သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Saddam Hussein လက်ထောက်ဟောင်း သေဆုံး


သေဆုံးသူ Saddam Hussein လက်ထောက်ဟောင်း Izzat Ibrahim al-Douri.
သေဆုံးသူ Saddam Hussein လက်ထောက်ဟောင်း Izzat Ibrahim al-Douri.

အီရတ်နိုင်ငံက ဆွန်နီ လက်နက်ကိုင် ပုန်ကန်သူတွေရဲ့ ခေါင်းဆောင်တဦးဖြစ်ပြီး ကွယ်လွန်သူ အီရတ်ခေါင်းဆောင်ဟောင်း ဆက်ဒမ် ဟူစိန်ရဲ့ လက်ထောက်ဟောင်း တဦးဖြစ်သူ Izzat Ibrahim al-Douri ဟာ စစ်ဆင်ရေးတခု အတွင်း သေဆုံးသွားပြီလို့ အီရတ်တာဝန်ရှိသူတွေကပြောပါတယ်။

အီရတ်တပ်ဖွဲ့တွေနဲ့ ရှီးယားပြည်သူ့စစ်တွေက al-Douri ကို သတ်ပစ်လိုက်တာလို့ Salahuddin ပြည်နယ် အုပ်ချုပ်ရေးမှူးကို ကိုးကားပြီး သောကြာနေ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ အဲဒီပြည်နယ်က Hamreen တောင်တန်းတွေမှာ စစ်ဆင်းရေးကို လုပ်ခဲ့တာလို့ဆိုပါတယ်။ al-Douri လို့ယူဆရသူရဲ့ သေဆုံးနေတဲ့ ခန္ဓာကိုယ်ကို သေဆုံးသွားတဲ့ တခြား အကြမ်းဖက်သမားတွေနဲ့ အတူ တွေ့ခဲ့ရတယ်လို့ သတင်းတွေကပြောပါတယ်။

ဒီအတောအတွင်းမှာပဲ အီရတ်မြောက်ပိုင်း Irbil မြို့က အမေရိကန်ကောင်စစ်ဝန်ရုံး အပြင်ဘက်မှာ သောကြာနေ့က ကားဗုံးတလုံး ပေါက်ကွဲပါတယ်။ အစ္စလာမ် စစ်သွေးကြွ IS အစွန်းရောက်တွေက သူတို့လက်ချက်လို့ ကြေညာထားပါတယ်။

အီရတ်နိုင်ငံ၊ Kirkuk ပြည်နယ်အခြေစိုက် IS အဖွဲ့က ဒီဗုံးခွဲမှုဟာ သူတို့လက်ချက်ဖြစ်တယ် ဆိုပြီး ကြေညာတယ်လို့ ဂျီဟတ်ဝါဒီတွေရဲ့ ဝက်ဘ်ဆိုက်ဒ်တွေကို စောင့်ကြည့်လေ့လာနေတဲ့ အမေရိကန်အခြေစိုက် SITE ထောက်လှမ်းရေးအုပ်စုက သောကြာနေ့မှာ Twitter ကနေပြောပါတယ်။

အဲဒီဖောက်ခွဲမှုကြောင့် လူသုံးဦးထက် မနည်းသေဆုံးပြီး နောက်ထပ်ငါးဦး ဒဏ်ရာရတယ်လို့ ကားဒစ်ရှ်တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG