႐ု႐ွားသမၼတ ဗလာဒီမီယာပူတင္ (Vladimir Putin) ဟာ ယူကရိန္းႏိုင္ငံထဲက ႐ု႐ွားတို႔သိမ္းယူထားတဲ့ Mariupol ၿမိဳ႕ကို သြားေရာက္ခဲ့တယ္လို႔ ႐ု႐ွားအစိုးရပိုင္ Tass သတင္းဌာနက ဒီေန႔မွာ ေဖာ္ျပလိုက္ပါတယ္။
႐ု႐ွားသမၼတပူတင္ဟာ ပင္လယ္နက္ထဲမွာ႐ွိတဲ့ ခ႐ိုင္မီးယားကြၽန္းဆြယ္ကို ႐ု႐ွားတို႔သိမ္းယူတာက ၉ ႏွစ္ျပည့္တဲ့ မေန႔ စေနေန႔မွာ အဲဒီေနရာကို သြားေရာက္ခဲ့တာ ျဖစ္ပါတယ္။ ဒါဟာ ႏိုင္ငံတကာရာဇတ္ခုံ႐ုံး ICC က ႐ု႐ွားသမၼတပူတင္ကို ဖမ္းဝရမ္းထုတ္ၿပီး တရက္အၾကာမွာပဲ ၊ သမၼတပူတင္က ခ႐ိုင္မီယားေဒသကို သြားလိုက္တာ ျဖစ္ပါတယ္။ ယူကရိန္းစစ္ပြဲအတြင္း ယူကရိန္းမွာ႐ွိတဲ့ကေလးေတြကို ႐ု႐ွားကို အတင္းအၾကပ္ ဖမ္းဆီးေခၚေဆာင္သြားတာနဲ႔ ပတ္သက္ၿပီး ICC က ႐ု႐ွားသမၼတပူတင္မွာ တာဝန္႐ွိတယ္ဆိုၿပီး စစ္ရာဇဝတ္မႈနဲ႔ ဖမ္းဝရမ္းထုတ္လိုက္တာပါ။
ယူကရိန္းသမၼတ Volodymyr Zelenskyy ကေတာ့ ႐ု႐ွားတပ္ေတြအေနနဲ႔ ခ႐ိုင္မီယားအပါအဝင္ ယူကရိန္းႏိုင္ငံထဲကေန ျပန္႐ုတ္သိမ္းဖို႔ ေတာင္းဆိုထားပါတယ္။
==== Unicode =====
ရုရှားသမ္မတ ဗလာဒီမီယာပူတင် (Vladimir Putin) ဟာ ယူကရိန်းနိုင်ငံထဲက ရုရှားတို့သိမ်းယူထားတဲ့ Mariupol မြို့ကို သွားရောက်ခဲ့တယ်လို့ ရုရှားအစိုးရပိုင် Tass သတင်းဌာနက ဒီနေ့မှာ ဖော်ပြလိုက်ပါတယ်။
ရုရှားသမ္မတပူတင်ဟာ ပင်လယ်နက်ထဲမှာရှိတဲ့ ခရိုင်မီးယားကျွန်းဆွယ်ကို ရုရှားတို့သိမ်းယူတာက ၉ နှစ်ပြည့်တဲ့ မနေ့ စနေနေ့မှာ အဲဒီနေရာကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာရာဇတ်ခုံရုံး ICC က ရုရှားသမ္မတပူတင်ကို ဖမ်းဝရမ်းထုတ်ပြီး တရက်အကြာမှာပဲ ၊ သမ္မတပူတင်က ခရိုင်မီယားဒေသကို သွားလိုက်တာ ဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲအတွင်း ယူကရိန်းမှာရှိတဲ့ကလေးတွေကို ရုရှားကို အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ ပတ်သက်ပြီး ICC က ရုရှားသမ္မတပူတင်မှာ တာဝန်ရှိတယ်ဆိုပြီး စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်လိုက်တာပါ။
ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ ရုရှားတပ်တွေအနေနဲ့ ခရိုင်မီယားအပါအဝင် ယူကရိန်းနိုင်ငံထဲကနေ ပြန်ရုတ်သိမ်းဖို့ တောင်းဆိုထားပါတယ်။