သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားက စစ်ရေး အကူအညီတောင်းရင် ရုရှား စဉ်းစားမည်


ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov။
ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov။

ဆီးရီးယားအစိုးရကသာ အကူအညီတောင်းခံလာခဲ့မယ်ဆိုရင်၊ ရုရှားအနေနဲ့ သူ့ရဲ့တပ်တွေကို တိုက်ခိုက်ရေးအတွက် စေလွှတ်ဖို့စဉ်းစားလာနိုင်တယ်လို့ ရုရှားနိုင်ငံက ပြောလိုက်ပါတယ်။ ဘယ်လိုအကူအညီမျိုးကိုမဆို ကူညီပေး ဖို့ တောင်းခံ လာခဲ့မယ် ဆိုရင်၊ ဆွေးနွေး တိုင်ပင်ပြီး၊ ချင့်ချိန်ဆုံးဖြတ် သွားမှာဖြစ် တယ်လို့ ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ဒီကနေ့ သောကြာနေ့ မှာ ပြောလိုက်ပါတယ်။

ဆီးရီးယားနိုင်ငံမှာ ရုရှားစစ်တပ်တွေ တည်ရှိမှု နဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က စိုးရိမ်မှုတွေ ဆက်ဖြစ်နေတဲ့အချိန်မှာပဲ အခုလို ရုရှားဘက်က ပြောလိုက် တာဖြစ်ပါတယ်။ ရုရှားက ဆီးရီးယားနိုင်ငံကို တင့်ကားတွေ၊ စစ်ရေးအကြံပေးတွေ၊ နည်းပညာ ကျွမ်းကျင်သူတွေ နဲ့ လုံခြုံရေးတပ်ဖွဲ့တွေ စေလွှတ်ခဲ့ပြီး၊ ဆီးရီးယားသမ္မတ ဘရှားအလ်အာဆတ်ရဲ့ အမာခံနယ်မြေဖြစ်တဲ့ Latakia မြို့နားမှာ လေတပ်အခြေစိုက်စခန်း တည်ဆောက်သွားမယ့် ပုံတွေ့ရပါတယ်။

ဆီးရီးယားနိုင်ငံထဲမှာ ရုရှားရဲ့ ပါဝင်ပတ်သက်မှုတွေ တိုးလာနေတာနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကို အခုသီတင်းပတ်အစောပိုင်းက သတိပေးခဲ့ပါတယ်။

ရုရှားနိုင်ငံက အာဆတ်အစိုးရကို ဆက်လက်ပံပိုးပေးနေတဲ့အတွက် ပဋိပက္ခတွေဟာ ဆက်လက်တိုးမြင့်လာနေပြီး၊ အစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့အတွက် အမေရိကန် နဲ့ ရုရှားတို့ကြား ဘုံရည်မှန်းချက်ကို ထိခိုက်စေတယ်လို့ ဝန်ကြီးကယ်ရီက ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗရော့ဗ်ကို ပြောခဲ့ကြောင်းပြောပါတယ်။

XS
SM
MD
LG