သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Kherson ၿမိဳ႕ကို ယူကရိန္းတပ္ေတြ ျပန္လည္သိမ္းပိုက္


People hold a Ukranian flag as they gather in Maidan Square to celebrate the liberation of Kherson, in Kyiv, Nov. 11, 2022, amid the Russian invasion of Ukraine.

ယူကရိန္းႏိုင္ငံမွာ ႐ုရွားတို႔သိမ္းပိုက္ခဲ့တဲ့ Kherson ေဒသကေန တပ္ေတြ႐ုတ္သိမ္းတယ္လို႔ ႐ုရွားဘက္က ေၾကညာတာဟာ Dnipro (ဒနိပို) ျမစ္ အေနာက္ဖက္ေဒသမွာ ႐ုရွားတပ္ေတြ အခက္အခဲရင္ဆိုင္ရတယ္ဆိုတာ လူသိရွင္ၾကား အသိအမွတ္ျပဳလိုက္တာ ျဖစ္တယ္လို႔ ႐ုရွားက်ဴးေက်ာ္စစ္နဲ႔ ပတ္သက္လို႔ ေန႔စဥ္သတင္း ထုတ္ျပန္ေနတဲ့ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားလိုက္ပါတယ္။

ေသာၾကာေန႔ညပိုင္းက ယူကရိန္းတပ္ေတြ Kherson ၿမိဳ႕ထဲ ဝင္ေရာက္လာခ်ိန္မွာ ပုန္းေအာင္းေနၾကတဲ့ ၿမိဳ႕ခံေတြ ထြက္လာၾကၿပီး ႀကိဳဆိုခဲ့ၾကပါတယ္။ ၿမိဳ႕လည္မွာ ျပည္သူေတြစုေဝးၿပီး ယူကရိန္းအလံေတြေဝွ႔ယမ္း၊ ယူကရိန္းႏိုင္ငံေတာ္သီခ်င္းေတြ သီဆိုေအာင္ပြဲခံခဲ့ၾကပါတယ္။ ယူကရိန္းအတြက္ သမိုင္းဝင္ေန႔ျဖစ္တယ္လို႔ သမၼတ Volodymyr Zelenskiy က ေသာၾကာေန႔က ေျပာၾကားခဲ့ပါတယ္။

Kherson တၿမိဳ႕လုံးနီးပါးကို ယူကရိန္းတပ္ေတြ အခု ထိန္းခ်ဳပ္ထားတယ္လို႔ Kherson ေဒသေကာင္စီ ဒုတိယအႀကီးအကဲက ေျပာၾကားခဲ့ပါတယ္။ Kherson ကေန ႐ုရွားက တပ္ေတြ႐ုတ္မယ္လို႔ ေၾကညာအၿပီး ၂ ရက္အၾကာမွာပဲ တပ္ေတြကို ျပတ္ဆုတ္သြားတာကိုၾကည့္ရင္ ေအာက္တိုဘာ ၂၂ ရက္ေလာက္ထဲက တပ္႐ုတ္သိမ္းမႈ စတင္ေနပုံရတယ္လို႔ ၿဗိတိန္ဝန္ႀကီးဌာနရဲ႕ ေန႔စဥ္ထုတ္ျပန္တဲ့ ေထာက္လွမ္းေရးသတင္းကို ဒီေန႔ စေနေန႔မွာ ေဖာ္ျပပါတယ္။

Kherson ေဒသကေန အရပ္သားေတြ ထြက္ခြာသြားဖို႔ ေအာက္တိုဘာ ၂၂ ရက္က ႐ုရွားတို႔ခန႔္ထားတဲ့ ၿမိဳ႕တာဝန္ရွိသူေတြက အမိန႔္ေပးခဲ့တာပါ။ အဲဒီထဲက ၿမိဳ႕ေနျပည္သူ ၈ ေသာင္းေလာက္ ထြက္ခြာခဲ့တယ္လို႔ ဆိုတဲ့ထဲမွာ အရပ္ဝတ္စစ္သားေတြနဲ႔ ႐ုရွားစစ္သုံးကိရိယာေတြ ႐ုတ္သိမ္းသြားတာ အမ်ားႀကီးျဖစ္ႏိုင္တယ္လို႔ ၿဗိတိန္ကာကြယ္ေရးဌာနက သုံးသပ္ပါတယ္။ ႐ုရွားတို႔ထိမ္းခ်ဳပ္မႈေအာက္ေရာက္ၿပီလို႔ ေၾကညာခဲ့တဲ့ Dnipro (ဒနိပို) ျမစ္ အေနာက္ဘက္က Kherson ၿမိဳ႕အပါအဝင္ ေနရာေတာ္ေတာ္မ်ားမ်ားကို ယူကရိန္းတို႔ ျပန္လည္သိမ္းယူႏိုင္ခဲ့ပါတယ္။ ျမစ္အေရွ႕ဘက္မွာရွိတဲ့ ႐ုရွားထိန္းခ်ဳပ္ေနရာေတြမွာ တပ္ေတြ ေနရာေျပာင္းခ်ႏိုင္ဖို႔ ျမစ္အေနာက္ျခမ္းက တပ္ေတြကို ႐ုတ္သိမ္းခဲ့ပုံရတယ္လို႔ ၿဗိတိန္ေထာက္လွမ္းေရးသတင္းက ေျပာပါတယ္။

==== Unicode ====

ယူကရိန်းနိုင်ငံမှာ ရုရှားတို့သိမ်းပိုက်ခဲ့တဲ့ Kherson ဒေသကနေ တပ်တွေရုတ်သိမ်းတယ်လို့ ရုရှားဘက်က ကြေညာတာဟာ Dnipro (ဒနိပို) မြစ် အနောက်ဖက်ဒေသမှာ ရုရှားတပ်တွေ အခက်အခဲရင်ဆိုင်ရတယ်ဆိုတာ လူသိရှင်ကြား အသိအမှတ်ပြုလိုက်တာ ဖြစ်တယ်လို့ ရုရှားကျူးကျော်စစ်နဲ့ ပတ်သက်လို့ နေ့စဉ်သတင်း ထုတ်ပြန်နေတဲ့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

သောကြာနေ့ညပိုင်းက ယူကရိန်းတပ်တွေ Kherson မြို့ထဲ ဝင်ရောက်လာချိန်မှာ ပုန်းအောင်းနေကြတဲ့ မြို့ခံတွေ ထွက်လာကြပြီး ကြိုဆိုခဲ့ကြပါတယ်။ မြို့လည်မှာ ပြည်သူတွေစုဝေးပြီး ယူကရိန်းအလံတွေဝှေ့ယမ်း၊ ယူကရိန်းနိုင်ငံတော်သီချင်းတွေ သီဆိုအောင်ပွဲခံခဲ့ကြပါတယ်။ ယူကရိန်းအတွက် သမိုင်းဝင်နေ့ဖြစ်တယ်လို့ သမ္မတ Volodymyr Zelenskiy က သောကြာနေ့က ပြောကြားခဲ့ပါတယ်။

Kherson တမြို့လုံးနီးပါးကို ယူကရိန်းတပ်တွေ အခု ထိန်းချုပ်ထားတယ်လို့ Kherson ဒေသကောင်စီ ဒုတိယအကြီးအကဲက ပြောကြားခဲ့ပါတယ်။ Kherson ကနေ ရုရှားက တပ်တွေရုတ်မယ်လို့ ကြေညာအပြီး ၂ ရက်အကြာမှာပဲ တပ်တွေကို ပြတ်ဆုတ်သွားတာကိုကြည့်ရင် အောက်တိုဘာ ၂၂ ရက်လောက်ထဲက တပ်ရုတ်သိမ်းမှု စတင်နေပုံရတယ်လို့ ဗြိတိန်ဝန်ကြီးဌာနရဲ့ နေ့စဉ်ထုတ်ပြန်တဲ့ ထောက်လှမ်းရေးသတင်းကို ဒီနေ့ စနေနေ့မှာ ဖော်ပြပါတယ်။

Kherson ဒေသကနေ အရပ်သားတွေ ထွက်ခွာသွားဖို့ အောက်တိုဘာ ၂၂ ရက်က ရုရှားတို့ခန့်ထားတဲ့ မြို့တာဝန်ရှိသူတွေက အမိန့်ပေးခဲ့တာပါ။ အဲဒီထဲက မြို့နေပြည်သူ ၈ သောင်းလောက် ထွက်ခွာခဲ့တယ်လို့ ဆိုတဲ့ထဲမှာ အရပ်ဝတ်စစ်သားတွေနဲ့ ရုရှားစစ်သုံးကိရိယာတွေ ရုတ်သိမ်းသွားတာ အများကြီးဖြစ်နိုင်တယ်လို့ ဗြိတိန်ကာကွယ်ရေးဌာနက သုံးသပ်ပါတယ်။ ရုရှားတို့ထိမ်းချုပ်မှုအောက်ရောက်ပြီလို့ ကြေညာခဲ့တဲ့ Dnipro (ဒနိပို) မြစ် အနောက်ဘက်က Kherson မြို့အပါအဝင် နေရာတော်တော်များများကို ယူကရိန်းတို့ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ မြစ်အရှေ့ဘက်မှာရှိတဲ့ ရုရှားထိန်းချုပ်နေရာတွေမှာ တပ်တွေ နေရာပြောင်းချနိုင်ဖို့ မြစ်အနောက်ခြမ်းက တပ်တွေကို ရုတ်သိမ်းခဲ့ပုံရတယ်လို့ ဗြိတိန်ထောက်လှမ်းရေးသတင်းက ပြောပါတယ်။

XS
SM
MD
LG