(Zawgyi / Unicode)
အာကာသထဲ ပထမဦးဆံုး ႐ုပ္ရွင္သြား႐ုိက္ၾကတဲ့ ႐ုရွားမင္းသမီး Yulia Peresild နဲ႔ ႐ုပ္ရွင္ဒါ႐ုိက္တာ Klim Shipenko တို႔ ႏွစ္ဦးကေတာ့ အခုတနဂၤေႏြမွာ ကမၻာေျမကို ျပန္လည္ေရာက္ရွိလာပါၿပီ။ သူတို႔ႏွစ္ဦးဟာ ႏုိင္ငံတကာ အာကာသစခန္းမွာ ၁၂ ရက္ၾကာ ေနထိုင္႐ုိက္ကူးခဲ့တာ ျဖစ္ပါတယ္။
သူတို႔ႏွစ္ဦးနဲ႔အတူ အာကာသဝန္ထမ္းတဦးကို သယ္ေဆာင္ၿပီး ဆိုယု MS-18 ဒံုးပ်ံထိပ္ဖူးဟာ ကာဇက္စတန္ အေနာက္ဘက္ ေဝးလံသီေခါင္တဲ့ လြင္ျပင္တခုမွာ ဆင္းသက္ခဲ့တယ္လို႔ ႐ုရွား အာကာသေအဂ်င္စီက သတင္းထုတ္ျပန္ပါတယ္။
႐ုရွားႏုိင္ငံပိုင္႐ုပ္သံကလည္း ကမၻာေျမျပင္ထဲ ျပန္လည္ဝင္ေရာက္လာတဲ့ ဒံုးပ်ံထိပ္ဖူးဟာ ေလထီးဖြင့္ၿပီး ကာဇက္စတန္ ျမက္ခင္းေပၚ ဆင္းသက္လာပံု၊ ဒံုးပ်ံထိပ္ဖူးထဲက ျပန္ထြက္လာတဲ့ သူတို႔ကို ေျမျပင္ဝန္ထမ္းေတြက သူတို႔ကို ေႏြးေႏြးေထြးေထြး ႀကိဳဆိုတာေတြကို ျပသပါတယ္။
မင္းသမီး Yulia ကေတာ့ ဒီေန႔အတြက္ သူမ အေတာ္ေလး ဝမ္းနည္း စိတ္မေကာင္းျဖစ္မိတယ္လို႔ ဆိုပါတယ္။
၁၂ ရက္ၾကာ ေနထိုင္ခဲ့တဲ့ အာကာသခရီးစဥ္အားလံုး ၿပီးဆံုးသြားတာမို႔ သူမအေနနဲ႔ မခြဲခ်င္ဘဲ ခြဲခြာခဲ့ရတယ္လို႔ ဆိုပါတယ္။
မင္းသမီး Yulia နဲ႔ ဒါ႐ုိက္တာ Shipenko တို႔ကို ခရီးစဥ္ေနာက္ဆက္တြဲ ျပန္လည္နာလန္ထလာေစဖို႔အတြက္ ေမာ္စကိုၿမိဳ႕ျပင္မွာရွိတဲ့ Russian Star City မွာ တပတ္အၾကာ သြားေရာက္ေနထိုင္ဖို႔ ပို႔ေဆာင္ထားတယ္လို႔ ႐ုရွား အာကာသေအဂ်င္စီက ေျပာပါတယ္။
------------------
(Unicode)
ပထမဦးဆုံး အာကာသထဲ ရုပ်ရှင်ရိုက်သူ ရုရှားမင်းသမီး မြေပြင်ပြန်ရောက်
အာကာသထဲ ပထမဦးဆုံး ရုပ်ရှင်သွားရိုက်ကြတဲ့ ရုရှားမင်းသမီး Yulia Peresild နဲ့ ရုပ်ရှင်ဒါရိုက်တာ Klim Shipenko တို့ နှစ်ဦးကတော့ အခုတနင်္ဂနွေမှာ ကမ္ဘာမြေကို ပြန်လည်ရောက်ရှိလာပါပြီ။ သူတို့နှစ်ဦးဟာ နိုင်ငံတကာ အာကာသစခန်းမှာ ၁၂ ရက်ကြာ နေထိုင်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
သူတို့နှစ်ဦးနဲ့အတူ အာကာသဝန်ထမ်းတဦးကို သယ်ဆောင်ပြီး ဆိုယု MS-18 ဒုံးပျံထိပ်ဖူးဟာ ကာဇက်စတန် အနောက်ဘက် ဝေးလံသီခေါင်တဲ့ လွင်ပြင်တခုမှာ ဆင်းသက်ခဲ့တယ်လို့ ရုရှား အာကာသအေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။
ရုရှားနိုင်ငံပိုင်ရုပ်သံကလည်း ကမ္ဘာမြေပြင်ထဲ ပြန်လည်ဝင်ရောက်လာတဲ့ ဒုံးပျံထိပ်ဖူးဟာ လေထီးဖွင့်ပြီး ကာဇက်စတန် မြက်ခင်းပေါ် ဆင်းသက်လာပုံ၊ ဒုံးပျံထိပ်ဖူးထဲက ပြန်ထွက်လာတဲ့ သူတို့ကို မြေပြင်ဝန်ထမ်းတွေက သူတို့ကို နွေးနွေးထွေးထွေး ကြိုဆိုတာတွေကို ပြသပါတယ်။
မင်းသမီး Yulia ကတော့ ဒီနေ့အတွက် သူမ အတော်လေး ဝမ်းနည်း စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။
၁၂ ရက်ကြာ နေထိုင်ခဲ့တဲ့ အာကာသခရီးစဉ်အားလုံး ပြီးဆုံးသွားတာမို့ သူမအနေနဲ့ မခွဲချင်ဘဲ ခွဲခွာခဲ့ရတယ်လို့ ဆိုပါတယ်။
မင်းသမီး Yulia နဲ့ ဒါရိုက်တာ Shipenko တို့ကို ခရီးစဉ်နောက်ဆက်တွဲ ပြန်လည် နာလန်ထလာစေဖို့အတွက် မော်စကိုမြို့ပြင်မှာရှိတဲ့ Russian Star City မှာ တပတ်အကြာ သွားရောက်နေထိုင်ဖို့ ပို့ဆောင်ထားတယ်လို့ ရုရှား အာကာသအေဂျင်စီက ပြောပါတယ်။