သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား-ယူကရိန်းစစ်ပွဲဂယက် ကမ္ဘာ့ရေနံဈေးတက် ဥရောပအစုရှယ်ယာဈေးကျ


Britain Russia Ukraine War Inflation
Britain Russia Ukraine War Inflation


[[Zawgyi/Unicode]]

ရုရှား-ယူကရိန်း စစ်ပွဲကြောင့် ဒီရက်ပိုင်း ကမ္ဘာ့ရေနံဈေးတွေ သိသိသာသာ ထိုးတက်သွားသလို ယူကရိန်း နျူကလီးယား ဓါတ်အားပေးစက်ရုံကို ရုရှားတပ်ဖွဲ့တွေ သိမ်းလိုက်ပြီး မီးလောင်နေတဲ့သတင်းတွေကြောင့် ဒီကနေ့ ဥရောပ အစုရှယ်ယာတွေဟာလည်း တနှစ်နီးပါးအတွင်း အနိမ့်ဆုံး ထိုးကျသွားပါတယ်။

ကိုဗစ်ကပ်ဘေးကြောင့် ၂၀၂၀ ခုနှစ် နှစ်စကစလို့ အပတ်စဉ် ထိခိုက်နေခဲ့တဲ့ ဥရောပ အစုရှယ်ယာဈေးဟာ ဒီသီတင်းပတ်မှာတော့ ၂.၈ % အထိ ကျဆင်းသွားခဲ့ပြီး အဆိုးဆုံး ဖြစ်ခဲ့တာပါ။ တချိန်တည်းမှာပဲ ရုရှား ရေနံ ရောင်းအား ကျသွားတဲ့အတွက် ရေနံဈေးကွက်မှာ ဝယ်လိုအားနဲ့ ရောင်းအား မမျှဖြစ်ပြီး အရင်က ရေနံစိမ်းတပီပါကို ဒေါ်လာ ၁၀၀ အောက်ကနေ မနေ့က ကြာသပတေး နေ့မှာတော့ တပီပါကို ဒေါ်လာ ၁၁၀ ကျော်အထိ သွားပါတယ်။

လာမယ့် ရက်ပိုင်းတွေအတွင်း လောင်စာဆီဈေးတွေ ဆက်တက်လာနိုင်တယ်လို့ လည်း ကျွမ်းကျင်ပညာရှင်တွေက သတိပေးထားပါတယ်။ ယူကရိန်း- ရုရှား ပဋိပက္ခ ဘယ်လောက် တာရှည်မလဲ၊ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား အခြေအနေတွေ ဆက်ဖြစ်လာမလဲ ဆိုတာအပေါ် မူတည်ပြီး ရေနံဈေး အတက်အကျ အပြောင်းအလဲတွေ ရှိနေနိုင်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲဂယက် ကမ္ဘာ့ရေနံဈေးတက် ဥရောပအစုရှယ်ယာဈေးကျ
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

=================

[[Unicode]]

ရုရှား-ယူကရိနျးစဈပှဲဂယကျ ကမ်ဘာ့ရနေံဈေးတကျ ဥရောပအစုရှယျယာဈေးကြ




=================

XS
SM
MD
LG