သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

FATF အမည္မည္းစာရင္း ႏိုင္ငံေရး ရည္႐ြယ္ခ်က္အျဖစ္ စစ္ေကာင္စီ တုံ႔ျပန္


FATF President T. Raja Kumar

ျမန္မာႏိုင္ငံကို ႏိုင္ငံတကာ ေငြေၾကးခဝါခ်မႈ ေစာင့္ၾကည့္အေရးယူေရးအဖြဲ႔ (FATF) က အမည္မည္းအမည္မဲစာရင္းသတ္မွတ္ၿပီး အေရးယူလိုက္တဲ့အေပၚ ျမန္မာစစ္ေကာင္စီဘက္ကေတာ့ ဒါဟာ ႏိုင္ငံေရးရည္႐ြယ္ခ်က္နဲ႔ လုပ္တာလို႔ တုံ႔ျပန္ပါတယ္။ FATF ဆုံးျဖတ္ခ်က္နဲ႔ ပတ္သက္လို႔ ဗြီအိုေအက ေမးျမန္းခ်ိန္ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အခုလို ေျပာပါတယ္။

“တခ်ိဳ႕ဟာေတြကေတာ့ ႏိုင္ငံေရးရည္မွန္းခ်က္ေတြနဲ႔ ေဆာင္႐ြက္တယ္လို႔ပဲ က်ေနာ္တို႔အေနနဲ႔ ယူဆပါတယ္။ ျမန္မာႏိုင္ငံအေနနဲ႔ကေတာ့ အတတ္ႏိုင္ဆုံး ေဆာင္႐ြက္သြားၿပီးရင္ ဒီစာရင္းထဲက လြတ္ေျမာက္ေအာင္ ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။ ၂၀၁၁ နဲ႔ ၂၀၁၆ မွာလည္း ဒီ blacklist ထဲကို က်ေနာ္တို႔ ေရာက္ဖူးခဲ့ပါတယ္။ ဒီကေနၿပီးမွ စီးပြားေရး ျပန္တိုးတက္လာတာလည္း ရွိပါတယ္။”

ျမန္မာအေနနဲ႔ ေငြေၾကးခဝါခ်မႈနဲ႔ အၾကမ္းဖက္ေငြေၾကး ေထာက္ပံမႈေတြ ကိုင္တြယ္တာ အားနည္းခဲ့လို႔ အခုလို အမည္မည္းအမည္မဲစာရင္း သြင္းတာလို႔ FATF က အေၾကာင္းျပေပမယ့္၊ တကယ္တမ္း ျမန္မာဘက္က အေရးယူေဆာင္႐ြက္တာေတြ လုပ္ခဲ့ပါတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို ေျပာပါတယ္။

FATF ဥကၠ႒တာဝန္ယူထားတဲ့ စကၤာပူကိုယ္စားလွယ္ T. Raja Kumar ကေတာ့ ျမန္မာအေနနဲ႔ ေငြေၾကးေမွာင္ခိုႏိုင္မႈဆိုင္ရာ FATF စံခ်ိန္စံၫႊန္းေတြ ျဖည့္ဆည္းေရး (၄) ႏွစ္ေက်ာ္ၾကာအထိ၊ မလုပ္ႏိုင္ခဲ့ဘူးလို႔ မေန႔က သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

အခုအေရးယူတဲ့ ဆုံးျဖတ္ခ်က္ကို မေန႔ကခ်ခဲ့တဲ ျပင္သစ္ႏိုင္ငံမွာ က်င္းပခဲ့တဲ့ FATF အစည္းအေဝးကို ကမာၻ႔အဖြဲ႔အစည္းနဲ႔ ႏိုင္ငံေပါင္း ၂၀၀ ေက်ာ္က ကိုယ္စား လွယ္ေတြတက္ေရာက္ခဲ့ရာမွာ၊ ျမန္မာဗဟိုဘဏ္နဲ႔ ျပည္ထဲေရးအရာရွိႀကီးေတြလည္း ပါတယ္လို႔ နီးစပ္သူေတြက ေျပာပါတယ္။

===== Unicode =====

မြန်မာနိုင်ငံကို နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့်အရေးယူရေးအဖွဲ့ (FATF) က အမည်မည်းစာရင်းသတ်မှတ်ပြီး အရေးယူလိုက်တဲ့အပေါ် မြန်မာစစ်ကောင်စီဘက်ကတော့ ဒါဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တာလို့ တုံ့ပြန်ပါတယ်။ FATF ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဗွီအိုအေက မေးမြန်းချိန် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ပြောပါတယ်။

“တချို့ဟာတွေကတော့ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ ဆောင်ရွက်တယ်လို့ပဲ ကျနော်တို့အနေနဲ့ ယူဆပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ အတတ်နိုင်ဆုံး ဆောင်ရွက်သွားပြီးရင် ဒီစာရင်းထဲက လွတ်မြောက်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ၂၀၁၁ နဲ့ ၂၀၁၆ မှာလည်း ဒီ blacklist ထဲကို ကျနော်တို့ ရောက်ဖူးခဲ့ပါတယ်။ ဒီကနေပြီးမှ စီးပွားရေး ပြန်တိုးတက်လာတာလည်း ရှိပါတယ်။”

မြန်မာအနေနဲ့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ငွေကြေး ထောက်ပံမှုတွေ ကိုင်တွယ်တာ အားနည်းခဲ့လို့ အခုလို အမည်မည်းစာရင်း သွင်းတာလို့ FATF က အကြောင်းပြပေမယ့်၊ တကယ်တမ်း မြန်မာဘက်က အရေးယူဆောင်ရွက်တာတွေ လုပ်ခဲ့ပါတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

FATF ဥက္ကဋ္ဌတာဝန်ယူထားတဲ့ စင်္ကာပူကိုယ်စားလှယ် T. Raja Kumar ကတော့ မြန်မာအနေနဲ့ ငွေကြေးမှောင်ခိုနိုင်မှုဆိုင်ရာ FATF စံချိန်စံညွှန်းတွေ ဖြည့်ဆည်းရေး (၄) နှစ်ကျော်ကြာအထိ၊ မလုပ်နိုင်ခဲ့ဘူးလို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အခုအရေးယူတဲ့ ဆုံးဖြတ်ချက်ကို မနေ့ကချခဲ့တဲ ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ FATF အစည်းအဝေးကို ကမ္ဘာ့အဖွဲ့အစည်းနဲ့ နိုင်ငံပေါင်း ၂၀၀ ကျော်က ကိုယ်စား လှယ်တွေတက်ရောက်ခဲ့ရာမှာ၊ မြန်မာဗဟိုဘဏ်နဲ့ ပြည်ထဲရေးအရာရှိကြီးတွေလည်း ပါတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

XS
SM
MD
LG