သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အရေး ရုရှားနဲ့ပြင်သစ် သမ္မတနှစ်ဦး တွေ့ဆုံဆွေးနွေး


ဆီးရီးယားပဋိပက္ခအရေး ပြင်သစ်သမ္မတ(ဝဲ)နဲ့ ရုရှားသမ္မတ(ယာ) ဒီကနေ့ ပါရီမြို့တော်မှာ တွေ့ဆုံဆွေးနွေး။ (အောက်တိုဘာ ၁၊ ၂၀၁၅)
ဆီးရီးယားပဋိပက္ခအရေး ပြင်သစ်သမ္မတ(ဝဲ)နဲ့ ရုရှားသမ္မတ(ယာ) ဒီကနေ့ ပါရီမြို့တော်မှာ တွေ့ဆုံဆွေးနွေး။ (အောက်တိုဘာ ၁၊ ၂၀၁၅)

ဆီးရီးယားပဋိပက္ခအရေး ဆွေးနွေးဖို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ပြင်သစ် သမ္မတ ဖရွန်ဆွာ အော်လန်းဒ်တို့ ဒီကနေ့ ပါရီမြို့ တော်မှာ တွေ့ဆုံနေကြပါတယ်။ အရှေ့အလယ်ပိုင်းက စစ်ဒဏ်သင့် ဆီးရီးယားနိုင်ငံမှာ အမေရိကန်တို့အဆိုအားဖြင့် ရုရှားက ခွဲခြားသတ်မှတ်မှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် တင်းမာမှုတိုးလာနေတဲ့ကြားကပဲ သမ္မတနှစ်ဦးတို့ ဆွေးနွေးကြမှာပါ။

အစ္စလာမ်အစွန်းရောက် IS စစ်သွေးကြွပစ်မှတ်တွေကို တတိယမြောက် ရက်အဖြစ် ဒီကနေ့ ဆက်ပြီး လေကြောင်းက တိုက်ခိုက် တယ်လို့ ရုရှားကပြောပါတယ်။ ဒါပေမဲ့ သမ္မတ ဘာဆာ အယ်လ်-အာဆဒ်အစိုးရကို အထောက်အကူပေးဖို့ ဒီ လေကြောင်း တိုက်ခိုက်မှုကို ရုရှားက အသုံးချနေတယ်လို့ အမေရိကန်က စွပ်စွဲပါတယ်။

ဆီးရီးယားက IS အကြမ်းဖက်အဖွဲ့ကို အမြစ်ပြတ် တိုက်ထုတ်နိုင်ရေး ရရှားနဲ့ လက်တွဲလုပ်ချင်တယ်ဆိုတာ အမေရိကန်က ပြောထားဖူးပေမယ့် ရုရှားရဲ့လုပ်ရပ်ကြောင့် အမေရိကန်တို့ စိုးရိမ်လာတာပါ။

အကြမ်းဖက်အဖွဲ့တွေလို့ သတ်မှတ်ထားတဲ့အဖွဲ့တွေကို တိုက်ခိုက် နှိမ်နင်းရေးမှာ နိုင်ငံတကာညွန့်ပေါင်းအဖွဲ့နဲ့ ရုရှားအကြား သဘောထားအတူတူပါပဲလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကပြောပေမယ့် ရုရှားရဲ့ လုပ်ဆောင်ပုံအပေါ် နှစ်နိုင်ငံ အကြား သဘောထားကွဲနေပါတယ်။ ဆီးရီးယားမှာ နှစ်နိုင်ငံစလုံးက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် တဘက်နဲ့ တဘက် မပစ်မိအောင် ဘယ်လိုရှောင်ရှားနိုင်မယ်ဆိုတာ အမေရိကန်နဲ့ရုရှားစစ်ဘက်တွေ ဆွေးနွေးနေကြတယ်လို့ ပန်တဂွန် စစ် ဌာနချုပ်ကပြောပါတယ်။

XS
SM
MD
LG