သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသတ်ခံရတဲ့အတိုက်အခံခေါင်းဆောင်ကို ရုရှားပြည်သူတွေ စုဝေးဂုဏ်ပြု


"အဲဒီကျည်ဆံတွေဟာ တို့အားလုံးအတွက်ဖြစ်တယ်၊ သူရဲကောင်းဆိုတာ ဘယ်တော့မှမသေဘူး" ဆိုတဲ့ စာတန်းကို ကိုင်ဆောင်ထားတဲ့ သောင်းနဲ့ချီတဲ့ရုရှားပြည်သူတွေက လုပ်ကြံခံရသူ အတိုက်အခံခေါင်းဆောင် Boris Nemtsov အတွက် ချီတက်ဂုဏ်ပြုကြစဉ်။ (မတ်လ ၁၊ ၂၀၁၅)
"အဲဒီကျည်ဆံတွေဟာ တို့အားလုံးအတွက်ဖြစ်တယ်၊ သူရဲကောင်းဆိုတာ ဘယ်တော့မှမသေဘူး" ဆိုတဲ့ စာတန်းကို ကိုင်ဆောင်ထားတဲ့ သောင်းနဲ့ချီတဲ့ရုရှားပြည်သူတွေက လုပ်ကြံခံရသူ အတိုက်အခံခေါင်းဆောင် Boris Nemtsov အတွက် ချီတက်ဂုဏ်ပြုကြစဉ်။ (မတ်လ ၁၊ ၂၀၁၅)

အသတ်ခံခဲ့ရတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် Boris Nemtsov အတွက် ကြေကွဲဝမ်းနည်းမှုအထိမ်းအမှတ်အနေနဲ့ မော်စကိုမြို့လယ်မှာ လူတွေ ထောင်သောင်းချီပြီး စုဝေးချီတက်ခဲ့ပါတယ်။

စစ်ပြန်နိုင်ငံရေးသမားတဦးဖြစ်ပြီး သမ္မတ Vladimir Putin ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့တဲ့ Mr. Nemtsov အတွက် ‘ကျနော်မကြောက်ပါ’ ဆိုတဲ့ ဆိုင်းဘုတ်တွေကို ဒီချီတက်ပွဲအတွင်း ပါဝင်သူတွေအတော်များများက ကိုင်ဆောင်ခဲ့ပါတယ်။ ဒီအထိမ်းအမှတ်ချီတက်ပွဲ ဆင်နွှဲသူတွေက လူပေါင်း (၇၀, ၀၀၀) လောက်ပါဝင်ခဲ့တယ်လို့ ပြောပေမယ့် မော်စကိုရဲကတော့ (၁၆,၀၀၀) လောက်ပဲ ရှိမယ်လို့ ဆိုပါတယ်။

သောကြာနေ့ညနေတုန်းက ကရင်မလင်နန်းတော်အနီးက တံတားတခုအပေါ်မှာ စားသောက်ဆိုင်ကနေ အိမ်ကိုပြန်လာတုန်း ပစ်သတ်ခံခဲ့ရတဲ့ အသက် ၅၅ နှစ်အရွယ် Mr. Nemtsov ရဲ့ပုံကို ချီတက်ပွဲမှာပါဝင်သူ လူကြီးကော လူငယ်တွေကပါ ကိုင်ဆောင်ထားပါကြပါတယ်။ အတိုက်အခံတွေ စုဝေးပွဲတွေလုပ်ဖို့ ခွင့်ပြုချက်တောင်းရာမှာ အာဏာပိုင်တွေဟာ အချိန်ဆွဲလေ့ရှိပေမယ့် အခုအထိမ်းအမှတ် ချီတက်ပွဲအတွက်တော့ လျင်လျင်မြန်မြန် ခွင့်ပြုချက်ပေးခဲ့ပါတယ်။

Mr. Nemtsov သေဆုံးသွားတဲ့နေရာမှာ လူတွေဟာ အခုချိန်ထိ ပန်းစီးတွေ ရာနဲ့ချီပြီး လာရောက်ချနေဆဲပါ။ အခုလိုသတ်ဖြတ်မှုဟာ ငွေပေးပြီး လူငှားနဲ့ သတ်ဖြတ်တာမျိုးဖြစ်နိုင်ကြောင်းနဲ့ ဒါဟာ ပဋိပက္ခတွေဖြစ်အောင် ဖန်တီးတာဖြစ်တယ်လို့ ရုရှားသမ္မတ Vladimir Putin ဗလာဒီမီယာ ပူတင်က ပြောပါတယ်။ မစ္စတာ နမ်ဆော့သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာမှာ သူကိုယ်တိုင်ကြီးကြပ်မယ်လို့လည်း ဆိုပါတယ်။

XS
SM
MD
LG