သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကို ရုရှား ဒုံးကျည်ကာကွယ်ရေးစနစ် ကူမည်


ရုရှားလုပ် အဆင့်မြင့် S-300 လေယာဉ်ပစ် ဒုံးကျည်
ရုရှားလုပ် အဆင့်မြင့် S-300 လေယာဉ်ပစ် ဒုံးကျည်
နိုင်ငံရပ်ခြားက ဆီးရီးယားအပေါ် စစ်ရေးအရ ကျူးကျော်ဝင်ရောက်လာလျှင် တုံ့ပြန်ကာကွယ်ဖို့ အဆင့်မြင့် ဝေဟင်ပစ် မစ်ဇိုင်းဒုံးကျည်တွေ ဆီးရီးယားနိုင်ငံကို ပေးအပ်မှာဖြစ်ကြောင်း ထိပ်တန်း ရုရှားသံတမန်တစ်ဦးက ပြောကြားခဲ့ပါတယ်။

ရုရှား လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဆာဂေ လဗ်ရော့ဗ် (Sergei Ryabkov) က အဆင့်မြင့် S-300 လေယာဉ်ပစ် ဒုံးကျည်တွေကို ပေးပို့သွားမယ့်အကြောင်း အင်္ဂါနေ့က ပြောဆိုခဲ့ပြီး ဒါဟာ ဆီးရီးယားနိုင်ငံ တည်ငြိမ်မှုအတွက် ဖြစ်လိမ့်မယ်ဆိုပြီး ပြောပါတယ်။

မော်စကိုအနေနဲ့ ဒီလို လုပ်တာဟာ ဆီးရီးယားနိုင်ငံက ပဋိပက္ခတွေ ရပ်တန့်အောင် နိုင်ငံတကာက စစ်ရေးအရ ဝင်ရောက် စွက်ဖက်လာမှာကို တားဆီးနိုင်လိမ့်မယ်ဆိုပြီး ယုံကြည်တဲ့အကြောင်း သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောခဲ့တာပါ။ ဒါပေမဲ့ ဒီလေကြောင်း ကာကွယ်ရေး လက်နက်တွေကို ဘယ်ချိန်မှာ ပေးပို့မလဲ ဆိုတာကိုတော့ ရည်ညွှန်းပြောဆိုတာမျိုး မရှိပါဘူး။

ဒမတ်စကတ်က ဒီလက်နက်တွေ ရုရှားနိုင်ငံဆီက ဝယ်ယူဖို့ လွန်ခဲ့တဲ့ နှစ် အတော်ကြာကတည်းက စာချုပ် ချုပ်ထားခဲ့တာပါ။

ဆီးရီးယားနိုင်ငံရဲ့ ဒီလေကြောင်း ကာကွယ်ရေးစနစ်ဟာ အစ္စရေးလ်နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နိုင်သလို ဆီးရီးယားနိုင်ငံတွင်း စစ်ရေးအရ ဝင်ရောက်ဖို့ လိုအပ်တဲ့အချိန်မှာ ရှုတ်ထွေးမှုတွေ ဖြစ်နိုင်တဲ့အတွက် အစ္စရေးလ်နဲ့ အမေရိကန်ဘက်က ရုရှားအနေနဲ့ ဒီလိုလက်နက်ရောင်းဝယ်ဖို့ ကိစ္စကို ဆက်ပြီး မလုပ်ဖို့ တိုက်တွန်းထားတာပါ။

အစ္စရေးလ် ကာကွယ်ရေးဝန်ကြီး မိုရှေ ယလွန်း (Moshe Yaalon) က တကယ်လို့ ဒီလေကြောင်း ကာကွယ်ရေး လက်နက်တွေကို တင်ပို့မယ်ဆိုရင် အစ္စရေးလ်အနေနဲ့ ဘယ်လို တုံ့ပြန်ရမယ်ဆိုတာ သိတဲ့အကြောင်း အင်္ဂါနေ့က ပြောပါတယ်။

ခုချိန်ထိတော့ ဒီလက်နက်တွေ တင်ပို့တာ မရှိသေးဘူးလို့လည်း သူက ပြောပါတယ်။
XS
SM
MD
LG