သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားမစ်ဇိုင်းဒုံးကြောင့် ယူကရိန်းစာတိုက်မှာ လူ ၆ ဦးသေ


ရုရှားမစ်ဇိုင်းဒုံးကျရောက်ပေါက်ကွဲခဲ့တဲ့ Nova စာတိုက်တဝိုက် တွေ့မြင်ရတဲ့ အပျက်အစီးများ၊ အောက်တိုဘာ ၂၂၊ ၂၀၂၃
ရုရှားမစ်ဇိုင်းဒုံးကျရောက်ပေါက်ကွဲခဲ့တဲ့ Nova စာတိုက်တဝိုက် တွေ့မြင်ရတဲ့ အပျက်အစီးများ၊ အောက်တိုဘာ ၂၂၊ ၂၀၂၃

ယူကရိန်း အရှေ့ပိုင်း Kharkiv မြို့က စာတိုက်တခုကို ရုရှားကပစ်တဲ့ မစ်ဇိုင်းဒုံးကျည် ထိမှန်ပေါက်ကွဲ မှုကြောင့် လူ ၆ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ဒီကနေ့ပြောပါတယ်။ ရုရှားလုပ် S-300 ဒုံးကျည်လို့ ယူဆရပြီး အဆောက်အအုံ ထိမှန်ပေါက်ကွဲမှုကြောင့် နောက်ထပ် လူ (၁၆) ဦး ဒဏ်ရာရခဲ့တယ်လို့ Kharkiv အုပ်ချုပ်ရေးမှူးက လူမှုမီဒီယာမှာ ပြောဆိုထားပါတယ်။

တစ်ချိန်တည်းမှာပဲ ယူကရိန်းတောင်ပိုင်း Kherson ဒေသမှာ ရုရှားဘက်က စံချိန်တင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းတာ၀န်ရှိသူတွေက ဒီကနေ့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အဲဒီဒေသမှာ ရုရှားဘက်က လေယာဥ်ကနေ ဒုံးကျည်ပေါင်း ၃၆ စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ် တောင်ပိုင်း စစ်ဆင်ရေး ကွပ်ကဲမှူး က ဆိုပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy က ရုရှားရဲ့ အခုလို တိုက်ခိုက်မှု တွေဟာ သာမန်အရပ်သား တွေကိုပစ်မှတ်ထားခဲ့တာြဖစ်တယ်လို့ စွပ်စွဲထားပါတယ်။

"ရုရှားဘက်က နေ့စဥ် အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကျနော်တို့ တုံ့ပြန်ဖို့လိုပါတယ်။ ဒီအကြမ်းဖက်မှုကို တိုက်ဖျက်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုကို အားကောင်းအောင်လုပ်ဖို့ လိုပါတယ်" လို့ သမ္မတ Zelenskyy က ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG