သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရေကြီးမှု ၇၀ ကျော် သေဆုံး


ရုရှားနိုင်ငံတောင်ပိုင်းမှာ မိုးသည်း ရေကြီးမှုတွေဖြစ်နေတာကြောင့် အနည်းဆုံး လူ ၇၈ ဦး သေဆုံးပြီး ထောင်ပေါင်းများစွာလည်း ဘေးဒုက္ခရောက်နေကြတယ်လို့ ရုရှား အရာရှိတွေက ပြောပါတယ်။

တိုင်းပြည်တောင်ပိုင်း Krasnodarsky Krai ဒေသမှာ မုန်တိုင်းကျ၊ ရေကြီးပြီး မြေပြိုမှုတွေ ဖြစ်နေတယ်လို့ အာဏာပိုင်တွေက ဒီကနေ့ ပြောပါတယ်။ အဲဒီ ဒေသမှာ မိုး ၂ ရက်ဆက်တိုက် ရွာခဲ့တာကြောင့် လမ်းတွေ ရေလွှမ်းမိုးပြီး တချို့ကားတွေ ရေနောက် ပါသွားသလို တချို့လည်း မှောက်ကုန်တယ်လို့ ဆိုပါတယ်။

ရာသီဥတု ဆိုးရွားတဲ့ဒဏ်ကြောင့် အများပြည်သူသုံး ခရီးသွားယာဉ်တွေလည်း ရပ်တန့်ထားရပါတယ်။

မုန်တိုင်းကျနေတဲ့အတွက် Novorossiisk ဒေသမှာရှိတဲ့ ပင်လယ်နက် ဆိပ်ကမ်းက ရေနံစိမ်း တင်ပို့မှုလုပ်ငန်းတွေလည်း ရပ်တန့်ထားရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

လုယက် ခိုးယူမှုတွေ ဖြစ်ပေါ်မှာစိုးရိမ်တဲ့အတွက် အဲဒီဒေသမှာ ရဲအစောင့်တွေလည်း တိုးချထားတယ်လို့ အစိုးရပြောခွင့်ရက ပြောပါတယ်။

XS
SM
MD
LG