သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းနယ်စပ် အနီးထိ ရုရှားစစ်တပ်များ ချထား


ယူကရိန်း၊ Crimea ဒေသတွင်း စစ်တပ်များနေရာယူ။
ယူကရိန်း၊ Crimea ဒေသတွင်း စစ်တပ်များနေရာယူ။
ယူကရိန်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေ ရှေ့မတိုးနောက် မဆုတ်ဖြစ်နေတာကို ဖြေရှင်းနိုင်အောင် အနောက်နိုင်ငံအစိုးရတွေက သံတမန်ရေး ဖိအားပေးဖို့ ကြိုးစားလာနေချိန်မှာဘဲ ရုရှားက ယူကရိန်းနယ်စပ်ဒေသမှာ တပ်သားထောင်ပေါင်းများစွာကို ချထားလိုက်သလို စစ်တပ်သုံးလက်နက်ကြီးတွေကိုပါ ချထားခဲ့ပါတယ်။

ဒါဟာ ရုရှားက ယူကရိန်းနိုင်ငံနားမှာရော နိုင်ငံအတွင်းမှာပါ စစ်ရေးအရတိုးချဲ့လာတာဟာ နိုင်ငံတကာလုံခြုံရေးကို လျော့ပါးစေတယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ယူကရိန်းယာယီဝန်ကြီးချုပ် Arseniy Yatsenyukပြောကြားနေချိန်မှာပဲ လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။

မစ္စတာYatsenyuk က သူ့နိုင်ငံထဲမှာ ဒီလိုစစ်တပ်တွေ ချထားဖို့အတွက် အကြောင်းမရှိသလို ဒါဟာ စည်းကျော်တာလို့လဲ ပြောပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Power ကတော့ ဒီအချိန်ဟာ သည်းခံရမယ့်အချိန်ဖြစ်ပြီး ရုရှားရဲ့ ငြိမ်းငြိမ်းချမ်းချမ်း ပြောဆိုရမယ့်အချိန်လို့ ဆိုပါတယ်။

ရုရှားက ဒီလဆန်းပိုင်းမှာ စစ်သားထောင်ပေါင်းများစွာကို ယူကရိန်းဒေသကို စေလွှတ်ခဲ့သလို Crimea ဒေသခံတွေ ယူကရိန်းနဲ့ပဲ ဆက်ပြီးလက်တွဲမလား၊ ရုရှားနဲ့ပူးပေါင်းမလားဆိုတာကို ဆုံးဖြတ်ဖို့အတွက် တနင်္ဂနွေနေ့ ဆန္ဒခံယူပွဲကိုပါထောက်ခံနေတာဖြစ်ပါတယ်။

အမေရိကန်နဲ့ ဥရောပ ခေါင်းဆောင်တွေကတော့ ရုရှားဟာ ယူကရိန်းနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတယ်လို့ စွတ်စွဲနေပါတယ်။ ဒါ့အပြင် ယူကရိန်းမှာ မဲခွဲဆုံးဖြတ်တာဟာ တရားမဝင်ကြောင်းနဲ့ Crimea ဒေသခံတွေက ခွဲထွက်သွားရင် ရုရှားကို စီးပွားရေးအရရော သံတမန်ရေးအရပါ အရေးယူဒဏ်ခတ်မှုတွေ လုပ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
XS
SM
MD
LG