သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွား-ယူကရိန္းစစ္ပြဲဂယက္ ကမာၻ႔ေရနံေဈးတက္ ဥေရာပအစုရွယ္ယာေဈးက်


Britain Russia Ukraine War Inflation


[[Zawgyi/Unicode]]

႐ုရွား-ယူကရိန္း စစ္ပြဲေၾကာင့္ ဒီရက္ပိုင္း ကမာၻ႔ေရနံေဈးေတြ သိသိသာသာ ထိုးတက္သြားသလို ယူကရိန္း န်ဴကလီးယား ဓါတ္အားေပးစက္႐ုံကို ႐ုရွားတပ္ဖြဲ႔ေတြ သိမ္းလိုက္ၿပီး မီးေလာင္ေနတဲ့သတင္းေတြေၾကာင့္ ဒီကေန႔ ဥေရာပ အစုရွယ္ယာေတြဟာလည္း တႏွစ္နီးပါးအတြင္း အနိမ့္ဆုံး ထိုးက်သြားပါတယ္။

ကိုဗစ္ကပ္ေဘးေၾကာင့္ ၂၀၂၀ ခုႏွစ္ ႏွစ္စကစလို႔ အပတ္စဥ္ ထိခိုက္ေနခဲ့တဲ့ ဥေရာပ အစုရွယ္ယာေဈးဟာ ဒီသီတင္းပတ္မွာေတာ့ ၂.၈ % အထိ က်ဆင္းသြားခဲ့ၿပီး အဆိုးဆုံး ျဖစ္ခဲ့တာပါ။ တခ်ိန္တည္းမွာပဲ ႐ုရွား ေရနံ ေရာင္းအား က်သြားတဲ့အတြက္ ေရနံေဈးကြက္မွာ ဝယ္လိုအားနဲ႔ ေရာင္းအား မမွ်ျဖစ္ၿပီး အရင္က ေရနံစိမ္းတပီပါကို ေဒၚလာ ၁၀၀ ေအာက္ကေန မေန႔က ၾကာသပေတး ေန႔မွာေတာ့ တပီပါကို ေဒၚလာ ၁၁၀ ေက်ာ္အထိ သြားပါတယ္။

လာမယ့္ ရက္ပိုင္းေတြအတြင္း ေလာင္စာဆီေဈးေတြ ဆက္တက္လာႏိုင္တယ္လို႔ လည္း ကြၽမ္းက်င္ပညာရွင္ေတြက သတိေပးထားပါတယ္။ ယူကရိန္း- ႐ုရွား ပဋိပကၡ ဘယ္ေလာက္ တာရွည္မလဲ၊ ဘယ္ေလာက္အထိ ဆိုးဆိုး႐ြား႐ြား အေျခအေနေတြ ဆက္ျဖစ္လာမလဲ ဆိုတာအေပၚ မူတည္ၿပီး ေရနံေဈး အတက္အက် အေျပာင္းအလဲေတြ ရွိေနႏိုင္တယ္လို႔ သုံးသပ္သူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ရုရှား-ယူကရိန်းစစ်ပွဲဂယက် ကမ္ဘာ့ရေနံဈေးတက် ဥရောပအစုရှယ်ယာဈေးကျ

ရုရှား-ယူကရိန်း စစ်ပွဲကြောင့် ဒီရက်ပိုင်း ကမ္ဘာ့ရေနံဈေးတွေ သိသိသာသာ ထိုးတက်သွားသလို ယူကရိန်း နျူကလီးယား ဓါတ်အားပေးစက်ရုံကို ရုရှားတပ်ဖွဲ့တွေ သိမ်းလိုက်ပြီး မီးလောင်နေတဲ့သတင်းတွေကြောင့် ဒီကနေ့ ဥရောပ အစုရှယ်ယာတွေဟာလည်း တနှစ်နီးပါးအတွင်း အနိမ့်ဆုံး ထိုးကျသွားပါတယ်။

ကိုဗစ်ကပ်ဘေးကြောင့် ၂၀၂၀ ခုနှစ် နှစ်စကစလို့ အပတ်စဉ် ထိခိုက်နေခဲ့တဲ့ ဥရောပ အစုရှယ်ယာဈေးဟာ ဒီသီတင်းပတ်မှာတော့ ၂.၈ % အထိ ကျဆင်းသွားခဲ့ပြီး အဆိုးဆုံး ဖြစ်ခဲ့တာပါ။ တချိန်တည်းမှာပဲ ရုရှား ရေနံ ရောင်းအား ကျသွားတဲ့အတွက် ရေနံဈေးကွက်မှာ ဝယ်လိုအားနဲ့ ရောင်းအား မမျှဖြစ်ပြီး အရင်က ရေနံစိမ်းတပီပါကို ဒေါ်လာ ၁၀၀ အောက်ကနေ မနေ့က ကြာသပတေး နေ့မှာတော့ တပီပါကို ဒေါ်လာ ၁၁၀ ကျော်အထိ သွားပါတယ်။

လာမယ့် ရက်ပိုင်းတွေအတွင်း လောင်စာဆီဈေးတွေ ဆက်တက်လာနိုင်တယ်လို့ လည်း ကျွမ်းကျင်ပညာရှင်တွေက သတိပေးထားပါတယ်။ ယူကရိန်း- ရုရှား ပဋိပက္ခ ဘယ်လောက် တာရှည်မလဲ၊ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား အခြေအနေတွေ ဆက်ဖြစ်လာမလဲ ဆိုတာအပေါ် မူတည်ပြီး ရေနံဈေး အတက်အကျ အပြောင်းအလဲတွေ ရှိနေနိုင်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

=================

XS
SM
MD
LG