သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားလက္နက္ ဝယ္ယူမႈ သတိထားဖို႔ အေရွ႕တာင္အာရွႏိုင္ငံေတြကို ယူကရိန္းတိုက္တြန္း


ပ်က္စီးေနတဲ့ ရုရွားလုပ္တင့္ကားေတြ ယူကရိန္းႏုိင္ငံထဲမွာေတြ႔ရစဥ္၊ ေမ ၂၃၊ ၂၀၂၂

ျမန္မာႏိုင္ငံအပါအ၀င္ ႐ုရွားထံက လက္နက္ေတြ ၀ယ္ယူေနတဲ့ အေရွ႕ေတာင္အာရွ ႏိုင္ငံေတြ အေနနဲ႔ ႐ုရွားထုတ္လက္နက္ေတြရဲ႕ အရည္အေသြးကို သတိထား စဥ္းစားခ်င့္ခ်ိန္ၾကဖို႔ ယူကရိန္းက တိုက္တြန္းလိုက္ပါတယ္။ ႐ုရွားလက္နက္ေတြကို ၀ယ္မယ့္သူေတြ အေနနဲ႔ ယူကရိန္းစစ္ပဲြမွာ ႐ုရွားလက္နက္ေတြ ဖ်က္ဆီးခံေနရတဲ့ အေတြ႕အၾကံဳကေန သင္ခန္းစာ ယူသင့္တယ္လို႔ ယူကရိန္း ႏိုင္ငံျခားေရး ၀န္ႀကီး Dmytro Kuleba က South China Morning Post သတင္းစာကို ေျပာလိုက္တာပါ။
ကမာၻမွာ လက္နက္တင္ပို႔ေရာင္းခ်မႈ အေမရိကန္ၿပီးရင္ ဒုတိယေနရာမွာ ရွိေနတဲ့ ႐ုရွားဟာ၊ အေရွ႕ေတာင္အာရွေဒသမွာေတာ့ ထိပ္ဆုံးမွာ ရွိေနၿပီး၊ ျမန္မာ၊ ဗီယက္နမ္၊ မေလးရွားနဲ႔ အင္ဒိုနီးရွား ႏိုင္ငံေတြက အဓိက ၀ယ္ယူေနတာ ျဖစ္ပါတယ္။ ျမန္မာစစ္ေကာင္စီက ႐ုရွားနဲ႔ အဆက္အဆံေတြ တိုးျမႇင့္ဖို႔ ျပင္ဆင္ေနခ်ိန္မွာပဲ ႐ုရွားထုတ္ လက္နက္ေတြရဲ႕ အရည္အေသြးနဲ႔ ပတ္သက္လို႔ ယူကရိန္းရဲ႕ တိ္ုက္တြန္းခ်က္ ထြက္ေပၚလာတာပါ။
စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ရဲ႕ ၿပီးခဲ့တဲ့လ ႐ုရွားခရီးစဥ္အတြင္း စစ္ဖက္ဆိုင္ရာနဲ႔ ႏ်ဴကလီးယားစြမ္းအင္လုပ္ငန္းေတြ တိုးျမႇင့္ဆက္ဆံဖို႔ ကတိျပဳထားၾကပါတယ္။ ဒီလဆန္းပိုင္း ႐ုရွားႏိုင္ငံျခားေရး၀န္ႀကီးရဲ႕ ျမန္မာႏိုင္ငံ ခရီးစဥ္ ေနာက္ပိုင္းမွာလည္း သံတမန္ အဆက္အဆံေတြ တိုးခ်ဲ႕ဖို႔၊ ႐ုရွားထံက ေလာင္စာဆီ၀ယ္ယူဖို႔ အပါအ၀င္ ဆက္ဆံေရးေတြ တိုးျမႇင့္မယ့္ အစီအစဥ္ေတြကို စစ္ေကာင္စီက ေၾကညာခဲ့တာပါ။
ယူကရိန္း ႏိုင္ငံျခားေရး၀န္ႀကီးကေတာ့ ႐ုရွားဟာ ျမန္မာႏိုင္ငံနဲ႔ ဆက္ဆံေရး တိုးျမႇင့္ၿပီး ေဒသတြင္းမွာ ေျခကုတ္ရဖို႔ ႀကိဳးစားလာေနတာေၾကာင့္ လုံျခံဳေရးအတြက္ အႏၲရာယ္ ရွိတယ္လို႔ သတိေပးထားပါတယ္။ အေရွ႕ေတာင္အာရွ ေဒသကို ႐ုရွားက လက္နက္တင္ပို႔တဲ့ ပမာဏဟာ ၂၀၀၀ ျပည့္ႏွစ္ကေန ၂၀၂၁ ခုႏွစ္အတြင္း အေမရိကန္ေဒၚလာ ၁၀.၈၇ ဘီလီယံ ရွိခဲ့ၿပီး၊ အေမရိကန္က ၈.၄ ဘီလီယံ၊ တ႐ုတ္ကေတာ့ ၂.၉ ဘီလီယံ ရွိခဲ့ေၾကာင္းလည္း South China Morning Post သတင္းက ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

မြန်မာနိုင်ငံအပါအဝင် ရုရှားထံက လက်နက်တွေ ဝယ်ယူနေတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေ အနေနဲ့ ရုရှားထုတ်လက်နက်တွေရဲ့ အရည်အသွေးကို သတိထား စဉ်းစားချင့်ချိန်ကြဖို့ ယူကရိန်းက တိုက်တွန်းလိုက်ပါတယ်။ ရုရှားလက်နက်တွေကို ဝယ်မယ့်သူတွေ အနေနဲ့ ယူကရိန်းစစ်ပွဲမှာ ရုရှားလက်နက်တွေ ဖျက်ဆီးခံနေရတဲ့ အတွေ့အကြုံကနေ သင်ခန်းစာ ယူသင့်တယ်လို့ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး Dmytro Kuleba က South China Morning Post သတင်းစာကို ပြောလိုက်တာပါ။
ကမ္ဘာမှာ လက်နက်တင်ပို့ရောင်းချမှု အမေရိကန်ပြီးရင် ဒုတိယနေရာမှာ ရှိနေတဲ့ ရုရှားဟာ၊ အရှေ့တောင်အာရှဒေသမှာတော့ ထိပ်ဆုံးမှာ ရှိနေပြီး၊ မြန်မာ၊ ဗီယက်နမ်၊ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေက အဓိက ဝယ်ယူနေတာ ဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီက ရုရှားနဲ့ အဆက်အဆံတွေ တိုးမြှင့်ဖို့ ပြင်ဆင်နေချိန်မှာပဲ ရုရှားထုတ် လက်နက်တွေရဲ့ အရည်အသွေးနဲ့ ပတ်သက်လို့ ယူကရိန်းရဲ့ တိုက်တွန်းချက် ထွက်ပေါ်လာတာပါ။
စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြီးခဲ့တဲ့လ ရုရှားခရီးစဉ်အတွင်း စစ်ဖက်ဆိုင်ရာနဲ့ နျူကလီးယားစွမ်းအင်လုပ်ငန်းတွေ တိုးမြှင့်ဆက်ဆံဖို့ ကတိပြုထားကြပါတယ်။ ဒီလဆန်းပိုင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ် နောက်ပိုင်းမှာလည်း သံတမန် အဆက်အဆံတွေ တိုးချဲ့ဖို့၊ ရုရှားထံက လောင်စာဆီဝယ်ယူဖို့ အပါအဝင် ဆက်ဆံရေးတွေ တိုးမြှင့်မယ့် အစီအစဉ်တွေကို စစ်ကောင်စီက ကြေညာခဲ့တာပါ။
ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးကတော့ ရုရှားဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး တိုးမြှင့်ပြီး ဒေသတွင်းမှာ ခြေကုတ်ရဖို့ ကြိုးစားလာနေတာကြောင့် လုံခြုံရေးအတွက် အန္တရာယ် ရှိတယ်လို့ သတိပေးထားပါတယ်။ အရှေ့တောင်အာရှ ဒေသကို ရုရှားက လက်နက်တင်ပို့တဲ့ ပမာဏဟာ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၀.၈၇ ဘီလီယံ ရှိခဲ့ပြီး၊ အမေရိကန်က ၈.၄ ဘီလီယံ၊ တရုတ်ကတော့ ၂.၉ ဘီလီယံ ရှိခဲ့ကြောင်းလည်း South China Morning Post သတင်းက ဖော်ပြထားပါတယ်။

XS
SM
MD
LG