သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ရေနံမှောင်ခိုမှု တူရကီ မျက်ကွယ်ပြု


တူရကီနိုင်ငံတွင်းက ဆီသိုလှောင်ရုံများ။
တူရကီနိုင်ငံတွင်းက ဆီသိုလှောင်ရုံများ။

တူရကီနိုင်ငံထဲကို ဆီးရီးယားက အကြမ်းဖက်သမားတွေ ရေနံမှောင်ခို တင်သွင်းနေတာကို တူရကီက လျစ်လျူရှုထားတယ်လို့ ပြင်သစ်သမ္မတ Francois Hollande နဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ရုရှားသမ္မတ Vladimir Putin က စွပ်စွဲလိုက်တာကို ရုရှားအစိုးရပိုင် Rossiya24 ရုပ်မြင်သံကြားက ကြာသပတေးနေ့မှာ ထုတ်လွှင့်ပြသလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တူရကီနိုင်ငံ Antalya မြို့က စက်မှုထွန်းကားတဲ့ နိုင်ငံ ၂၀ G-20 အစည်းအဝေးမှာလည်း ရုရှားပိုင်းလော့တွေ ကောင်းကင်အမြင့်ကနေ ရိုက်ကူးထားတဲ့ မှတ်တမ်းဓာတ်ပုံတွေကို ပြသခဲ့သလို လူသိရှင်ကြား လည်း ပြောဆိုခဲ့တယ်လို့ ရုရှားသမ္မတက ပြောဆိုခဲ့တာပါ။

ရေနံပိုက်လိုင်းကြီးတခုလို ဆီတင်ကားတွေ တသီတတန်းကြီး သွားလာနေတာ ကို တွေ့နိုင်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ အကြမ်းဖက်သမားတွေ သိမ်းပိုက်ထားတဲ့ ဆီးရီးယားပိုင် နယ်မြေကနေ စက်မှုလုပ်ငန်းတွေမှာ သုံးနိုင်တဲ့ အဆင့်အထိ ရေနံတွေ တင်ပို့နေတဲ့ ကိစ္စအတွက် ပြောဆိုနေရတာ လို့လည်း ပြောပါတယ်။ နေ့ရော၊ ညပါ ဆီတင်ကားတွေ တူရကီနိုင်ငံထဲ ဝင်ရောက်နေတာကို လေကြောင်းကနေ တွေ့မြင်ရတယ်လို့လည်း ပြောပါတယ်။

ဒီကိစ္စကို တူရကီအစိုးရ ထိပ်ပိုင်းကလူတွေ သိချင်မှသိလိမ့်မယ် ဆိုတာဟာ ယုံကြည်ဖို့ ခက်ပေမဲ့လည်း ဖြစ်တော့ဖြစ်နိုင်ပါတယ်လို့လည်း ရုရှားသမ္မတက ပြောပါတယ်။

အကြမ်းဖက်သမားတွေဆီက ရေနံတွေ မဝယ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကလည်း ဆုံးဖြတ်ချက် ချမှတ်ထားသလို၊ ဒါဟာလည်း ရေနံတွေရောင်းလို့ရတဲ့ ငွေတွေနဲ့ လက်နက်တွေ ဝယ်ယူပြီး ဆိုင်းနိုင်းကျွန်းဆွယ်မှာ ရုရှားလေယာဉ်ကို ဖောက်ခွဲခဲ့တာလို၊ ပဲရစ်မြို့နဲ့ ကမ္ဘာပေါ်က တခြားမြို့ကြီးတွေမှာ သွေးထွက်သံယို လုပ်ရပ်တွေကို ကျုးလွန်နေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG