သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတ Joe Biden ပိုလန္ႏုိင္ငံ ခရီးဆက္ 


U.S. President Joe Biden travels to Poland


[[Zawgyi/Unicode]]

အေမရိကန္သမၼတ Joe Biden ဟာ ဥေရာပေကာ္မရွင္ဥကၠ႒ Ursula von der Leyen နဲ႔ ဘယ္လ္ဂ်ီယမ္ႏုိ္င္ငံ၊ ဘရပ္ဆဲလ္စ္ ၿမိဳ႕ေတာ္မွာ ေတြ႔ဆံုေဆြးေႏြးၿပီးတဲေနာက္ ဒီကေန႔ ပိုလန္ႏုိင္ငံကို ခရီးဆက္သြားပါၿပီ။

႐ုရွားထုတ္ ဇီဝ႐ုပ္ႂကြင္းေလာင္စာေတြအေပၚ မွီခိုေနရတာ ေလွ်ာ့ခ်ေရး ပူးတြဲအလုပ္အဖြဲ႔တခု ဖြဲ႔စည္းမယ္လုိ႔ သမၼတဘိုင္ဒန္နဲ႔ ဥေရာပေကာ္မရွင္ဥကၠ႒ von der Leyen တို႔က ေၾကညာခဲ့ပါတယ္။

႐ုရွားသမၼတ ဗလာဒီမီယာ ပူတင္ဟာ ယူကရိန္းမွာ သူ႔ရဲ႕စစ္ယႏၲရားကို ေမာင္းႏွင္ဖို႔အတြက္ စြမ္းအင္ေရာင္းတာကေနရတဲ့ အက်ဳိးအျမတ္ေတြကို သံုးခဲ့တယ္လို႔ သမၼတဘိုင္ဒန္က ေျပာပါတယ္။ ယူကရိန္းလူထုအေပၚ သမၼတပူတင္ရဲ႕ ဆိုးရြားရက္စက္တဲ့၊ တရားမွ်တမႈမရွိတဲ့စစ္ပြဲကို အေထာက္အကူျပဳတာမွာ အေမရိကန္လူထု ပါဝင္ပတ္သက္မႈမရွိေစေရး ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ လုပ္ခ်င္တယ္လုိ႔လည္း သမၼတဘိုင္ဒန္က ဆိုပါတယ္။

ဥေရာပေကာ္မရွင္ဥကၠ႒ von der Leyen ကလည္း “႐ုရွားရဲ႕ ဆိုးရြားရက္စက္တဲ့ စစ္ပြဲကို ရင္ဆို္င္ဆန္႔က်င္သြားဖို႔ က်မတို႔ ပိုင္းျဖတ္ထားပါတယ္” လို႔ ေျပာပါတယ္။ ဒီစစ္ပြဲဟာ ပူတင္ရဲ႕ မဟာဗ်ဴဟာက်ဆံုးမႈ ျဖစ္ေစရမယ္လုိ႔လည္း ဆိုပါတယ္။

အေမရိကန္ျပည္ေထာင္စုဟာ ဥေရာပအတြက္ သဘာဝဓာတ္ေငြ႔ရည္ ကုဗမီတာေပါင္း ၁၅ ဘီလီယံကို ဒီႏွစ္အတြင္း ေပးပို႔ခဲ့ပါ တယ္။

ပိုလန္ခရီးစဥ္အတြင္း သမၼတဘိုိင္ဒန္ဟာ ပိုလန္အေရွ႕ပိုင္း ယူကရိန္းနယ္စပ္က Rzeszów ၿမိဳ႕ကို သြားေရာက္ဖို႔ စီစဥ္ထားပါ တယ္။ ေျမာက္အတၱလန္တိတ္စာခ်ဳပ္ NATO မဟာမိတ္အဖြဲ႔ဝင္ျဖစ္တဲ့ ပိုလန္ႏုိင္ငံဟာ ယူကရိန္းဒုကၡသည္ သန္းနဲ႔ခ်ီၿပီး လက္ခံ ထားပါတယ္။

သမၼတ Joe Biden ပိုလန္ႏိုင္ငံ ခရီးဆက္
please wait

No media source currently available

0:00 0:01:21 0:00
တိုက္႐ိုက္ လင့္ခ္

===============
[[Unicode]]

သမ္မတ Joe Biden ပိုလန်နိုင်ငံ ခရီးဆက်

အမေရိကန်သမ္မတ Joe Biden ဟာ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen နဲ့ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်စ် မြို့တော်မှာ တွေ့ဆုံဆွေးနွေးပြီးတဲနောက် ဒီကနေ့ ပိုလန်နိုင်ငံကို ခရီးဆက်သွားပါပြီ။

ရုရှားထုတ် ဇီဝရုပ်ကြွင်းလောင်စာတွေအပေါ် မှီခိုနေရတာ လျှော့ချရေး ပူးတွဲအလုပ်အဖွဲ့တခု ဖွဲ့စည်းမယ်လို့ သမ္မတဘိုင်ဒန်နဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌ von der Leyen တို့က ကြေညာခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ ယူကရိန်းမှာ သူ့ရဲ့စစ်ယန္တရားကို မောင်းနှင်ဖို့အတွက် စွမ်းအင်ရောင်းတာကနေရတဲ့ အကျိုးအမြတ်တွေကို သုံးခဲ့တယ်လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။ ယူကရိန်းလူထုအပေါ် သမ္မတပူတင်ရဲ့ ဆိုးရွားရက်စက်တဲ့၊ တရားမျှတမှုမရှိတဲ့စစ်ပွဲကို အထောက်အကူပြုတာမှာ အမေရိကန်လူထု ပါဝင်ပတ်သက်မှုမရှိစေရေး ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ချင်တယ်လို့လည်း သမ္မတဘိုင်ဒန်က ဆိုပါတယ်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ von der Leyen ကလည်း “ရုရှားရဲ့ ဆိုးရွားရက်စက်တဲ့ စစ်ပွဲကို ရင်ဆိုင်ဆန့်ကျင်သွားဖို့ ကျမတို့ ပိုင်းဖြတ်ထားပါတယ်” လို့ ပြောပါတယ်။ ဒီစစ်ပွဲဟာ ပူတင်ရဲ့ မဟာဗျူဟာကျဆုံးမှု ဖြစ်စေရမယ်လို့လည်း ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ဥရောပအတွက် သဘာဝဓာတ်ငွေ့ရည် ကုဗမီတာပေါင်း ၁၅ ဘီလီယံကို ဒီနှစ်အတွင်း ပေးပို့ခဲ့ပါ တယ်။

ပိုလန်ခရီးစဉ်အတွင်း သမ္မတဘိုင်ဒန်ဟာ ပိုလန်အရှေ့ပိုင်း ယူကရိန်းနယ်စပ်က Rzeszów မြို့ကို သွားရောက်ဖို့ စီစဉ်ထားပါ တယ်။ မြောက်အတ္တလန်တိတ်စာချုပ် NATO မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ ပိုလန်နိုင်ငံဟာ ယူကရိန်းဒုက္ခသည် သန်းနဲ့ချီပြီး လက်ခံ ထားပါတယ်။

===============

XS
SM
MD
LG