ယူကရိန္းႏိုင္ငံအေ႐ွ႕ပိုင္းက Bakhmut ၿမိဳ႕ကို သိမ္းယူႏိုင္ဖို႔အတြက္ ႐ု႐ွားေတြဘက္က တိုက္ခိုက္ေနတာမွာ ႐ု႐ွားတပ္ေတြဟာ ေ႐ွ႕ကိုဆက္မတက္ႏိုင္ဘဲ ရပ္တန္႔ေနပုံရတယ္လို႔ ဝါ႐ွင္တန္ဒီစီအေျခစိုက္ စစ္ပြဲေလ့လာေရးဌာန (ISW) က ထုတ္ျပန္လိုက္တဲ့ စစ္ေရးအကဲျဖတ္အစီရင္ခံစာမွာ ေဖာ္ျပလိုက္ပါတယ္။
Bakhmut ၿမိဳ႕မွာ ႐ု႐ွားေတြဘက္က ေ႐ွ႕ကိုဆက္ၿပီးေတာ့ တိုးလာႏိုင္တာမ႐ွိဘူးလို႔ ISW က ေျပာပါတယ္။ Wagner ႐ု႐ွားေၾကးစား တပ္ဖြဲ႔ေတြဟာ Bakhmut ၿမိဳ႕ကို ေျမျပင္ကေန ဆက္ၿပီးေတာ့ တိုက္ခိုက္ေနေပမယ့္၊ ေ႐ွ႕ကိုတက္လာႏိုင္တဲ့ အေထာက္အထားေတာ့ မေတြ႔ရဘူးလို႔ ISW အဖြဲ႔က စေနေန႔ေႏွာင္းပိုင္းမွာ ေျပာပါတယ္။ Bakhmut ၿမိဳ႕က တိုက္ပြဲေတြဟာ အရင္သီတင္းပတ္ေတြထက္ အခုတပတ္မွာ ပိုျပင္းထန္လာေနတယ္လို႔ ယူကရိန္း အေ႐ွ႕ပိုင္းတပ္ဖြဲ႔မ်ားရဲ႕ ေျပာခြင့္ရ Serhii Cherevaty က ေျပာပါတယ္။ ၿပီးခဲ့တဲ့တရက္အတြင္းမွာပဲ Bakhmut ၿမိဳ႕မွာ တိုက္ပြဲ ၂၃ ႀကိမ္ ျဖစ္ပြားခဲ့တယ္လို႔ ေျပာပါတယ္။
အခုသီတင္းပတ္အေစာပိုင္းတုန္းကေတာ့ Wagner ေၾကးစားတပ္ဖြဲ႔ေတြဟာ Bakhmut ၿမိဳ႕ အေ႐ွ႕ပိုင္းေနရာ အေတာ္မ်ားမ်ားကို သိမ္းယူႏိုင္ခဲ့တယ္လို႔ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက စေနေန႔ကက ေျပာပါတယ္။ ဒါ့အျပင္ ISW ရဲ႕ ဒီစစ္ပြဲအကဲျဖတ္ခ်က္ အစီရင္ခံစာထဲမွာေတာ့ ႐ု႐ွားရဲ႕ ထိုးစစ္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ေနာက္ထပ္ေသဆုံးမႈေတြ အမ်ားႀကီးၾကဳံရႏိုင္တယ္လို႔ ေျပာထားပါတယ္။ ၿပီးခဲ့တဲ့ ၾသဂုတ္လကစၿပီး ႐ု႐ွားဘက္က Bakhmut ၿမိဳ႕ကို သိမ္းယူႏိုင္ဖို႔အတြက္ ႀကိဳပမ္းခဲ့ၿပီး ၊ အဲဒီတိုက္ပြဲအတြင္း ႏွစ္ဘက္ ထိခိုက္ေသဆုံးမႈေတြ အေတာ္မ်ားမ်ား ႐ွိခဲ့ပါတယ္။ ယူကရိန္းသမၼတ ဇလင္စကီးကေတာ့ Bakhmut ၿမိဳ႕ကေန ဆုတ္ခြာမွာ မဟုတ္ဘဲ၊ ဆက္ၿပီး ခုခံသြားမယ္လို႔ ေျပာထားပါတယ္။
===== Unicode =====
ယူကရိန်းနိုင်ငံအရှေ့ပိုင်းက Bakhmut မြို့ကို သိမ်းယူနိုင်ဖို့အတွက် ရုရှားတွေဘက်က တိုက်ခိုက်နေတာမှာ ရုရှားတပ်တွေဟာ ရှေ့ကိုဆက်မတက်နိုင်ဘဲ ရပ်တန့်နေပုံရတယ်လို့ ဝါရှင်တန်ဒီစီအခြေစိုက် စစ်ပွဲလေ့လာရေးဌာန (ISW) က ထုတ်ပြန်လိုက်တဲ့ စစ်ရေးအကဲဖြတ်အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
Bakhmut မြို့မှာ ရုရှားတွေဘက်က ရှေ့ကိုဆက်ပြီးတော့ တိုးလာနိုင်တာမရှိဘူးလို့ ISW က ပြောပါတယ်။ Wagner ရုရှားကြေးစား တပ်ဖွဲ့တွေဟာ Bakhmut မြို့ကို မြေပြင်ကနေ ဆက်ပြီးတော့ တိုက်ခိုက်နေပေမယ့်၊ ရှေ့ကိုတက်လာနိုင်တဲ့ အထောက်အထားတော့ မတွေ့ရဘူးလို့ ISW အဖွဲ့က စနေနေ့နှောင်းပိုင်းမှာ ပြောပါတယ်။ Bakhmut မြို့က တိုက်ပွဲတွေဟာ အရင်သီတင်းပတ်တွေထက် အခုတပတ်မှာ ပိုပြင်းထန်လာနေတယ်လို့ ယူကရိန်း အရှေ့ပိုင်းတပ်ဖွဲ့များရဲ့ ပြောခွင့်ရ Serhii Cherevaty က ပြောပါတယ်။ ပြီးခဲ့တဲ့တရက်အတွင်းမှာပဲ Bakhmut မြို့မှာ တိုက်ပွဲ ၂၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။
အခုသီတင်းပတ်အစောပိုင်းတုန်းကတော့ Wagner ကြေးစားတပ်ဖွဲ့တွေဟာ Bakhmut မြို့ အရှေ့ပိုင်းနေရာ အတော်များများကို သိမ်းယူနိုင်ခဲ့တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့ကက ပြောပါတယ်။ ဒါ့အပြင် ISW ရဲ့ ဒီစစ်ပွဲအကဲဖြတ်ချက် အစီရင်ခံစာထဲမှာတော့ ရုရှားရဲ့ ထိုးစစ်ကို ထိန်းချုပ်နိုင်ဖို့အတွက် နောက်ထပ်သေဆုံးမှုတွေ အများကြီးကြုံရနိုင်တယ်လို့ ပြောထားပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လကစပြီး ရုရှားဘက်က Bakhmut မြို့ကို သိမ်းယူနိုင်ဖို့အတွက် ကြိုပမ်းခဲ့ပြီး ၊ အဲဒီတိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်သေဆုံးမှုတွေ အတော်များများ ရှိခဲ့ပါတယ်။ ယူကရိန်းသမ္မတ ဇလင်စကီးကတော့ Bakhmut မြို့ကနေ ဆုတ်ခွာမှာ မဟုတ်ဘဲ၊ ဆက်ပြီး ခုခံသွားမယ်လို့ ပြောထားပါတယ်။