သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရိုင်းမီးယား သိမ်းပိုက်မှု သမ္မတ ပူတင် ခုခံ ပြောကြား


Russia သမ္မတ Vladimir Putin နိုင်ငံကို မိန့်ခွန်းပြော။
Russia သမ္မတ Vladimir Putin နိုင်ငံကို မိန့်ခွန်းပြော။

ရုရှားက ယူကရိန်းနိုင်ငံရဲ့ ခရိုင်းမီးယားကွန်းဆွယ်ကို တိုက်ခိုက်သိမ်းယူခဲ့တာနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ Vladimir Putin က ကာကွယ်ပြောဆို လိုက်ပါတယ်။ နောက်ပြီး အနောက်နိုင်ငံတွေဟာ ရုရှားအပေါ် ဒဏ်ခတ် အရေးယူ ပိတ်ဆို့ မှုတွေ ပြုလုပ်ဖို့ ယူကရိန်းနိုင်ငံမှာဖြစ်တဲ့ အရေးအခင်းကို အကြောင်းပြခဲ့ကြ တယ်လို့လည်း စွတ်စွဲ လိုက်ပါတယ်။

မစ္စတာ ပူတင်က တနိုင်ငံလုံးကို ကြာသာပတေးနေ့မှာ ပြောကြားခဲ့တဲ့ နှစ်ပတ်လည် မိန့်ခွန်းမှာ ခရိုင်းမီးယားဒေသဟာ ရုရှားတို့ရဲ့နှလုံးသားမှာ ရှိထားတဲ့ မြေဖြစ်တယ်လို့ ပြောပါတယ်။ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး တော့လည်း မစ္စတာပူတင်က ရုရှားနိုင်ငံဟာ ပိုမိုအားကောင်း လာနေတယ်၊ လွတ်လပ်တယ်၊ ဒါကြောင့် အခုလို အမြန်ဆုံး သူတို့ ပြုလုပ် လိုက်ကြတာဖြစ်တယ်လို့ ပြောပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ရှိတဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကို ရုရှားက ထောက်ပံ့မှုပေးနေတာ၊ ခရိုင်းမီးယားဒေသကို ကျူးကျော် တိုက်ခိုက်သိမ်းပိုက်တာတွေ လုပ်ခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပ သမဂ္ဂအဖွဲ့တို့က အရေးယူပိတ်ဆို့မှုတွေ ဆက်တိုက်ချမှတ်ခဲ့ပြီးတဲ့နောက် ရုရှားရဲ့ စီးပွားရေး အခြေအနေ ယိုယွင်းခဲ့ရပါတယ်။

အရေးယူပိတ်ဆို့မှုတွေကြောင့် ရုရှားရဲ့ ပြည်ပ ရေနံတင်ပို့မှု ထိခိုက်ခဲ့ရသလို၊ ရုရှားနိုင်ငံသုံး ရူဘယ်ငွေကြေး တန်ဖိုးဟာလည်း ဆက်တိုက်ကျဆင်းသွားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်းထိ ရုရှားရဲ့ စီးပွားရေးဆက်တိုက် ကျဆင်းသွားလိမ့်မယ် ဆိုတဲ့ ခန့်မှန်းချက် အင်္ဂါနေ့က ထွက်ပေါ်လာခဲ့တာပါ။

XS
SM
MD
LG