{{{Zawgyi/Unicode}}}
စစ္ေကာင္စီရဲ႕ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီနဲ႔ ကခ်င္ျပည္နယ္က ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖြဲ႔ အပါအဝင္ ခရစ္ယာန္ဘာသာေရးေခါင္းေဆာင္ေတြဟာ ဒုကၡသည္ေတြ ေနရပ္ျပန္ေရးနဲ႔ ၿငိမ္းခ်မ္းေရးကိစၥရပ္ေတြကို တနလၤာေန႔က ေဆြးေႏြးခဲ့ပါတယ္။ KIO က ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို မူအရလက္ခံေပမဲ့ ထန္တလန္အျဖစ္အပ်က္ဟာ ၿငိမ္းခ်မ္းေရး တည္ေဆာက္ဖို႔အတြက္ အျပန္အလွန္ ယုံၾကည္မႈကို ထိခိုက္ပ်က္ျပားေစတယ္လို႔ တုံ႔ျပန္ထားပါတယ္။ ရန္ကုန္ကလာတဲ့ ကခ်င္အေရးေဆြးေႏြးပြဲသတင္းကို ကိုေအာင္ျမတ္သူက တင္ျပေပးထားပါတယ္။
စစ္ေကာင္စီရဲ႕ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညႇိႏႈိင္းေရးေကာ္မတီနဲ႔ ခရစ္ယာန္ဂိုဏ္းေပါင္းစုံ ဘာသာေရး ေခါင္းေဆာင္ေတြ၊ PCG ေခၚ ကခ်င္ျပည္နယ္က ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖြဲ႔က ကိုယ္စားလွယ္ေတြဟာ ေနျပည္ေတာ္မွာ ႏိုဝင္ဘာ ၁ ရက္က ေဆြးေႏြးခဲ့ၾကပါတယ္။
“က်ေနာ္တို႔က အၿမဲတမ္း ၿငိမ္းခ်မ္းေရးကို ေရွ႕ရႈၿပီး ေတာ္လွန္ေရးလုပ္ေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ ၿငိမ္းခ်မ္းေရးရႏိုင္တဲ့ လမ္းေၾကာင္းေကာင္းေတြ၊ အစီအစဥ္ေကာင္းေတြ ရွိလို႔ ရွိရင္ လက္ခံရမွာျဖစ္ပါတယ္။ ဒါက မူအရ ေျပာတာပါ။ ဘာေၾကာင့္လဲဆိုေတာ့ စစ္ေကာင္စီဘက္ကလည္း သူတို႔ရဲ႕လႈပ္ရွားမႈေတြ၊ သူတို႔ရဲ႕ သေဘာထား ေတြ အေျပာင္းအလဲ မရွိလို႔ ရွိရင္ေတာ့ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးေပ့ါေနာ္။ ဒီ ဒီမိုကေရစီလမ္းေၾကာင္းေပၚမွာ ေရာက္ဖို႔က နည္းနည္းခက္မယ္လို႔ က်ေနာ္ထင္ပါတယ္ခင္ဗ်။” (ဗိုလ္မႉးႀကီးေနာ္ဘူ၊ KIO ျပန္ၾကားေရး)
ဒီေတြ႔ဆုံပြဲမွာ အဓိက ေဆြးေႏြးတဲ့အခ်က္ေတြကို ကိုယ္တိုင္ပါဝင္တက္ေရာက္ခဲ့တဲ့ PCG က ဦးလမိုင္ဂြမ္ဂ်ာက အခုလို VOA ကို ေျပာပါတယ္။
“အရင္တုန္းက လုပ္ထားခဲ့တဲ့ ဒီ IDP ေတြ ျပန္ႏိုင္ေရးအတြက္ကို ဘယ္ေလာက္ အတိုင္းအတာ ဘယ္ေလာက္ထိ လုပ္ထားၿပီလဲ။ ဆက္လက္ၿပီးမွ တပ္မေတာ္အေနနဲ႔လည္း ဘယ္လို ကူညီ ပံံ့ပိုး ေပးရမလဲ။ ဘယ္လိုလုပ္ရင္ ေကာင္းမလဲဆိုတဲ့ဟာေတြကို ေတြ႕ဆုံၿပီးမွ ေဆြးေႏြးတဲ့ ေတြ႕ဆုံေဆြးေႏြးပြဲပဲျဖစ္တယ္။”
စစ္ေျပးဒုကၡသည္ IDP ေက်း႐ြာ ၂၇ ႐ြာ ေနရပ္ျပန္ႏိုင္ေရးအတြက္ အရင္ႏွစ္ေတြက အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္အစိုးရ၊ တပ္မေတာ္နဲ႔ KIO တို႔ ညႇိႏႈိင္းၿပီး သေဘာတူထားၿပီး ဘာသာေရးအဖြဲ႔အစည္းေတြနဲ႔ နိပြန္ေဖာင္ေဒးရွင္းတို႔က အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနတာျဖစ္ပါတယ္။
ေနာက္ပိုင္းမွာေတာ့ တိုက္ပြဲေတြ ျပန္ျဖစ္လာတာေၾကာင့္ လုံၿခဳံေရးပ်က္ျပားၿပီး အစီအစဥ္ေတြ ရပ္ဆိုင္း ေနတာပါ။
တနလၤာေန႔ကေဆြးေႏြးပြဲမွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ေဆြးေႏြးခဲ့ေၾကာင္းလည္း ဦးလမိုင္ဂြမ္ဂ်ာက ဆက္ေျပာပါတယ္။
“ဒီ IDP ေနရပ္ျပန္ေရးအတြက္ကလည္း ၿငိမ္းခ်မ္းမွေလ၊ အပစ္အခတ္မရွိမွဘဲ ျဖစ္မွ ျဖစ္တဲ့အတြက္ေၾကာင့္ ဒီ ၿငိမ္းခ်မ္းေရးအတြက္ကလည္း NCA လမ္းေၾကာင္းေပၚမွာ သြားႏိုင္ဖို႔ အရင္တုန္းက ၂၀၁၈-၁၉ တုံးက ညႇိႏႈိင္းထားတဲ့ Bilateral လက္မွတ္ ေရးထိုးႏိုင္ဖို႔ လုပ္ထားတာ။ အဲဒါက Covid 19 ေရာဂါေၾကာင့္ ေတြ႕ဆုံႏိုင္ဖို႔ အခက္အခဲေတြ ျဖစ္သြားတဲ့အေပၚ အခုလည္း အစိုးရ အေျပာင္းအလဲ ျပန္ျဖစ္တဲ့အေပၚမွာ ေရွ႕ဆက္ၿပီးေတာ့ ဘယ္လို လုပ္သြားမလဲ။ ဘယ္လို ေတြ႔ ဆုံႏိုင္မလဲ ဆိုတဲ့ ပုံစံမ်ိဳး ညႇိႏႈိင္းတာေတာ့ ရွိတယ္။ ဘယ္လိုေတြ႕ဆုံႏိုင္မယ္။ မေတြ႕ဆုံႏိုင္ဘူးဆိုတာ ဆုံးျဖတ္ခ်က္ခ်တာေတာ့ မရွိဘူး။”
ကခ်င္လက္နက္ကိုင္ KIO ဘက္ကေတာ့ ကခ်င္ဘာသာေရးေခါင္းေဆာင္ေတြနဲ႔ IDP ေတြ ေနရပ္ျပန္ေရးေဆြးေႏြးမယ္ ဆိုတာ သိရေပမဲ့ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီး ေဆြးေႏြးတာကို မသိေၾကာင္း ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက ေျပာပါတယ္။
လက္ရွိ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔နဲ႔ပတ္သက္ၿပီး သူ႔ရဲ႕ အျမင္ကိုလည္း ဗိုလ္မႉးႀကီးေနာ္ဘူက အခုလို ေျပာပါတယ္။
“က်ေနာ္တို႔ကေတာ့ အၿမဲတမ္း ၿငိမ္းခ်မ္းေရးကို ေရွ႕ရႈၿပီးမွ ေတာ္လွန္ေရးလုပ္ေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ ၿငိမ္းခ်မ္းေရးကိုရႏိုင္တဲ့ လမ္းေၾကာင္းေကာင္းေတြ၊ အစီအစဥ္ေကာင္းေတြ ရွိလို႔ ရွိရင္ေတာ့ က်ေနာ္တို႔က လက္ခံရမွာျဖစ္ပါတယ္။ ဒါက မူအရ ေျပာတာပါ။ ေလာေလာဆယ္ကေတာ့ နည္းနည္းခက္မယ္လို႔ က်ေနာ္ထင္ ပါတယ္ခင္ဗ်။ ဘာေၾကာင့္လဲဆိုေတာ့ စစ္ေကာင္စီဘက္ကလည္း သူတို႔ရဲ႕လႈပ္ရွားမႈေတြ၊ သူတို႔ရဲ႕ သေဘာထား ေတြ အေျပာင္းအလဲ မရွိလို႔ ရွိရင္ေတာ့ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးေပ့ါေနာ္။ ဒီ ဒီမိုကေရစီလမ္းေၾကာင္းေပၚမွာ ေရာက္ဖို႔ကေတာ့ နည္းနည္းခက္မယ္လို႔ က်ေနာ္ထင္ပါတယ္ခင္ဗ်။”
ႏိုဝင္ဘာ ၁ ရက္ ညပိုင္းကပဲ ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕ မီးေလာင္မႈနဲ႔ပတ္သက္ၿပီး KIO က ေၾကညာခ်က္ တေစာင္ထုတ္ျပန္ခဲ့ပါတယ္။ ထုတ္ျပန္ခ်က္မွာ စစ္ေကာင္စီက ဒီမီးေလာင္မႈဟာ PDF ေတြ လက္ခ်က္ျဖစ္ေၾကာင္း တုံ႔ျပန္ထားတာကို လက္မခံေၾကာင္း ေဖာ္ျပထားပါတယ္။
ပိုဆိုးတာကေတာ့ 'က်ေနာ္တို႔ လုပ္တာမဟုတ္ဘူး။ PDF ကေန လုပ္တာျဖစ္ပါတယ္'.. ဆိုၿပီးမွ ေျပာလာတာ ေတြ႕ရပါတယ္။ ဒါကေတာ့ ကမာၻအလယ္မွာေပါ့ေနာ္။ မွန္ကန္မႈဆိုတာ ဖုံးကြယ္လို႔မွ မရတာ။ ဒီလိုမ်ိဳးပုံစံနဲ႔ လုပ္မယ္ဆိုရင္ က်ေနာ္တို႔ႏိုင္ငံေရးက၊ က်ေနာ္တို႔ရဲ႕ ၿငိမ္းခ်မ္းေရးကေတာ့ ပိုၿပီးမွ ဆိုးသြားႏိုင္တယ္။” (ဗိုလ္မႉးႀကီးေနာ္ဘူ၊ KIO ျပန္ၾကားေရး)
ထန္တလန္အျဖစ္အပ်က္ဟာ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔အတြက္ ယုံၾကည္မႈကို ပ်က္ျပားေစတယ္လို႔ လည္း ဗိုလ္မႉးႀကီးေနာ္ဘူက ေျပာပါတယ္။
“ကိုယ့္လူမ်ိဳး တိုင္းရင္းသားေတြကို၊ ကိုယ့္လူမ်ိဳး ျပည္သူလူထုေတြကို ၾကမ္းၾကဳတ္တဲ့နည္းနဲ႔ မီးရႈိ႕တာေတြ၊ သတ္ျဖတ္တာေတြ၊ ညႇင္းပန္းတာေတြ၊ အမ်ိဳးမ်ိဳးလုပ္လို႔ ရွိရင္ေတာ့ တိုင္းရင္းသားေတြ၊ ျပည္သူလူထုေတြအတြက္ေတာ့ စစ္ေကာင္စီနဲ႔ ညႇိလို႔ရတဲ့အေျခအေနက မျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင့္မို႔ က်ေနာ္တို႔ရဲ႕ ၿငိမ္းခ်မ္းေရးေတြ ႏိုင္ငံေရးေဆြးေႏြးမယ့္ အစီအစဥ္ေတြအတြက္ေတာ့ ထိခိုက္မႈရွိပါတယ္။ ယုံၾကည္မႈတည္ေဆာက္တဲ့ေနရာမွာ အမ်ားႀကီး ထိခိုက္ပါတယ္။ ပိုဆိုးတာကေတာ့ 'က်ေနာ္တို႔ လုပ္တာမဟုတ္ဘူး။ PDF ကေန လုပ္တာျဖစ္ပါတယ္'.. ဆိုၿပီးမွ ေျပာလာတာ ေတြ႕ရပါတယ္။ ဒါကေတာ့ ကမာၻအလယ္မွာေပါ့ေနာ္။ မွန္ကန္မႈဆိုတာ ဖုံးကြယ္လို႔မွ မရတာ။ ဒီလိုမ်ိဳးပုံစံနဲ႔ လုပ္မယ္ဆိုရင္ က်ေနာ္တို႔ႏိုင္ငံေရးက၊ က်ေနာ္တို႔ရဲ႕ ၿငိမ္းခ်မ္းေရးကေတာ့ ပိုၿပီးမွ ဆိုးသြားႏိုင္တယ္။”
တနလၤာေန႔ ေဆြးေႏြးပြဲမွာေတာ့ စစ္ေကာင္စီရဲ႕ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီဘက္က ေကာ္မတီဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ဦးေဆာင္တက္ေရာက္ၿပီး ကခ်င္ ဘာသာေရးေခါင္းေဆာင္ေတြဘက္ကေတာ့ ကက္သလစ္ အသင္းေတာ္က ဖာသာ ခါးတူးေအာင္တို႔ ဦးေဆာင္ တက္ေရာက္ခဲ့ပါတယ္။ KBC အတြင္းေရးမႉးနဲ႔ တာဝန္ ရွိသူေတြကေတာ့ အြန္လိုင္းကေန ေဆြးေႏြးပြဲကို တက္ေရာက္ခဲ့ၾကပါတယ္။
ဒီရက္ပိုင္းအတြင္းမွာေတာ့ စစ္ေကာင္စီတပ္ေတြနဲ႔ KIA အၾကားမွာ ကခ်င္ျပည္နယ္ တႏိုင္းနဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ေတြမွာ တိုက္ပြဲျဖစ္ပြားတာေတြ ရွိခဲ့ပါတယ္။
-----------------
{{{Unicode}}}
ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်များ စစ်ကောင်စီ ငြိမ်းချမ်းရေးကော်မတီနဲ့ တွေ့ဆုံ
စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့ ကချင်ပြည်နယ်က ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ အပါအဝင် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေဟာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စရပ်တွေကို တနင်္လာနေ့က ဆွေးနွေးခဲ့ပါတယ်။ KIO က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မူအရလက်ခံပေမဲ့ ထန်တလန်အဖြစ်အပျက်ဟာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် အပြန်အလှန် ယုံကြည်မှုကို ထိခိုက်ပျက်ပြားစေတယ်လို့ တုံ့ပြန်ထားပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်အရေးဆွေးနွေးပွဲသတင်းကို ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။
စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဘာသာရေး ခေါင်းဆောင်တွေ၊ PCG ခေါ် ကချင်ပြည်နယ်က ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ကိုယ်စားလှယ်တွေဟာ နေပြည်တော်မှာ နိုဝင်ဘာ ၁ ရက်က ဆွေးနွေးခဲ့ကြပါတယ်။
ဒီတွေ့ဆုံပွဲမှာ အဓိက ဆွေးနွေးတဲ့အချက်တွေကို ကိုယ်တိုင်ပါဝင်တက်ရောက်ခဲ့တဲ့ PCG က ဦးလမိုင်ဂွမ်ဂျာက အခုလို VOA ကို ပြောပါတယ်။
“အရင်တုန်းက လုပ်ထားခဲ့တဲ့ ဒီ IDP တွေ ပြန်နိုင်ရေးအတွက်ကို ဘယ်လောက် အတိုင်းအတာ ဘယ်လောက်ထိ လုပ်ထားပြီလဲ။ ဆက်လက်ပြီးမှ တပ်မတော်အနေနဲ့လည်း ဘယ်လို ကူညီ ပံံ့ပိုး ပေးရမလဲ။ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတဲ့ဟာတွေကို တွေ့ဆုံပြီးမှ ဆွေးနွေးတဲ့ တွေ့ဆုံဆွေးနွေးပွဲပဲဖြစ်တယ်။”
စစ်ပြေးဒုက္ခသည် IDP ကျေးရွာ ၂၇ ရွာ နေရပ်ပြန်နိုင်ရေးအတွက် အရင်နှစ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၊ တပ်မတော်နဲ့ KIO တို့ ညှိနှိုင်းပြီး သဘောတူထားပြီး ဘာသာရေးအဖွဲ့ အစည်းတွေနဲ့ နိပွန်ဖောင်ဒေးရှင်းတို့က အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ တိုက်ပွဲတွေ ပြန်ဖြစ်လာတာကြောင့် လုံခြုံရေးပျက်ပြားပြီး အစီအစဉ်တွေ ရပ်ဆိုင်း နေတာပါ။
တနင်္လာနေ့ကဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆွေးနွေးခဲ့ကြောင်းလည်း ဦးလမိုင်ဂွမ်ဂျာက ဆက်ပြောပါတယ်။
“ဒီ IDP နေရပ်ပြန်ရေးအတွက်ကလည်း ငြိမ်းချမ်းမှလေ၊ အပစ်အခတ်မရှိမှဘဲ ဖြစ်မှ ဖြစ်တဲ့အတွက်ကြောင့် ဒီ ငြိမ်းချမ်းရေးအတွက်ကလည်း NCA လမ်းကြောင်းပေါ်မှာ သွားနိုင်ဖို့ အရင်တုန်းက ၂၀၁၈-၁၉ တုံးက ညှိနှိုင်းထားတဲ့ Bilateral လက်မှတ် ရေးထိုးနိုင်ဖို့ လုပ်ထားတာ။ အဲဒါက Covid 19 ရောဂါကြောင့် တွေ့ဆုံနိုင်ဖို့ အခက်အခဲတွေ ဖြစ်သွားတဲ့အပေါ် အခုလည်း အစိုးရ အပြောင်းအလဲ ပြန်ဖြစ်တဲ့အပေါ်မှာ ရှေ့ဆက်ပြီးတော့ ဘယ်လို လုပ်သွားမလဲ။ ဘယ်လို တွေ့ ဆုံနိုင်မလဲ ဆိုတဲ့ ပုံစံမျိုး ညှိနှိုင်းတာတော့ ရှိတယ်။ ဘယ်လိုတွေ့ဆုံနိုင်မယ်။ မတွေ့ဆုံနိုင်ဘူးဆိုတာ ဆုံးဖြတ်ချက်ချတာတော့ မရှိဘူး။”
ကချင်လက်နက်ကိုင် KIO ဘက်ကတော့ ကချင်ဘာသာရေးခေါင်းဆောင်တွေနဲ့ IDP တွေ နေရပ်ပြန်ရေးဆွေးနွေးမယ် ဆိုတာ သိရပေမဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတာကို မသိကြောင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးဖို့နဲ့ပတ်သက်ပြီး သူ့ရဲ့ အမြင်ကိုလည်း ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။
“ကျနော်တို့ကတော့ အမြဲတမ်း ငြိမ်းချမ်းရေးကို ရှေ့ရှုပြီးမှ တော်လှန်ရေးလုပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကိုရနိုင်တဲ့ လမ်းကြောင်းကောင်းတွေ၊ အစီအစဉ်ကောင်းတွေ ရှိလို့ ရှိရင်တော့ ကျနော်တို့က လက်ခံရမှာဖြစ်ပါတယ်။ ဒါက မူအရ ပြောတာပါ။ လောလောဆယ်ကတော့ နည်းနည်းခက်မယ်လို့ ကျနော်ထင် ပါတယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီဘက်ကလည်း သူတို့ရဲ့လှုပ်ရှားမှုတွေ၊ သူတို့ရဲ့ သဘောထား တွေ အပြောင်းအလဲ မရှိလို့ ရှိရင်တော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးပေ့ါနော်။ ဒီ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရောက်ဖို့ကတော့ နည်းနည်းခက်မယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျ။”
နိုဝင်ဘာ ၁ ရက် ညပိုင်းကပဲ ချင်းပြည်နယ် ထန်တလန်မြို့ မီးလောင်မှုနဲ့ပတ်သက်ပြီး KIO က ကြေညာချက် တစောင်ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်မှာ စစ်ကောင်စီက ဒီမီးလောင်မှုဟာ PDF တွေ လက်ချက်ဖြစ်ကြောင်း တုံ့ပြန်ထားတာကို လက်မခံကြောင်း ဖော်ပြထားပါတယ်။
ထန်တလန်အဖြစ်အပျက်ဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ယုံကြည်မှုကို ပျက်ပြားစေတယ်လို့ လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ကိုယ့်လူမျိုး တိုင်းရင်းသားတွေကို၊ ကိုယ့်လူမျိုး ပြည်သူလူထုတွေကို ကြမ်းကြုတ်တဲ့နည်းနဲ့ မီးရှို့တာတွေ၊ သတ်ဖြတ်တာတွေ၊ ညှင်းပန်းတာတွေ၊ အမျိုးမျိုးလုပ်လို့ ရှိရင်တော့ တိုင်းရင်းသားတွေ၊ ပြည်သူလူထုတွေအတွက်တော့ စစ်ကောင်စီနဲ့ ညှိလို့ရတဲ့အခြေအနေက မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးတွေ နိုင်ငံရေးဆွေးနွေးမယ့် အစီအစဉ်တွေအတွက်တော့ ထိခိုက်မှုရှိပါတယ်။ ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ အများကြီး ထိခိုက်ပါတယ်။ ပိုဆိုးတာကတော့ 'ကျနော်တို့ လုပ်တာမဟုတ်ဘူး။ PDF ကနေ လုပ်တာဖြစ်ပါတယ်'.. ဆိုပြီးမှ ပြောလာတာ တွေ့ရပါတယ်။ ဒါကတော့ ကမ္ဘာအလယ်မှာပေါ့နော်။ မှန်ကန်မှုဆိုတာ ဖုံးကွယ်လို့မှ မရတာ။ ဒီလိုမျိုးပုံစံနဲ့ လုပ်မယ်ဆိုရင် ကျနော်တို့နိုင်ငံရေးက၊ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးကတော့ ပိုပြီးမှ ဆိုးသွားနိုင်တယ်။”
တနင်္လာနေ့ ဆွေးနွေးပွဲမှာတော့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဘက်က ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တက်ရောက်ပြီး ကချင် ဘာသာရေးခေါင်းဆောင်တွေဘက်ကတော့ ကက်သလစ် အသင်းတော်က ဖာသာ ခါးတူးအောင်တို့ ဦးဆောင် တက်ရောက်ခဲ့ပါတယ်။ KBC အတွင်းရေးမှူးနဲ့ တာဝန် ရှိသူတွေကတော့ အွန်လိုင်းကနေ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြပါတယ်။
ဒီရက်ပိုင်းအတွင်းမှာတော့ စစ်ကောင်စီတပ်တွေနဲ့ KIA အကြားမှာ ကချင်ပြည်နယ် တနိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့ပါတယ်။
#MyanmarPeace #KachinPeace #MyanmarMilitary #VOABurmese
#ဒုက္ခသည်နေရပ်ပြန်ရေး#ထန်တလန်#ငြိမ်းချမ်းရေး#KIO