သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားသမ္မတကို ဖယ်ရှားဖို့ လွှတ်တော် မဲခွဲဆုံးဖြတ်


ယာယီသမ္မတတာဝန်ယူထားတဲ့ ဝန်ကြီးချုပ် Han Duck-soo အစိုးရအစည်းအဝေးကို ဦးဆောင်ကျင်းပ (Yonhap via REUTERS)
ယာယီသမ္မတတာဝန်ယူထားတဲ့ ဝန်ကြီးချုပ် Han Duck-soo အစိုးရအစည်းအဝေးကို ဦးဆောင်ကျင်းပ (Yonhap via REUTERS)

တောင်ကိုရီးယားနိုင်ငံမှာ လွှတ်တော်က အရေးယူဖယ်ရှားဖို့ မဲခွဲဆုံးဖြတ်လိုက်တဲ့ သမ္မတ Yoon Suk Yeol ကို အမြန်ဆုံးဖယ်ရှားဖို့ အတိုက်အခံခေါင်းဆောင်က ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးကို ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။

သမ္မတ Yoon ကိုတော့ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ခဲ့တဲ့အတွက် ရာထူးက ဖယ်ရှားဖို့ မနေ့ကပဲ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့တာပါ။ သမ္မတ Yoon ကို ရာထူးကဆိုင်းငံ့ထားပြီး ဝန်ကြီးချုပ် Han Duck-soo က ယာယီသမ္မတတာဝန် ယူထားချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ရက်ပေါင်း ၁၈၀ အတွင်း စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း လူထုခံစားနေရတဲ့ ဒုက္ခတွေ သက်သာရာရအောင် သမ္မတကို အမြန်ဆုံးရာထူးက ဖယ်ရှားနိုင်ရေး အမြန်ဆုံး စဉ်းစားဆုံးဖြတ်ဖို့ အတိုက်အခံခေါင်းဆောင် Lee Jae-myung က တိုက်တွန်းလိုက်တာပါ။ စစ်အုပ်ချုပ်ရေးအမိန့်ကြောင့် တောင်ကိုရီးယားနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း နိုင်ငံရေး မတည်မငြိမ်မှုတွေလည်း ကြုံခဲ့ရပါတယ်။

အတိုက်အခံခေါင်းဆောင်ကတော့ တာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့နဲ့ နောက်နောင်ထပ်မဖြစ်အောင် ဟန့်တားဖို့လည်း တိုက်တွန်းခဲ့တာပါ။ အာဏာပိုင်တွေကတော့ သမ္မတ Yoon နဲ့ အနီးကပ် တာဝန်ယူသူတွေကိုလည်း စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်တဲ့ကိစ္စအတွက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ဒီကနေ့မှာပဲ စစ်တပ် အထူးစစ်ဆင်ရေးတပ်မှူးတဦးဖြစ်သူ Kwak Jong-keun ကို ဖမ်းဝရမ်းထုတ်ပေးဖို့ အာဏာပိုင်တွေ တောင်းခံထားတယ်လို့လည်း ကိုရီးယား Yonhap သတင်းဌာနက ဖော်ပြပါတယ်။

Forum

XS
SM
MD
LG