သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအတိုက်အခံ လုပ်ကြံမှု သံသယရှိသူတွေ ရုံးထုတ်စစ်ဆေး


ရုရှားအတိုက်အခံခေါင်းဆောင် နမ်ဆော့ဗ်ကို လုပ်ကြံမှုနဲ့ ဖမ်းဆီးထားတဲ့ သံသယရှိသူ Tamerlan Eskerkhanov ၊ Shagid Gubashev နဲ့ Ramzan Bakhayev (ဝဲမှယာသို့)
ရုရှားအတိုက်အခံခေါင်းဆောင် နမ်ဆော့ဗ်ကို လုပ်ကြံမှုနဲ့ ဖမ်းဆီးထားတဲ့ သံသယရှိသူ Tamerlan Eskerkhanov ၊ Shagid Gubashev နဲ့ Ramzan Bakhayev (ဝဲမှယာသို့)

ရုရှား အတိုက်အခံခေါင်းဆောင် Boris Nemtsov ကို သတ်သူတွေလို့ သံသယရှိသူ (၄) ဦးကို အာဏာပိုင်တွေက စစ်ဆေးနေတုန်းမှာပဲ Chechen ရဲမှူးဟောင်းတဦးက Boris Nemtsov ကို လုပ်ကြံရာမှာ သူပါဝင်ခဲ့ကြောင်း ဝန်ခံလိုက်တယ်လို့ ရုရှားတရားသူကြီးတဦးက တနင်္ဂနွေ မနေ့တုန်းက ပြောပါတယ်။

ဖေဖေါ်ဝါရီ ၂၇ ရက်နေ့က Nemtsov ကို လုပ်ကြံတယ်လို့ သံသယ အဖြစ်ခံရသူ ၅ ဦးစလုံးကို စစ်ဆေးဖို့ဖမ်းဆီးထားပြီး သူတို့အားလုံးကို တရားရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။

ချေချင်-ရဲမှူးဟောင်း Zaur Dadayev က တရားခံအဖြစ် ဝန်ခံလိုက်တာကြောင့် သူ့ကို လူသတ်မှုနဲ့ တရားစွဲထားကြောင်း တရားသူကြီး Mushnikova က ပြောပေမယ့် အသေးစိတ်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပါဘူး။ Nemtsov ကို လုပ်ကြံသူထဲမှာ ဒုတိယ တရားခံအဖြစ် သံသယအဖြစ်ခံရသူ Anzor Gubashev ကတော့ ဒီအမှုမှာ သူ မပါဝင်ဘူးလို့ ခုထိ ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။ Gubashev ဟာ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတခုမှာ လုပ်နေသူတဦးဖြစ်ပါတယ်။ လူသတ် တရားခံအဖြစ် သံသယရှိသူ ကျန်တဲ့ ၃ ဦးကတော့ Gubashev ညီတွေ ဖြစ်ကြပါတယ်။

အတိုက်အခံခေါင်းဆောင် Boris Nemtsov ဟာ သူ့မိတ်ဆွေအမျိုးသမီးနဲ့ တံတားတခုကို ဖြတ်လျှောက်နေတုန်း သေနပ်နဲ့ ၄ ချက် အပစ်ခံရပီး သေဆုံးသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG