သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟိန္ဒူရိုးရာကို လှောင်တယ်ဆိုပြီး ရုပ်ရှင်ကို ဝေဖန်ခဲ့သူ ကိုရှိုင်းထက်အောင်ကို စစ်ကောင်စီ ဖမ်းထား


ကိုရှိုင်းထက်အောင်ခေါ် ဗွီးထက်ကူးမား။
ကိုရှိုင်းထက်အောင်ခေါ် ဗွီးထက်ကူးမား။

လူမှုကွန်ရက်စာမျက်နှာမှာ ဟိန္ဒူဘာသာနဲ့ ရိုးရာယဉ်ကျေးမှုကို သရော်လှောင်ပြောင်ထားတယ်ဆိုပြီး မြန်မာရုပ်ရှင်ကားကို ဝေဖန်ရေးသားတဲ့ပို့စ်တင်ပြီးတဲ့နောက် ရုတ်တရက် အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးသွားတဲ့ ကိုရှိုင်းထက်အောင်ခေါ် ဗွီးထက်ကူးမားကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့အစိုးရယန္တရားများ ပျက်ပြားစေရန် လူမှုကွန်ရက်စာမျက်နှာ လှုံ့ဆော်ရေးသားခဲ့တဲ့အတွက် စစ်ကောင်စီက ဖမ်းဆီးအရေးယူလိုက်တယ်ဆိုတာကို အောက်တိုဘာလ ၃၀ရက်နေ့ ရက်စွဲနဲ့ တရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။

ကိုရှိုင်းထက်အောင် (ခ) ဟာဆယ်ယွန်ကို အောက်တိုဘာလ ၂၉ရက်နေ့ ညနေပိုင်းမှာ လှိုင်မြို့မ ရဲစခန်းမှာ အမှုဖွင့်ပြီး ဖမ်းဆီးထိန်းသိမ်းအရေးယူထားတယ်လို့ စစ်ကောင်စီက ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ "ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီး"ရုပ်ရှင်ဟာ ဟိန္ဒူဘာသာနဲ့ ရိုးရာယဉ်ကျေးမှုကို သရော်လှောင်ပြောင်ထားတဲ့ရုပ်ရှင်ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်ခဲ့တဲ့ ကိုရှိုင်းထက်အောင်ရဲ့ ပို့စ်ကို တော်တော်များများကလည်း ဟိန္ဒူရိုးရာယဉ်ကျေးမှုကိုထိခိုက်စေတဲ့လုပ်ရပ်ဖြစ်ပြီး လှောင်ပြောင်သရော်တဲ့စာသားတွေနဲ့ မပေးသင့်တဲ့ ရုပ်ရှင်နာမည်အဖြစ် ထောက်ခံရေးသားခဲ့ကြပါတယ်။

ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးတဲ့ ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီး ရုပ်ရှင်ဇာတ်ကား ဟာ ဟိန္ဒူဘာသာနဲ့ ရိုးရာယဉ်ကျေးမှုကို အပျော်အပြက် ဟာသ ရယ်စရာအဖြစ် သရော်လှောင်ပြောင်ထားတယ်ဆိုပြီး ဟိန္ဒူနွယ်ဝင်တွေဘက်က ပြင်းထန်စွာကန့်ကွက်ကြောင်း မြန်မာ ဟိန္ဒူသမဂ္ဂနဲ့ မြန်မာဟိန္ဒူအစည်းအရုံးကလည်း အောက်တိုဘာလ ၂၉ရက်နေ့က ကြေညာချက်ထုတ်ပြန်ကန့်ကွက်ထားပါတယ်။

ဒီအပေါ် ကိုရှိုင်းထက်အောင်ဟာ လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်အောင် လူမျိုး တစ်မျိုးနဲ့တစ်မျိုးကြား၊ ဘာသာတစ်ခုနဲ့တစ်ခုကြား အမုန်းပွားလာအောင် တမင်ရည်ရွယ်ပြီး လှုံ့ဆော်ခဲ့တဲ့အတွက် ဖမ်းဆီးအရေးယူပေးဖို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွေမှာ ရေးသားခံရပြီးတဲ့နောက် ကိုရှိုင်းထက်အောင် ရုတ်တရက်ပျောက်ဆုံးသွားခဲ့တဲ့အပေါ် မိသားစု၊ မိတ်ဆွေတွေဘက်က စိုးရိမ်တကြီးနဲ့ လိုက်လံစုံစမ်းရှာဖွေခဲ့ကြတာပါ။

မရမ်းကုန်းမြို့နယ် ခဝဲခြံမျက်မမြင်ကျောင်းမှာ အသံအလှူအတွက် စာအုပ်ဖတ်ဖို့ ထွက်သွားတဲ့ ကိုရှိုင်းထက်အောင် ရုတ်တရက် ပျောက်ဆုံးသွားတဲ့အပေါ်မှာလည်း မိသားစုက လှိုင်နဲ့ မရမ်းကုန်းမြို့နယ် ရဲစခန်းတွေမှာ လူပျောက်တိုင်ကြားထားချိန်မှာပဲ အခုလို စစ်ကောင်စီဘက်က ဖမ်းဆီးအရေးယူထိန်းသိမ်းထားတယ်ဆိုတဲ့ ကြေညာချက်ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီဘက်က လူမှုကွန်ရက်ပေါ်မှာ စစ်တပ်နဲ့ လက်ရှိ အုပ်ချုပ်ရေး နိုင်ငံရေးအပေါ် မလျော်ကန်တဲ့လုပ်ရပ်တွေအဖြစ် ဝေဖန်ရေးသားသူတွေကို စောင့်ကြည့်နေပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ အစိုးရယန္တရားကိုပျက်ပြားအောင် လှုံ့ဆော်တယ်ဆိုတဲ့စွဲချက်တွေနဲ့ အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲဆိုအရေးယူနေတာလည်းဖြစ်ပါတယ်။

Forum

XS
SM
MD
LG