဲ့ ရုရှား နိုင်ငံသားတွေဟာ အသက်အရွယ် ငယ်စဉ်မှာ သေဆုံးနိုင်တဲ့ အန္တရာယ်ကို အကြီးအကျယ် ရင်ဆိုင်နေရတဲ့ အကြောင်း သုတေသန ပညာရှင်တွေက ပြောပါတယ်။ ၁၉၉၉ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်အတွင်း၊ Vodka အရက် သောက်သုံးသူ တသိန်းခွဲ ကျော်ကို သုတေသနလုပ် စစ်ဆေး တွေ့ရှိထားတာတွေကို Lancet ဆေးပညာ ဂျာနယ်မှာ ကြာသာပတေးနေ့က ဖေါ်ပြထားပါတယ်။

အဲဒီ့အထဲက အရက် အလွန်အကျွံသောက်တဲ့ လူ ရှစ်ထောင်လောက်ဟာ စစ်ဆေးနေတဲ့ အချိန် အတိုင်းအတာအတွင်းမှာ သေဆုံးသွားခဲ့တယ်လို့ စစ်တမ်းက ဆိုပါတယ်။ အရက်ကြောင့်၊ မတော်တဆ ထိခိုက်မှုတွေ၊ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ကျုးလွန်တာတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။

ရုရှားနိုင်ငံသား အမျိုးသားတွေရဲ့ ပျမ်းမျှ သက်တမ်းဟာ ၆၄ နှစ်ရှိပါတယ်။ အဲဒီအထဲမှာ တပတ်ကို လီတာဝက်ကျော် Vodka အရက် သောက်တဲ့သူဟာ ၅၅ နှစ် မတိုင်ခင် သေဆုံးနိုင်တဲ့ အန္တရယ် ၃၅ ရာခိုင်နှုံး ရင်ဆိုင်ခဲ့ရတဲ့ အကြောင်း စစ်တမ်းက ဖေါ်ပြထားပါတယ်။
XS
SM
MD
LG