သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း အကူအညီယာဉ်တန်း စစ်တပ်မပါဟု ရုရှားအာမခံ


ရုရှားက လူသားချင်း စာနာကူညီမှုယာဉ်တန်းများစေလွှတ်။ (သြဂုတ် ၁၄၊ ၂၀၁၄)
ရုရှားက လူသားချင်း စာနာကူညီမှုယာဉ်တန်းများစေလွှတ်။ (သြဂုတ် ၁၄၊ ၂၀၁၄)

ယူကရိန်းနိုင်ငံအရှေ့ခြမ်းက အရပ်သားတွေအတွက် လူသားချင်း စာနာကူညီမှု ယာဉ်တန်းစေလွှတ်ခဲ့ရာမှာ ရုရှားစစ်တပ်က စစ်ဖက်ဆိုင်ရာ ဝန်ထမ်းတွေ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoygu က အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ကို အာမခံပြောဆိုခဲ့ တယ်လို့ ပင်တဂွန် ကာကွယ်ရေးစစ်ဌာနချုပ်က ပြောပါတယ်။ အကူအညီယာဉ်တန်း ကိုတော့ အခုဆိုရင် ယူကရိန်းနယ်စပ်မှာ စစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

ရုရှားနဲ့အမေရိကန် ကာကွယ်ရေးဝန်ကြီးနှစ်ဦးဟာ သောကြာနေ့တုန်းက တယ်လီဖုံးကတဆင့် ယူကရိန်းကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရသူ ရေတပ်ဗိုလ်ချုပ် John Kirby က ပြောခဲ့ပါတယ်။ ယူကရိန်းအရှေ့ခြမ်းကို သွားတဲ့ ရုရှားကူညီရေးယာဉ်တန်းနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ဖို့ Mr.Hagel က ရုရှားကို မေတ္တာရပ်ခံခဲ့တယ်လို့ ကာကွယ်ရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးကလည်း အဲဒီယာဉ်တန်းမှာ စစ်ဖက်ဝန်ထမ်းတွေ မပါဘူးဆိုတာကို အာမခံပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားအနေနဲ့ ယူကရိန်းကို ဝင်ရောက်ကျုးကျော်ဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ဒီအကူအညီပေးမှုကို အသုံးချမှာ မဟုတ်ဘူးလို့လည်း ရုရှားဖက်က ပြောခဲ့တဲ့အကြောင်း ပြောပါတယ်။

အကူအညီပစ္စည်းတွေ ဖြန့်ဝေမှုကိုလည်း ICRC အပြည်ပြည်ဆိုင်ရာကြက်ခြေနီ အသင်းရဲ့ ကြီးကြပ်မှုအောက်မှာ ပြုလုပ်သွားမယ် ဆိုတာကိုလည်း ရုရှားကာကွယ်ရေးဝန်ကြီးက အသိအမှတ်ပြုပြောဆိုခဲ့တယ်လို့ ပင်တဂွန်ပြောခွင့်ရသူက ပြောပါတယ်။

XS
SM
MD
LG