သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှုမထမ်းမနေရ ဥပဒေ စစ်ကောင်စီပြဌာန်း


စစ်ရေးပြအခမ်းအနားမှာတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
စစ်ရေးပြအခမ်းအနားမှာတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

မြန်မာနိုင်ငံမှာ အရွယ်ရောက်တဲ့ အမျိုးသား အမျိုးသမီးတွေ မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူစစ်မှုထမ်းဥပဒေ ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင်အသက်ဝင်တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် အမျိုးသားတွေ၊ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အရွယ် အမျိုးသမီးတွေအပြင်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက် ကျွမ်းကျင်သူတွေဆိုရင်တော့ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အရွယ်အထိ အမျိုးသား၊ ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အမျိုးသမီးတွေ စစ်မှုထမ်းရမယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။

စစ်မှုထမ်းရမယ့် အသက်အရွယ်ရောက်တဲ့ နိုင်ငံသားတိုင်းကို ၂၄ လထက် မပိုတဲ့ကာလအပိုင်းအခြားအတွက် စစ်မှုထမ်းဖို့ ဆင့်ခေါ်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေဆိုရင်တော့ (၃၆) လထက် မပိုတဲ့ ကာလအပိုင်းအခြားမှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်နိုင်တယ်လို့ ဥပဒေမှာ ပါရှိပါတယ်။ အရေးပေါ် အခြေအနေ ဖြစ်ရင်တော့ စစ်မှုထမ်းကာလကို ၅ နှစ်အထိ တိုးမြင့် သတ်မှတ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။ စစ်မှုမထမ်းမနေရ ဥပဒေလို့လည်း ခေါ်နိုင်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမိန့်နဲ့ ဒီနေ့စတင်ပြဌာန်းတယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG