သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား အတိုက်အခံခေါင်းဆောင် လုပ်ကြံမှု လူနှစ်ဦးကို ဖမ်းဆီး

လုပ်ကြံခံခဲ့ရသူ ရုရှား အတိုက်အခံခေါင်းဆောင် Boris Namtsov
လုပ်ကြံခံခဲ့ရသူ ရုရှား အတိုက်အခံခေါင်းဆောင် Boris Namtsov

ရုရှားအတိုက်အခံခေါင်းဆောင် Boris Nemtsov အသတ်ခံရမှုနဲ့ ပတ်သတ်ပြီး သံသယရှိသူ ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ရုရှားဖက်ဒရယ် လုံခြုံရေးဌာန အကြီးအကဲ Alexander Bornikov (အလက်ဇန်ဒါး ဘော်နီကော့ဗ်) က နိုင်ငံပိုင်သတင်းဌာနကို ပြောကြားလိုက်ပါတယ်။

မြောက်ဘက် Caucasus ဒေသက Anzor Bubashev (အန်ဇော ဘူဘာရှက်ဗ်) နဲ့ Zaur Dadayev (ဇအား ဒါဒယက်ဗ်) တို့ နှစ်ဦးကို ဖမ်းဆီးလိုက်တာဖြစ်ကြောင်း Bortnikov က ပြောပေမယ့် တခြားအသေးစိတ်ကိုတော့ ပြောမသွားပါဘူး။ လွန်ခဲ့တဲ့ တပတ်ကျော်က Nemtsov ကို သေနတ်နဲ့ပစ်ခဲ့သူဟာဒီနှစ်ဦးထဲက ဘယ်သူဖြစ်တယ်ဆိုတာတော့ သေချာမသိရသေးပါဘူး။ အခုလိုထိန်းသိမ်းမှုနဲ့ ပတ်သတ်ပြီး သမ္မတ Vladimir Putin ကို တင်ပြထားပြီးပြီလို့လည်း Bortnikov က ပြောပါတယ်။

လွန်ခဲ့တဲ့ဖေဖော်ဝါရီ ၂၇ ရက်နေ့ သောကြာနေ့နှောင်းပိုင်းက ကရင်မလင်နန်းတော်အနီး မော်စကိုမြစ်ကို ဖြတ်ဆောက်ထားတဲ့ တံတားပေါ်မှာ နမ်ဆော့ဗ်ဟာ အမျိုးသမီးတဦးနဲ့အတူ လမ်းလျှောက်နေတုန်း သေနတ်သမား အနည်းဆုံးတဦးက နမ်ဆော့ကို ၄ ကြိမ်ပစ်ခဲ့ပြီး ဒီဒါဏ်ရာကြောင့် နမ်ဆော့ကွယ်လွန်ခဲ့ပါတယ်။

Nemtsov ဟာ စစ်ဆန့်ကျင်ရေးနဲ့ ပူတင်ဆန့်ကျင်ရေး စုဝေးပွဲတခုကို မော်စကိုမြို့တော်မှာ ဦးဆောင်လုပ်ဖို့အဲဒီသီတင်းပတ်အကုန်မှာ စီစဉ်ထားတာပါ။ ဒါပေမယ့် သူအသတ်ခံခဲ့ရတဲ့အတွက် အမှတ်တရ ဂုဏ်ပြုအထိမ်းအမှတ်အနေနဲ့ လူတွေ ထောင်သောင်းချီပြီး မော်စကိုမှာ စုဝေးခဲ့ပါတယ်။ Nemtsov ဟာ ရုရှားလူထုရဲ့ အခွင့်အရေးအတွက် မနားမနေ လှုံ့ဆော်စည်းရုံးခဲ့သူဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက ပြောပါတယ်ခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG