သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားကို လူ႔အခြင့္အေရးေကာင္စီကေန ထုတ္ပစ္ဖို႔ စက္မႈထိပ္သီး ၇ ႏုိင္ငံေတာင္းဆို 


ေနတိုး ႏိုင္ငံျခားေရးဝန္ႀကီးေတြ ဘယ္လ္ဂ်ီယံႏုိင္ငံ၊ ဘရပ္ဆဲလ္ၿမိဳ႕မွာေတြ႔ဆံုၿပီး ယူကရိန္းအေပၚ ႐ုရွားရဲ႕ က်ဴးေက်ာ္တုိက္ခုိက္မႈေတြနဲ႔ပတ္သက္လို႔ ဒုတိယအႀကိမ္ ေတြ႔ဆံုေဆြးေႏြးစဥ္။ (ဧၿပီ ၀၇၊ ၂၀၂၂)


[[Zawgyi/Unicode]]

ယူကရိန္းႏိုင္ငံအတြင္း ႐ုရွားစစ္တပ္ရဲ႕ယုတ္မာရက္စက္တဲ့ လုပ္ရပ္ေတြေၾကာင့္ ႐ုရွားႏိုင္ငံကို ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီကေန ထုတ္ပယ္ပစ္ဖို႔ G-7 စက္မႈထိပ္သီး ၇ ႏိုင္ငံက ဒီကေန႔ ေတာင္းဆိုလိုက္ပါတယ္။

“အခုခ်ိန္ဟာ ႐ုရွားႏိုင္ငံကို လူ႔အခြင့္အေရးေကာင္စီအဖြဲ႔ဝင္အျဖစ္ကေန ရပ္ဆိုင္းပစ္ဖို႔ အခ်ိန္တန္ၿပီ” လို႔ G-7 အဖြဲ႔ဝင္ႏိုင္ငံေတြ ျဖစ္ၾကတဲ့ ကေနဒါ၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ ဂ်ပန္၊ ၿဗိတိန္နဲ႔ အေမရိကန္ျပည္ေထာင္စုတို႔က ေၾကညာခ်က္ထုတ္ျပန္လိုက္တာပါ။

ယူကရိန္းႏိုင္ငံ၊ Bucha ၿမိဳ႕မွာ ႐ုရွားတပ္ဖြဲ႔ေတြက အရပ္သားေတြကို စနစ္တက် ႀကိဳတင္စီစဥ္ၿပီး သတ္ျဖတ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲ ေျပာဆိုမႈေတြ ထြက္ေပၚလာၿပီးတဲ့ေနာက္ ႐ုရွားကို လူ႔အခြင့္အေရးေကာင္စီက ထုတ္ပစ္ဖို႔ ေတာင္းဆိုမႈေတြ ထြက္ေပၚလာေနတာမွာ ႐ုရွားကို ထုတ္ေရးမထုတ္ေရး ကုလသမဂၢ အေထြေထြညီလာခံက ဒီကေန႔ ဧၿပီလ ၇ ရက္ေန႔ေႏွာင္းပိုင္းမွာ မဲခြဲဆုံးျဖတ္ဖို႔ ရွိေနပါတယ္။

႐ုရွားကိုယ္တိုင္ကက်ဴးလြန္ေနတဲ့အခြင့္အေရးခ်ိဳးေဖာက္မႈေတြနဲ႔ ယူကရိန္းကို ဝင္ေရာက္တိုက္ခိုက္တဲ့ထိုးစစ္အတြက္ အေရးယူေရးဆိုင္ရာဆုံးျဖတ္ခ်က္ေတြကို ႐ုရွားက ဗီတိုအာဏာသုံးပယ္ခ်လို႔မရေအာင္ ႐ုရွားကို လုံျခံဳေရးေကာင္စီ အဖြဲ႔ဝင္အျဖစ္က ထုတ္ပယ္ပစ္ဖို႔ ယူကရိန္းသမၼတ Volodymyr Zelenskyy ကလည္း အေစာပိုင္းက ေတာင္းဆိုထားၿပီး ျဖစ္ပါတယ္။

Brussels ၿမိဳ႕မွာ က်င္းပေနတဲ့ ေနတိုးအဖြဲ႔ဝင္ ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ စည္းေဝးပြဲျပင္ပမွာ သီးျခား ေတြ႔ဆုံ ေဆြးေႏြးေနၾကတဲ့ G-7 ႏိုင္ငံျခားေရးဝန္ႀကီးေတြကေတာ့ ယူကရိန္းႏိုင္ငံအတြင္း က်ဴးလြန္ခဲ့တဲ့ ယုတ္မာရက္စက္မႈေတြ၊ အရပ္သားေတြကို ပစ္မွတ္ထား တိုက္ခိုက္တာေတြနဲ႔ အရပ္သားအေဆာက္အဦးေတြကို ဖ်က္ဆီးခဲ့သူေတြအေနနဲ႔ ထိုက္တန္တဲ့ျပစ္ဒဏ္ကို ခံၾကရမယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ စစ္ရာဇဝတ္မႈနဲ႔ လူသားမ်ဳိးႏြယ္အေပၚ ဆန္႔က်င္တဲ့ ရာဇဝတ္မႈေတြ က်ဴးလြန္ခဲ့ျခင္းရွိမရွိ စုံစမ္း စစ္ေဆးေနတဲ့ကိစၥကိုလည္း ႀကိဳဆိုေထာက္ခံေၾကာင္း G-7 ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============
[[Unicode]]

ရုရှားကို လူ့အခွင့်အရေးကောင်စီကနေ ထုတ်ပစ်ဖို့ စက်မှုထိပ်သီး ၇ နိုင်ငံတောင်းဆို

ယူကရိန်းနိုင်ငံအတွင်း ရုရှားစစ်တပ်ရဲ့ယုတ်မာရက်စက်တဲ့ လုပ်ရပ်တွေကြောင့် ရုရှားနိုင်ငံကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ ထုတ်ပယ်ပစ်ဖို့ G-7 စက်မှုထိပ်သီး ၇ နိုင်ငံက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

“အခုချိန်ဟာ ရုရှားနိုင်ငံကို လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းပစ်ဖို့ အချိန်တန်ပြီ” လို့ G-7 အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြတဲ့ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့က ကြေညာချက်ထုတ်ပြန်လိုက်တာပါ။

ယူကရိန်းနိုင်ငံ၊ Bucha မြို့မှာ ရုရှားတပ်ဖွဲ့တွေက အရပ်သားတွေကို စနစ်တကျ ကြိုတင်စီစဉ်ပြီး သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေ ထွက်ပေါ်လာပြီးတဲ့နောက် ရုရှားကို လူ့အခွင့်အရေးကောင်စီက ထုတ်ပစ်ဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်လာနေတာမှာ ရုရှားကို ထုတ်ရေးမထုတ်ရေး ကုလသမဂ္ဂ အထွေထွေညီလာခံက ဒီကနေ့ ဧပြီလ ၇ ရက်နေ့နှောင်းပိုင်းမှာ မဲခွဲဆုံးဖြတ်ဖို့ ရှိနေပါတယ်။

ရုရှားကိုယ်တိုင်ကကျူးလွန်နေတဲ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်တဲ့ထိုးစစ်အတွက် အရေးယူရေးဆိုင်ရာဆုံးဖြတ်ချက်တွေကို ရုရှားက ဗီတိုအာဏာသုံးပယ်ချလို့မရအောင် ရုရှားကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်အဖြစ်က ထုတ်ပယ်ပစ်ဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကလည်း အစောပိုင်းက တောင်းဆိုထားပြီး ဖြစ်ပါတယ်။

Brussels မြို့မှာ ကျင်းပနေတဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲပြင်ပမှာ သီးခြား တွေ့ဆုံ ဆွေးနွေးနေကြတဲ့ G-7 နိုင်ငံခြားရေးဝန်ကြီးတွေကတော့ ယူကရိန်းနိုင်ငံအတွင်း ကျူးလွန်ခဲ့တဲ့ ယုတ်မာရက်စက်မှုတွေ၊ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေနဲ့ အရပ်သားအဆောက်အဦးတွေကို ဖျက်ဆီးခဲ့သူတွေအနေနဲ့ ထိုက်တန်တဲ့ပြစ်ဒဏ်ကို ခံကြရမယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ခြင်းရှိမရှိ စုံစမ်း စစ်ဆေးနေတဲ့ကိစ္စကိုလည်း ကြိုဆိုထောက်ခံကြောင်း G-7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

===============

XS
SM
MD
LG