သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရုရွ ေရြးေကာက္ပြဲ အာဏာရပါတီ လႊမ္းမိုးအႏိုင္ရဖို႔မ်ား 


ေရြးေကာက္ပြဲေလ့လာသူေတြက မဲ႐ံုေတြက တိုက္႐ုိက္ထုတ္လႊင့္မႈကို ေစာင့္ၾကည့္ေနစဥ္။ (စက္တင္ဘာ ၁၈၊၂၀၂၁)

Zawgyi/Unicode

မဲမသမာမႈနဲ႔ မူမမွန္တဲ့ စြပ္စြဲခ်က္ေတြရွိတဲ့ သုံးရက္ၾကာ ႐ုရွေ႐ြးေကာက္ပြဲျပဳလုပ္ၿပီးတဲ့ေနာက္ လက္ရွိအာဏာရ ႐ုရွညီၫြတ္ေရးပါတီဟာ အလြယ္တကူပဲ ေအာက္လႊတ္ေတာ္မွာ အႏိုင္ရမယ့္အေျခအေနရွိေနပါတယ္။

ဗဟိုေ႐ြးေကာက္ပြဲေကာ္မရွင္က စက္တင္ဘာ ၂၀ ရက္ေန႔မွာ ေျပာတာကေတာ့ မဲ ၄၀ % နီးပါးကို ေရတြက္ၿပီးခ်ိန္မွာ သမၼတပူတင္ ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ႐ုရွညီၫြတ္ေရးပါတီက လႊတ္ေတာ္သစ္ရဲ႕ ၄၅ % ကို အနိင္ရရွိထားတယ္လို႔ဆိုပါတယ္။

ကြန္ျမဴနစ္ပါတီက ၂၂% ၊ Liberal Democratic ပါတီက ၈.၅ % ဝန္းက်င္ရရွိထားၿပီး ပါတီသစ္ေတြျဖစ္တဲ့ လက္ေတြ႔ ႐ုရွပါတီနဲ႔ လူထုသစ္ပါတီေတြကေတာ့ ၇.၅ % နဲ႔ ၆ % အသီးသီး မဲရရွိခဲ့ၾကပါတယ္။

အမ်ားစုအႏိုင္ရထားတဲ့ ႐ုရွညီၫြတ္ေရးပါတီရဲ႕ အေထြေထြအတြင္းေရးမႉး Andrey Turchak က ပါတီေထာက္ခံသူေတြကိုေျပာတာကေတာ့ သူတို႔ရဲ႕ ေအာင္ျမင္မႈဟာ ႐ိုးသားသန္႔ရွင္းတယ္လို႔ဆိုပါတယ္။

ေ႐ြးေကာက္ပြဲမွာ အဓိကအတိုက္အခံေတြ မပါဝင္ႏိုင္ခဲ့ပါဘူး။ အာဏာပိုင္ေတြဟာ အတိုက္အခံေခါင္းေဆာင္ Aleksei Navalny ကို ေထာင္ခ်ထားၿပီး သူနဲ႔ဆက္စပ္ တဲ့ အဖြဲ႔အစည္းေတြကိုလည္း အစြန္းေရာက္ေတြအျဖစ္ေၾကညာထားပါတယ္။ ဒါ့အျပင္ ႏိုင္ငံေရးလုပ္ပိုင္ခြင့္ေတြကိုလည္း ထိထိေရာက္ေရာက္ကန႔္သတ္ထားတာပါ။

ေမာ္စကိုၿမိဳ႕အပါအဝင္ နယ္ေျမ ၇ ခုမွာ ခြင့္ျပဳထားတဲ့ အင္တာနက္ကတဆင့္ အြန္လိုင္းမဲေပးျခင္းကိုေတာ့မဲမေရတြက္ရေသးပါဘူး။

ေမာ္စကိုနဲ႔ စိန႔္ပီတာစဘတ္အပါအဝင္ အထူးသျဖင့္လစ္ဘရယ္အယူအဆ တိမ္းတဲ့ ေဒသေတြမွာရွိတဲ့ အာဏာရကိုယ္စားလွယ္ေတြအႏိုင္ရေစဖို႔အတြက္ အာဏာပိုင္ေတြဖက္က အြန္လိုင္းမဲေတြကို ျခယ္လွယ္ဖို႔ႀကိဳးပမ္းေနတယ္လို႔ Navalny ရဲ႕ ထိပ္တန္းလက္ေထာက္တဦးျဖစ္တဲ့ Leonid Volkov ကေျပာပါတယ္။

Nalvalny အား ေထာင္ဒဏ္ ၂ ႏွစ္ခြဲ ခ်မွတ္ထားၿပီး သူ႔ရဲ႕ Website ေပါင္း ၅၀ နီးပါးကိုလည္း ပိတ္ပင္ခံထားရပါတယ္။

---------

တိုက္႐ိုက္ လင့္ခ္


Unicode

မဲမသမာမှုနဲ့ မူမမှန်တဲ့ စွပ်စွဲချက်တွေရှိတဲ့ သုံးရက်ကြာ ရုရှရွေးကောက်ပွဲပြုလုပ်ပြီးတဲ့နောက် လက်ရှိအာဏာရ ရုရှညီညွတ်ရေးပါတီဟာ အလွယ်တကူပဲ အောက်လွှတ်တော်မှာ အနိုင်ရမယ့်အခြေအနေရှိနေပါတယ်။

ဗဟိုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၂၀ ရက်နေ့မှာ ပြောတာကတော့ မဲ ၄၀ % နီးပါးကို ရေတွက်ပြီးချိန်မှာ သမ္မတပူတင် ကျောထောက်နောက်ခံပေးထားတဲ့ ရုရှညီညွတ်ရေးပါတီက လွှတ်တော်သစ်ရဲ့ ၄၅ % ကို အနိင်ရရှိထားတယ်လို့ဆိုပါတယ်။

ကွန်မြူနစ်ပါတီက ၂၂% ၊ Liberal Democratic ပါတီက ၈.၅ % ဝန်းကျင်ရရှိထားပြီး ပါတီသစ်တွေဖြစ်တဲ့ လက်တွေ့ ရုရှပါတီနဲ့ လူထုသစ်ပါတီတွေကတော့ ၇.၅ % နဲ့ ၆ % အသီးသီး မဲရရှိခဲ့ကြပါတယ်။

အများစုအနိုင်ရထားတဲ့ ရုရှညီညွတ်ရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး Andrey Turchak က ပါတီထောက်ခံသူတွေကိုပြောတာကတော့ သူတို့ရဲ့ အောင်မြင်မှုဟာ ရိုးသားသန့်ရှင်းတယ်လို့ဆိုပါတယ်။

ရွေးကောက်ပွဲမှာ အဓိကအတိုက်အခံတွေ မပါဝင်နိုင်ခဲ့ပါဘူး။ အာဏာပိုင်တွေဟာ အတိုက်အခံခေါင်းဆောင် Aleksei Navalny ကို ထောင်ချထားပြီး သူနဲ့ဆက်စပ် တဲ့ အဖွဲ့အစည်းတွေကိုလည်း အစွန်းရောက်တွေအဖြစ်ကြေညာထားပါတယ်။ ဒါ့အပြင် နိုင်ငံရေးလုပ်ပိုင်ခွင့်တွေကိုလည်း ထိထိရောက်ရောက်ကန့်သတ်ထားတာပါ။

မော်စကိုမြို့အပါအဝင် နယ်မြေ ၇ ခုမှာ ခွင့်ပြုထားတဲ့ အင်တာနက်ကတဆင့် အွန်လိုင်းမဲပေးခြင်းကိုတော့မဲမရေတွက်ရသေးပါဘူး။

မော်စကိုနဲ့ စိန့်ပီတာစဘတ်အပါအဝင် အထူးသဖြင့်လစ်ဘရယ်အယူအဆ တိမ်းတဲ့ ဒေသတွေမှာရှိတဲ့ အာဏာရကိုယ်စားလှယ်တွေအနိုင်ရစေဖို့အတွက် အာဏာပိုင်တွေဖက်က အွန်လိုင်းမဲတွေကို ခြယ်လှယ်ဖို့ကြိုးပမ်းနေတယ်လို့ Navalny ရဲ့ ထိပ်တန်းလက်ထောက်တဦးဖြစ်တဲ့ Leonid Volkov ကပြောပါတယ်။

Nalvalny အား ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ထားပြီး သူ့ရဲ့ Website ပေါင်း ၅၀ နီးပါးကိုလည်း ပိတ်ပင်ခံထားရပါတယ်။

#RussiaElection #RussiaPolitics #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG