သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ ဥကၠ႒ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ကမ္းလွမ္းခ်က္ လက္နက္ကိုင္တခ်ိဳ႕ အျမင္


ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္ (ဧၿပီ ၂၂၊ ၂၀၂၂)

[[Zawgyi/Unicode]]


တုိင္းရင္းသားလက္နက္ကိုင္ေခါင္းေဆာင္ေတြနဲ႔ ေဆြးေႏြးဖုိ႔ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ဖိတ္ၾကားတာဟာ အျပဳသေဘာ လကၡဏာျဖစ္တယ္လို႔ အပစ္ရပ္ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းေတြရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ (PPST) ရဲ႕ ဦးေဆာင္ေကာ္မတီအဖဲြ႔ဝင္ ဗိုလ္မွဴးႀကီး ခြန္ဥကၠာက တံု႔ျပန္ပါတယ္။ စစ္ေကာင္စီနဲ႔ တုိက္ပြဲေတြျဖစ္ေနတဲ့ KIA ကခ်င္အဖဲြ႔ကေတာ့ ဖိတ္ေခၚမႈကို ေလာေလာဆယ္ မတံု႔ျပန္ႏုိင္ေသးဘူးလို႔ေျပာပါတယ္။ အခုလိုဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က တုိင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ သူကိုယ္တိုင္ေတ႔ြဆံုေဆြးေႏြးတာက ၿငိမ္းခ်မ္းေရးအတြက္ဘယ္ေလာက္ေမွ်ာ္လင့္ခ်က္႐ွိပါသလဲ။ ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ျပည္တြင္း လက္နက္ကိုင္ ပဋိပကၡေတြ ခ်ဳပ္ၿငိမ္းေရးကို လက္ေတြ႕က်က် အေကာင္အထည္ေဖာ္ဖို႔ လိုအပ္တဲ့အတြက္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြက ေခါင္းေဆာင္ေတြကိုနဲ႔ ေဆြးေႏြးဖို႔ ဖိတ္ေခၚတယ္လို႔ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ဒီေန႔ဖိတ္ေခၚလိုက္ပါတယ္။ တိုင္းရင္းသားအားလုံး ၿငိမ္းခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈရဲ႕ အရသာကိုခံစားႏိုင္ဖို႔ အားလုံးလက္တြဲၿပီး ႐ိုးသားပြင့္လင္းစြာ ေဆြးေႏြးသြားမယ္လို႔ ႐ုပ္ျမင္သံၾကားေပၚကေန ဒီေန႔ ဧၿပီလ ၂၂ ရက္ ၿငိမ္းခ်မ္းေရးဆိုင္ရာ မိန္႔ခြန္းေျပာၾကား ဖိတ္ေခၚခဲ့တာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ ေနရာေတာ္ေတာ္မ်ားမ်ားမွာ စစ္ေကာင္စီတပ္ေတြနဲ႔ တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြ၊ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြၾကား လက္နက္ကိုင္ပဋိပကၡေတြ ႐ွိေနခ်ိန္မွာ တိုင္းရင္းသားလက္နက္ကိုင္ ေခါင္းေဆာင္ေတြနဲ႔ ေတ႔ြဆံုဖို႔ ကမ္းလွမ္းတာျဖစ္ပါတယ္။ ဒါဟာ ေဆြးေႏြးဖို႔ အခြင့္အလမ္း စတင္တဲ့ေျခလွမ္းျဖစ္တယ္လို႔ အပစ္ရပ္ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းေတြရဲ႕ ၿငိမ္းခ်မ္း ေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ (PPST) ရဲ႕ ဦးေဆာင္ေကာ္မတီအဖဲြ႔ဝင္ ဗိုလ္ မွဴးႀကီး ခြန္ဥကၠာက တံု႔ျပန္လုိက္ပါတယ္။ ဗိုလ္မွဴးႀကီး ခြန္ဥကၠာဟာ ပအို၀္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖဲြ႔ခ်ဳပ္ PNLO ရဲ့ နာယကလည္းျဖစ္ပါတယ္။

"အေျခအေန အစစ္အမွန္ အတိအက်ကို က်ေနာ္တို႔ နည္းနည္းေလး ေလ့လာသုံးသပ္ေနတယ္။ ဒါေပမယ့္ ေယ်ဘုယၾကည့္ရင္ေတာ့ ဒီၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ ဖိတ္ေခၚတယ္ဆိုတာ ေကာင္းတဲ့လကၡဏာပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ လုံးဝ တံခါးပိတ္ၿပီးေတာ့ အၾကမ္းဖက္ တိုက္ေနခိုက္ေန၊ ပဋိပကၡေတြပဲ ေဖာ္ထုတ္ေနရင္ေတာ့ ဘယ္လိုမွေကာင္းႏိုင္မွာ မဟုတ္ေတာ့ စကားေျပာဖို႔၊ ေဆြးေႏြးဖို႔ အခြင့္အလမ္း ေဖာ္ေဆာင္ထားတယ္ဆိုတာ ေကာင္းတဲ့၊ အျပဳသေဘာေဆာင္တဲ့ လကၡဏာပါပဲလို႔။ မေဆြးေႏြးဘူး တျခားနည္းလမ္းနဲ႔ စစ္ေရးနည္းလမ္းနဲ႔ အၾကမ္းဖက္နည္းလမ္းနဲ႔ အင္အားသုံးၿပီးေတာ့ ေျဖရွင္းမယ္ဆိုရင္ အေျခအေနပိုဆိုးတာေပါ့။ ပိုၿပီး တိုင္းျပည္အတြက္ အခက္အခဲျဖစ္တာေပါ့။"

တႏိုင္ငံလုံး အပစ္ရပ္လက္မွတ္ NCA ေရးထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္ ၁၀ ခုနဲ႔ဖြဲ႕စည္းထားတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST ရဲ႕ အစည္း အေဝးကို ေမလ ၂၅ ရက္မွာ လုပ္ဖို႔ရွိေနပါတယ္။ ဒါေၾကာင့္ PPST ထဲကလက္နက္ကိုင္ေတြအေနနဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ ဖိတ္ေခၚကမ္းလွမ္းခ်က္ကို ဒီအစည္းအေဝးၿပီးမွပဲ စုစုေဝးေဝး ဘယ္လိုတုံ႔ျပန္သြားမလဲဆိုတာ စဥ္းစားဖို႔ရွိတယ္လို႔ လက္နက္ကိုင္ အဖြဲ႕အစည္းတခ်ိဳ႕ ကလည္း ဗြီအိုေအကို ေျပာပါတယ္
တုိင္းရင္းသားအဖဲြ႔ေတြရဲ႕ ေခါင္းေဆာင္ေတြ ကိုယ္တုိင္နဲ႔ အဖဲြ႔ဝင္ ၂ ဦးစီကို ေဆြးေႏြးပြဲ တက္ဖုိ႔ ဖိတ္ေခၚထားၿပီး၊ ေဆြးေႏြးပြဲ တက္မယ့္သူေတြရဲ႕ နာမည္ေတြကို ေမလ ၉ ရက္ေနာက္ဆံုးထား စာရင္းေပးဖုိ႔လည္း ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က မိန္႔ခြန္းထဲမွာ ေျပာၾကားထားပါတယ္။ စစ္ေကာင္စီတပ္ေတြနဲ႔ တိုက္ပြဲေတြ မၾကာမၾကာျဖစ္ေနတဲ့ ကခ်င္တုိင္းရင္းသားလက္နက္ကိုင္ KIO အဖဲြ႔အေနနဲ႔ေတာ့ ဖိတ္ေခၚခ်က္ကို တံု႔ျပန္ဖုိ႔ အဖဲြ႔အတြင္း ေဆြးေႏြးဖုိ႔လိုတယ္လို႔ ေျပာခြင့္ရ ဗိုလ္မွဴးႀကီးေနာ္ဘူက ဗီအိုေအကို ေျပာပါတယ္။

"ဆိုေတာ့ က်ေနာ္တို႔လည္း KIO ဗဟိုေကာ္မတီရဲ႕ သေဘာထားေတြ၊ သူတို႔ရဲ႕ ဆုံးျဖတ္ခ်က္ေတြ သုံးသပ္ခ်က္ေတြကေတာ့ လိုမွာပါ။ အဲဒါမရွိဘဲနဲ႔ က်ေနာ္လည္း ရမ္းေျပာလို႔ မရေသးပါဘူး။ ဗဟိုေကာ္မတီကေတာ့ ေဆြးေႏြးမယ္ဆိုမွာလား ဒါမွမဟုတ္ သူေျပာတဲ့မိန႔္ခြန္းထဲက အခ်က္အလက္ေတြကို ေကာ္မတီက ဘယ္လိုဆုံးျဖတ္မွာ သုံးသပ္မွာလဲဆိုတဲ့ အပိုင္းကေတာ့ လိုမွာပါ၊ ဒါေၾကာင့္အခု နည္းနည္းေစာပါတယ္ က်ေနာ့အတြက္၊ ဆိုေတာ့ KIO ရဲ႕ သတင္းထုတ္ျပန္တာ မရွိတဲ့အတြက္ က်ေနာ္ကလည္း ေျပာလို႔ေတာ့ အဆင္မေျပေသးဘူး။"

စစ္ေကာင္စီအႀကီးအကဲ ေဆြးေႏြးဖုိ႔ ဖိတ္ေခၚတဲ့ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေလာေလာဆယ္တုိက္ခိုက္ေနတဲ့ ျပည္သူ႔ကာကြယ္ေရး PDF တပ္ေတြ မပါဘူးလုိ႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗီအိုေအကို ေျပာပါတယ္။ လက္႐ွိ ကရင္ျပည္နယ္၊ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္း၊ မေကြးတိုင္းတို႔မွာ တိုက္ခိုက္ေနတဲ့ ျပည္သူ႔ကာကြယ္ေရး PDF ေတြနဲ႔ တိုက္ပဲြေတြျဖစ္ေနတာပါ။ စစ္ေရးပဋိပကၡေတြ ျပင္းထန္ေနတဲ့ အဖဲြ႔ေတြနဲ႔ မေဆြးေႏြးရင္ လက္နက္ကိုင္ ပဋိပကၡေတြ ခ်ဳပ္ၿငိမ္းႏိုင္မွာ မဟုတ္ဘူးလို႔ ႏိုင္ငံေရးေလ့လာသူ ဦးသန္းစိုးႏုိင္က သံုးသပ္ပါတယ္။

အခုလို ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က သူကိုယ္တိုင္နဲ႔ေဆြးေႏြးဖုိ႔ ဖိတ္ေခၚတာဟာ သူဖဲြ႔စည္းေပးထားတဲ့ ထာဝရၿငိမ္းခ်မ္းေရး တည္ေဆာက္ေရးအဖဲြ႔အစည္းရဲ႕လုပ္ငန္းေတြ မေအာင္ျမင္ဘူးဆိုတာ ျပသလိုက္တာျဖစ္တယ္လို႔လည္း သူက သံုးသပ္ပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြနဲ႔ တဖဲြ႔ခ်င္း သီးသန္႔ ဒါမွမဟုတ္ အဖဲြ႔စံုညီေတ႔ြမလားဆိုတာကေတာ့ လက္နက္ကိုင္အဖဲြ႔ေတြဘက္က အေၾကာင္းျပန္လာတဲ့အေပၚ မူတည္စီစဥ္မွာျဖစ္တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗီြအုိေအကို ေျပာပါတယ္။

REX SAC. LNC
please wait

No media source currently available

0:00 0:05:07 0:00
တိုက္႐ိုက္ လင့္ခ္

#SAC #PeaceTalk #EAOs #KhunOkka #KIA#မင္းေအာင္လိႈင္ #ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ #တိုင္းရင္းသားလက္နက္ကိုင္ #ဗီြအိုေအ
================

[[Zawgyi/Unicode]]

စစ်ကောင်စီ ဥက္ကဋ္ဌ ငြိမ်းချမ်းရေးဆွေးနွေးမှု ကမ်းလှမ်းချက် လက်နက်ကိုင်တချို့ အမြင်
တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ကြားတာဟာ အပြုသဘော လက္ခဏာဖြစ်တယ်လို့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက တုံ့ပြန်ပါတယ်။ စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ KIA ကချင်အဖွဲ့ကတော့ ဖိတ်ခေါ်မှုကို လောလောဆယ် မတုံ့ပြန်နိုင်သေးဘူးလို့ပြောပါတယ်။ အခုလိုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သူကိုယ်တိုင်တေ့ွဆုံဆွေးနွေးတာက ငြိမ်းချမ်းရေးအတွက်ဘယ်လောက်မျှော်လင့်ချက်ရှိပါသလဲ။ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေကိုနဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့ဖိတ်ခေါ်လိုက်ပါတယ်။ တိုင်းရင်းသားအားလုံး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အရသာကိုခံစားနိုင်ဖို့ အားလုံးလက်တွဲပြီး ရိုးသားပွင့်လင်းစွာ ဆွေးနွေးသွားမယ်လို့ ရုပ်မြင်သံကြားပေါ်ကနေ ဒီနေ့ ဧပြီလ ၂၂ ရက် ငြိမ်းချမ်းရေးဆိုင်ရာ မိန့်ခွန်းပြောကြား ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ နေရာတော်တော်များများမှာ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ တေ့ွဆုံဖို့ ကမ်းလှမ်းတာဖြစ်ပါတယ်။ ဒါဟာ ဆွေးနွေးဖို့ အခွင့်အလမ်း စတင်တဲ့ခြေလှမ်းဖြစ်တယ်လို့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဗိုလ် မှူးကြီး ခွန်ဥက္ကာက တုံ့ပြန်လိုက်ပါတယ်။ ဗိုလ်မှူးကြီး ခွန်ဥက္ကာဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ နာယကလည်းဖြစ်ပါတယ်။

"အခြေအနေ အစစ်အမှန် အတိအကျကို ကျနော်တို့ နည်းနည်းလေး လေ့လာသုံးသပ်နေတယ်။ ဒါပေမယ့် ယျေဘုယကြည့်ရင်တော့ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖိတ်ခေါ်တယ်ဆိုတာ ကောင်းတဲ့လက္ခဏာပါပဲ။ ဘာကြောင့်လဲဆိုတော့ လုံးဝ တံခါးပိတ်ပြီးတော့ အကြမ်းဖက် တိုက်နေခိုက်နေ၊ ပဋိပက္ခတွေပဲ ဖော်ထုတ်နေရင်တော့ ဘယ်လိုမှကောင်းနိုင်မှာ မဟုတ်တော့ စကားပြောဖို့၊ ဆွေးနွေးဖို့ အခွင့်အလမ်း ဖော်ဆောင်ထားတယ်ဆိုတာ ကောင်းတဲ့၊ အပြုသဘောဆောင်တဲ့ လက္ခဏာပါပဲလို့။ မဆွေးနွေးဘူး တခြားနည်းလမ်းနဲ့ စစ်ရေးနည်းလမ်းနဲ့ အကြမ်းဖက်နည်းလမ်းနဲ့ အင်အားသုံးပြီးတော့ ဖြေရှင်းမယ်ဆိုရင် အခြေအနေပိုဆိုးတာပေါ့။ ပိုပြီး တိုင်းပြည်အတွက် အခက်အခဲဖြစ်တာပေါ့။"

တနိုင်ငံလုံး အပစ်ရပ်လက်မှတ် NCA ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ခုနဲ့ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ အစည်း အဝေးကို မေလ ၂၅ ရက်မှာ လုပ်ဖို့ရှိနေပါတယ်။ ဒါကြောင့် PPST ထဲကလက်နက်ကိုင်တွေအနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်ကမ်းလှမ်းချက်ကို ဒီအစည်းအဝေးပြီးမှပဲ စုစုဝေးဝေး ဘယ်လိုတုံ့ပြန်သွားမလဲဆိုတာ စဉ်းစားဖို့ရှိတယ်လို့ လက်နက်ကိုင် အဖွဲ့အစည်းတချို့ ကလည်း ဗွီအိုအေကို ပြောပါတယ်
တိုင်းရင်းသားအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင်နဲ့ အဖွဲ့ဝင် ၂ ဦးစီကို ဆွေးနွေးပွဲ တက်ဖို့ ဖိတ်ခေါ်ထားပြီး၊ ဆွေးနွေးပွဲ တက်မယ့်သူတွေရဲ့ နာမည်တွေကို မေလ ၉ ရက်နောက်ဆုံးထား စာရင်းပေးဖို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းထဲမှာ ပြောကြားထားပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ မကြာမကြာဖြစ်နေတဲ့ ကချင်တိုင်းရင်းသားလက်နက်ကိုင် KIO အဖွဲ့အနေနဲ့တော့ ဖိတ်ခေါ်ချက်ကို တုံ့ပြန်ဖို့ အဖွဲ့အတွင်း ဆွေးနွေးဖို့လိုတယ်လို့ ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ဗီအိုအေကို ပြောပါတယ်။

"ဆိုတော့ ကျနော်တို့လည်း KIO ဗဟိုကော်မတီရဲ့ သဘောထားတွေ၊ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေ သုံးသပ်ချက်တွေကတော့ လိုမှာပါ။ အဲဒါမရှိဘဲနဲ့ ကျနော်လည်း ရမ်းပြောလို့ မရသေးပါဘူး။ ဗဟိုကော်မတီကတော့ ဆွေးနွေးမယ်ဆိုမှာလား ဒါမှမဟုတ် သူပြောတဲ့မိန့်ခွန်းထဲက အချက်အလက်တွေကို ကော်မတီက ဘယ်လိုဆုံးဖြတ်မှာ သုံးသပ်မှာလဲဆိုတဲ့ အပိုင်းကတော့ လိုမှာပါ၊ ဒါကြောင့်အခု နည်းနည်းစောပါတယ် ကျနော့အတွက်၊ ဆိုတော့ KIO ရဲ့ သတင်းထုတ်ပြန်တာ မရှိတဲ့အတွက် ကျနော်ကလည်း ပြောလို့တော့ အဆင်မပြေသေးဘူး။"

စစ်ကောင်စီအကြီးအကဲ ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ နေရာတော်တော်များများမှာ လောလောဆယ်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေး PDF တပ်တွေ မပါဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗီအိုအေကို ပြောပါတယ်။ လက်ရှိ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှာ တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေး PDF တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာပါ။ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ အဖွဲ့တွေနဲ့ မဆွေးနွေးရင် လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းနိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

အခုလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူကိုယ်တိုင်နဲ့ဆွေးနွေးဖို့ ဖိတ်ခေါ်တာဟာ သူဖွဲ့စည်းပေးထားတဲ့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရေးအဖွဲ့အစည်းရဲ့လုပ်ငန်းတွေ မအောင်မြင်ဘူးဆိုတာ ပြသလိုက်တာဖြစ်တယ်လို့လည်း သူက သုံးသပ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တဖွဲ့ချင်း သီးသန့် ဒါမှမဟုတ် အဖွဲ့စုံညီတေ့ွမလားဆိုတာကတော့ လက်နက်ကိုင်အဖွဲ့တွေဘက်က အကြောင်းပြန်လာတဲ့အပေါ် မူတည်စီစဉ်မှာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

#SAC #PeaceTalk #EAOs #KhunOkka #KIA#မင်းအောင်လှိုင် #ငြိမ်းချမ်းရေးဆွေးနွေးပွဲ #တိုင်းရင်းသားလက်နက်ကိုင် #ဗွီအိုအေ
================

XS
SM
MD
LG