သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားပျက်ကျလေယာဉ် ခရီးစဉ်အသံဖမ်းစက်တွေ စတင်စစ်ဆေး


ပျက်ကျသွားတဲ့ ရုရှားခရီးသည်တင်လေယာဉ်ပေါ် ပါသွားသူတွေအတွက် လွမ်းသူ့ပန်းစည်းများကို တွေ့ရစဉ်။ (နိုဝင်ဘာ ၁၊ ၂၀၁၅)
ပျက်ကျသွားတဲ့ ရုရှားခရီးသည်တင်လေယာဉ်ပေါ် ပါသွားသူတွေအတွက် လွမ်းသူ့ပန်းစည်းများကို တွေ့ရစဉ်။ (နိုဝင်ဘာ ၁၊ ၂၀၁၅)

အီဂျစ်နိုင်ငံမှာ စနေနေ့က ပျက်ကျသွားခဲ့တဲ့ ရုရှားခရီးသည်တင် ဂျက်လေယာဉ်က မှတ်တမ်းစက်ကို ပြန်လည်တွေ့ရှိခဲ့ပြီး အဲဒီစက်ဟာ အနည်းငယ်သာ ချို့ယွင်းမှုရှိပြီး ကနဦး စစ်ဆေးမှုတွေကို စတင် လုပ်ဆောင်နေပြီလို့ ရုရှားပို့ဆောင်ရေးအရာရှိတွေက ပြောပါတယ်။ လေယာဉ်ပေါ်ပါသွားသူ ၂၂၄ ဦးစလုံး သေဆုံးခဲ့ပါတယ်။

မှတ်တမ်းစက်ထဲမှာရှိနေတဲ့ အချက်အလက်တွေကို ထုတ်ယူစစ်ဆေးပြီးတာနဲ့ မကြာခင်မှာ အဖြေထွက်လာမယ်လို့ ရုရှား ပို့ဆောင်ရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အီဂျစ်နိုင်ငံမှာပျက်ကျခဲ့တဲ့ Airbur ခရီးသည်တင် အငှားလောယာဉ်ဖြစ်တဲ့ Metrojet ရဲ့ ထိပ်တန်းအရာရှိတွေက လေကြောင်းအနေနဲ့ စက်ချို့ယွင်းမှု၊ ဒါမှမဟုတ် လူတွေရဲ့အမှားကြောင့် အခုလို လေယာဉ်ပျက်ကျရခြင်း မဟုတ်ကြောင်း ငြင်းဆိုလိုက်ပြီး မကြာခင်မှာပဲ ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။

သူတို့အနေနဲ့ အဲဒီလို ဘာကြောင့်ပြောတယ်ဆိုတဲ့အပေါ် သက်သေအထောက်အထားတော့ Metrojet လေကြောင်းလိုင်းက ထုတ်ဖော် ပြသခဲ့ခြင်း မရှိပါဘူး။ Metrojet ရဲ့ အဲဒီလို ပြောဆိုမှုဟာ စောလွန်းနေပြီး တကယ့် အချက်အလက်တွေအပေါ် အခြေခံထားခြင်းမဟုတ်ဘူးလို့ ရုရှား လေကြောင်းဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားသမ္မတ Vladimir Putin ကလည်း လေယာဉ်ပျက်ကျမှုကို အသေးစိတ် စုံစမ်းဖို့ တောင်းဆိုထားပါတယ်။

XS
SM
MD
LG