သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒီပဲယင္းေက်းရြာေတြမွာ စစ္ေကာင္စီက ရွာေဖြ၊ ဖမ္းဆီးေန


myanmar reinforcement

Zawgyi/Unicode

စစ္ကိုင္းတိုင္းေဒသႀကီး၊ ဒီပဲယင္းၿမိဳ႕နယ္က ေက်း႐ြာေတြမွာ စစ္ေကာင္စီတပ္က လက္နက္အင္အားအျပည့္နဲ႔ ဝင္ေရာက္ရွာေဖြ ဖမ္းဆီးတာေတြရွိေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ မူးကမ္းရြာနဲ႔ မူး႐ုိးကုန္းရြာသားေတြ အဖမ္းခံရသူေတြရွိေနပါတယ္။ ရြာေပါင္း ၁၅ ရြာထက္မနည္းမွာ စစ္ေကာင္စီတပ္ေတြ ပိတ္ဆို႔ရွာေဖြလို႔ ေဒသခံေတြထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

ဒီပဲယင္းၿမိဳ႕နယ္ အေရွ႕ျခမ္း မူးကမ္း၊ မူး႐ုိးကုန္း၊ ကုန္းႀကီး၊ ယဥ္ေက်း စတဲ့ ေက်းရြာေပါင္း ၁၅ ရြာထက္မနည္းမွာ စေနေန႔ညဦးပိုင္းကတည္းက စစ္ေကာင္စီတပ္က ရြာေတြကို ပိတ္ဆို႔ရွာေဖြဖမ္းဆီးေနလို႔ ရြာသားေတြ ေၾကာက္လန္႔ၿပီး ထြက္ေျပးတိမ္းေရွာင္ေနၾကရတယ္လို႔ လံုၿခံဳေရးအရ နာမည္မေဖာ္လိုတဲ့ မူးကမ္းရြာသားတဦးက ဗြီအိုေအကို ေျပာပါတယ္။

“မူးကမ္းႀကီးရြာကို အေရွ႕ဖက္ အေနာက္ဖက္ေပါ့ဗ်။ ရြာကို (စစ္ေကာင္စီက ပိတ္ဆို႔) ညွပ္ထားတယ္။ ညွပ္ ထားၿပီးေတာ့ ညပိုင္းမွာ က်ေနာ္တို႔ မူးကမ္းရြာထိပ္ကေနၿပီးေတာ့မွ မ႐ုိးကုန္းဘက္ကိုသြားၿပီး ရြာေတြကို ဝင္ေမႊးၿပီးေတာ့ အခုေတာ့ ျပန္လာၿပီၾကားတယ္။ က်ေနာ္တို႔ရြာမွာေတာ့ ကိုထြန္းႏိုင္ေပါ့ဗ်ာ။ ကိုထြန္းႏိုင္ကို ဖမ္းထားတယ္။ ရြာသားတေယာက္ဖမ္းခံထားရပါတယ္။ ခန္႔မွန္းေျခ ၁၅ ေလာက္ကို ေမႊေနပါတယ္။ က်ေနာ္တို႔ရြာမွာေတာ့ ေတာ္ေတာ္မ်ားေတာ့ ေဘးလြတ္ရာကို ေရွာင္တိမ္းေနၾကပါတယ္။ က်န္တဲ့သူေတြေရွာင္ တိမ္းေနၾကပါတယ္။ အဖမ္းခံထားတာမရွိေသးပါဘူး။”

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၀ ရက္ေန႔က ေရႊဘိုၿမိဳ႕နယ္၊ မင္းကုန္းေက်းရြာက ကိုေအာင္ကိုတို႔ဇနီးေမာင္ႏွံ ႏွစ္ဦး အဖမ္းခံရၿပီး ကိုေအာင္ကိုဟာ ေဒသခံကာကြယ္ေရး PDF တပ္ဖြ႔ဲေတြအတြက္ မူးကမ္းေက်းရြာမွာ တူမီးေသနတ္ေတြ လုပ္ေဆာင္ခဲ့တယ္ဆိုတဲ့သတင္းေၾကာင့္ အဖက္ဖက္က ပိတ္ဆို႔ၿပီး ရြာထဲဝင္ေမႊသြားတယ္လို႔ အဲ့ဒီ လံုၿခံဳေရးအရ နာမည္မေဖာ္လိုတဲ့ မူးကမ္းရြာသား တဦးက ဆက္ေျပာပါတယ္။

“က်ေနာ္တို႔ရြာကိုဝင္လာတဲ့ အေၾကာင္းရင္းကေတာ့ က်ေနာ္တို႔ မင္းကြန္းပါ့ေနာ္။ ေရႊဘိုက မင္းကြန္းဆိုတဲ့ရြာက ကိုေအာင္ကိုတို႔ လင္မယား အဖမ္းခံလိုက္ရတယ္ေပါ့ဗ်ာ။ ၂၀ ရက္ေန႔က အဖမ္းခံလိုက္ရေတာ့ ကိုေအာင္ကိုကို စစ္ေၾကာေရးမွာ ေမးတဲ့အခါက်ေတာ့ ကိုေအာင္ကိုကေနၿပီးေတာ့ သူ႔ ေသနတ္ေတြ ဘယ္မွာလုပ္လဲဆိုေတာ့ မူးကမ္းက ကိုဘိမ္းရဲ႕ တြင္ခံုမွာ ပင္လုပ္တဲ့လူေပ့ါဗ်ာ။ တြင္ခံုဆိုတာ ဟိုဟာေပ့ါ က်ေနာ္တို႔ တူမီး (ေသနတ္)တို႔ ဘာတို႔ေပါ့ဗ်ာ၊ တူးမီးလုပ္တဲ့အခါမွာ လုိအပ္တာေတြ လုပ္ေပးရတာေပါ့ေနာ္။ လုပ္ပါတယ္ဆိုၿပီးေတာ့မွ သူ႔ကို ႏွိပ္စက္တဲ့အခါက်ေတာ့ ေဖာ္လိုက္တဲ့အခါက်ေတာ့ သတင္းရလို႔မို႔ ဝင္ျခင္းျဖစ္ပါတယ္။”

ဒါအျပင္ မူး႐ုိးကုန္းေက်းရြာမွာလည္း စစ္တပ္အင္အားအမ်ားအျပားနဲ႔ဝင္ေရာက္လာလို႔ ေဒသခံေတြ ေၾကာက္လန္႔ထြက္ေျပးေနၾကရပါတယ္။ ရြာထဲမွာ က်န္ရွိေနတဲ့ အသက္ႀကီးပိုင္းေတြကို ဖမ္းဆီးေမးျမန္းၿပီး ျပန္လႊတ္ေပးခဲ့တယ္လို႔ မူး႐ုိးကုန္းေဒသခံတဦးက ေျပာပါတယ္။

လက္ရွိခ်ိန္မွာ စပါးစိုက္ပ်ဳိးခ်ိန္ျဖစ္ၿပီး လယ္ယာလုပ္ငန္းကိုမလုပ္ႏိုင္ဘဲ စစ္တပ္ကို ေၾကာက္လန္႔လို႔ ထြတ္ေျပးေနရတာမို႔ ဒုကၡေရာက္ေနၾကတယ္လို႔ အဲ့ဒီေဒသခံက ေျပာပါတယ္။

“ဟုတ္တယ္ရွင့္၊ အခုေတာ့ရြာအေျခ ျပန္ကပ္ကုန္ၾကၿပီး ေျပးတဲ့ လူေတြကေတာ့။ ..... မေန႔ညက ၁ နာရီေလာက္က ဝင္လာတယ္။ ရြာထဲက်န္ခဲ့တဲ့ လူႀကီးေတြ ၅ ေယာက္ ၆ ေယာက္ပဲ ေမးၿပီး ျပန္လႊက္တယ္တဲ့။ ဘယ္လိုအေၾကာင္းအရာေတြလဲဆိုေတာ့ ... ရြာထဲကလူေတြ ဘယ္သြားၾကလဲေပါ့ေလ။ ဘာမွမလုပ္ဘူး။ အျပစ္ရွိတဲ့လူပဲ လုပ္မွာ၊ ကိုယ္ဟာကိုယ္လုပ္စရာရွိတာလုပ္လို႔ အဲ့လိုေျပာသြားတယ္။ လူငယ္ေတြက တေယာက္မွမမိပါဘူး။ ရြာထဲမွာက မေျပးႏိုင္တဲ့ လူႀကီးေလာက္ပဲ က်န္ေနတယ္။ ေတာင္ဘက္ကလာၿပီးဆို ေျမာက္ဘက္ေျပးလိုက္၊ ေျမာက္ကလာတယ္ဆို ေတာင္ေျပးလိုက္။ ဒီဘက္က (စစ္ေကာင္စီကပိတ္ဆို႔) ညွပ္ပိတ္ရွိတယ္။ အခုဟာက လယ္ေတြ စိုက္ခ်ိန္ပ်ဳိးခ်ိန္ဆို ညီမတို႔ဆိုရင္ အခုပ်ဳိးေတြ ႏႈတ္ထားတယ္။ မစိုက္ရဘူး။ ေတာ္ေတာ္မ်ားမ်ား ဒီလိုပါပဲ။ လယ္ထဲမွာ ပ်ဳိးႏႈတ္တဲ့လူ၊ ေကာက္စိုက္တဲ့လူ မလုပ္ရဘဲနဲ႔ ဒုကၡေရာက္ေနတယ္။”

လမ္းသြားလမ္းလာတဲ့ ေနရာမွာလည္း စစ္ေဆးေမးျမန္းတာေတြရွိေနတယ္လို႔ ေဒသခံေတြ ေျပာပါတယ္။ လက္ရွိမွာလည္း ေက်းရြာေတြကုိ ပတ္ေမႊေနတုန္းပဲလို႔ ေနာက္ထပ္ ေဒသခံတဦးက ေျပာပါတယ္။

“၂၁ ရက္ေန႔ညကေတာ့ ည ၁ နာရီေလာက္ကေန စၿပီး ရြာေတြကို ပတ္ေမႊတာေပါ့။ ဟုတ္တယ္ အဲ့ဒါက တဖြဲ႔ေပါ့ေနာ္။ ေနာက္တဖြဲ႔က ၂၁ ေန႔ညကပဲ က်ေနာ္တုိ႔ အရာေတာ္ဘက္ကေနလာတယ္။ ေနာက္ ေရႊဘိုဘက္ကေန လာတယ္။ ဒီပဲယင္းရဲ႕ အေရွ႕ေတာင္လည္းက်တဲ့ မူးကမ္းရြာႀကီးကုိေပါ့ဗ်ာ၊ ညွပ္ပိတ္ၿပီးေတာ့ လူေတြကိုဖမ္းတာေပါ့ေနာ္။ အဲ့လိုမ်ဳိးေတြ (စစ္ေကာင္စီ) သူတို႔လႈပ္ရွားမႈေတြကေတာ့ ရြာေတြ ပတ္ေမႊေနတာေပါ့ဗ်ာ။”

စစ္ေကာင္စီတပ္ေတြက လက္နက္အျပည့္အစံု အင္အားအမ်ားအျပားနဲ႔ ေဒသခံေတြ ေၾကာက္လန္႔ေအာင္ ရွာေဖြဖမ္းဆီးတာ၊ ေတာနင္းရွာေဖြတာလုပ္ေဆာင္ေနသလို ၾကက္၊ ဝက္ ဆန္ ဆီေတြလည္း ယူသြားတာလို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


======

Unicode

ဒီပဲယင်းက ကျေးရွာတွေမှာ စစ်ကောင်စီ ရှာဖွေ၊ ဖမ်းဆီးမှုတွေပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်က လက်နက်အင်အားအပြည့်နဲ့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မူးကမ်းရွာနဲ့ မူးရိုးကုန်းရွာသားတွေ အဖမ်းခံရသူတွေရှိနေပါတယ်။ ရွာပေါင်း ၁၅ ရွာထက်မနည်းမှာ စစ်ကောင်စီတပ်တွေ ပိတ်ဆို့ရှာဖွေလို့ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မူးကမ်း၊ မူးရိုးကုန်း၊ ကုန်းကြီး၊ ယဉ်ကျေး စတဲ့ ကျေးရွာပေါင်း ၁၅ ရွာထက်မနည်းမှာ စနေနေ့ညဦးပိုင်းကတည်းက စစ်ကောင်စီတပ်က ရွာတွေကို ပိတ်ဆို့ရှာဖွေဖမ်းဆီးနေလို့ ရွာသားတွေ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ မူးကမ်းရွာသားတဦးက ဗွီအိုအေကို ပြောပါတယ်။

“မူးကမ်းကြီးရွာကို အရှေ့ဖက် အနောက်ဖက်ပေါ့ဗျ။ ရွာကို (စစ်ကောင်စီက ပိတ်ဆို့) ညှပ်ထားတယ်။ ညှပ် ထားပြီးတော့ ညပိုင်းမှာ ကျနော်တို့ မူးကမ်းရွာထိပ်ကနေပြီးတော့မှ မရိုးကုန်းဘက်ကိုသွားပြီး ရွာတွေကို ဝင်မွှေးပြီးတော့ အခုတော့ ပြန်လာပြီကြားတယ်။ ကျနော်တို့ရွာမှာတော့ ကိုထွန်းနိုင်ပေါ့ဗျာ။ ကိုထွန်းနိုင်ကို ဖမ်းထားတယ်။ ရွာသားတယောက်ဖမ်းခံထားရပါတယ်။ ခန့်မှန်းခြေ ၁၅ လောက်ကို မွှေနေပါတယ်။ ကျနော်တို့ရွာမှာတော့ တော်တော်များတော့ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြပါတယ်။ ကျန်တဲ့သူတွေရှောင် တိမ်းနေကြပါတယ်။ အဖမ်းခံထားတာမရှိသေးပါဘူး။”

ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့က ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာက ကိုအောင်ကိုတို့ဇနီးမောင်နှံ နှစ်ဦး အဖမ်းခံရပြီး ကိုအောင်ကိုဟာ ဒေသခံကာကွယ်ရေး PDF တပ်ဖွ့ဲတွေအတွက် မူးကမ်းကျေးရွာမှာ တူမီးသေနတ်တွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့သတင်းကြောင့် အဖက်ဖက်က ပိတ်ဆို့ပြီး ရွာထဲဝင်မွှေသွားတယ်လို့ အဲ့ဒီ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ မူးကမ်းရွာသားတစ်ဦးက ဆက်ပြောပါတယ်။

“ကျနော်တို့ရွာကိုဝင်လာတဲ့ အကြောင်းရင်းကတော့ ကျနော်တို့ မင်းကွန်းပါ့နော်။ ရွှေဘိုက မင်းကွန်းဆိုတဲ့ရွာက ကိုအောင်ကိုတို့ လင်မယား အဖမ်းခံလိုက်ရတယ်ပေါ့ဗျာ။ ၂၀ ရက်နေ့က အဖမ်းခံလိုက်ရတော့ ကိုအောင်ကိုကို စစ်ကြောရေးမှာ မေးတဲ့အခါကျတော့ ကိုအောင်ကိုကနေပြီးတော့ သူ့ သေနတ်တွေ ဘယ်မှာလုပ်လဲဆိုတော့ မူးကမ်းက ကိုဘိမ်းရဲ့ တွင်ခုံမှာ ပင်လုပ်တဲ့လူပေ့ါဗျာ။ တွင်ခုံဆိုတာ ဟိုဟာပေ့ါ ကျနော်တို့ တူမီး (သေနတ်)တို့ ဘာတို့ပေါ့ဗျာ၊ တူးမီးလုပ်တဲ့အခါမှာ လိုအပ်တာတွေ လုပ်ပေးရတာပေါ့နော်။ လုပ်ပါတယ်ဆိုပြီးတော့မှ သူ့ကို နှိပ်စက်တဲ့အခါကျတော့ ဖော်လိုက်တဲ့အခါကျတော့ သတင်းရလို့မို့ ဝင်ခြင်းဖြစ်ပါတယ်။”

ဒါအပြင် မူးရိုးကုန်းကျေးရွာမှာလည်း စစ်တပ်အင်အားအများအပြားနဲ့ဝင်ရောက်လာလို့ ဒေသခံတွေ ကြောက်လန့်ထွက်ပြေးနေကြရပါတယ်။ ရွာထဲမှာ ကျန်ရှိနေတဲ့ အသက်ကြီးပိုင်းတွေကို ဖမ်းဆီးမေးမြန်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ မူးရိုးကုန်းဒေသခံတဦးက ပြောပါတယ်။

လက်ရှိချိန်မှာ စပါးစိုက်ပျိုးချိန်ဖြစ်ပြီး လယ်ယာလုပ်ငန်းကိုမလုပ်နိုင်ဘဲ စစ်တပ်ကို ကြောက်လန့်လို့ ထွတ်ပြေးနေရတာမို့ ဒုက္ခရောက်နေကြတယ်လို့ အဲ့ဒီဒေသခံက ပြောပါတယ်။

“ဟုတ်တယ်ရှင့်၊ အခုတော့ရွာအခြေ ပြန်ကပ်ကုန်ကြပြီး ပြေးတဲ့ လူတွေကတော့။ ..... မနေ့ညက ၁ နာရီလောက်က ဝင်လာတယ်။ ရွာထဲကျန်ခဲ့တဲ့ လူကြီးတွေ ၅ ယောက် ၆ ယောက်ပဲ မေးပြီး ပြန်လွှက်တယ်တဲ့။ ဘယ်လိုအကြောင်းအရာတွေလဲဆိုတော့ ... ရွာထဲကလူတွေ ဘယ်သွားကြလဲပေါ့လေ။ ဘာမှမလုပ်ဘူး။ အပြစ်ရှိတဲ့လူပဲ လုပ်မှာ၊ ကိုယ်ဟာကိုယ်လုပ်စရာရှိတာလုပ်လို့ အဲ့လိုပြောသွားတယ်။ လူငယ်တွေက တယောက်မှမမိပါဘူး။ ရွာထဲမှာက မပြေးနိုင်တဲ့ လူကြီးလောက်ပဲ ကျန်နေတယ်။ တောင်ဘက်ကလာပြီးဆို မြောက်ဘက်ပြေးလိုက်၊ မြောက်ကလာတယ်ဆို တောင်ပြေးလိုက်။ ဒီဘက်က (စစ်ကောင်စီကပိတ်ဆို့) ညှပ်ပိတ်ရှိတယ်။ အခုဟာက လယ်တွေ စိုက်ချိန်ပျိုးချိန်ဆို ညီမတို့ဆိုရင် အခုပျိုးတွေ နှုတ်ထားတယ်။ မစိုက်ရဘူး။ တော်တော်များများ ဒီလိုပါပဲ။ လယ်ထဲမှာ ပျိုးနှုတ်တဲ့လူ၊ ကောက်စိုက်တဲ့လူ မလုပ်ရဘဲနဲ့ ဒုက္ခရောက်နေတယ်။”

လမ်းသွားလမ်းလာတဲ့ နေရာမှာလည်း စစ်ဆေးမေးမြန်းတာတွေရှိနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ လက်ရှိမှာလည်း ကျေးရွာတွေကို ပတ်မွှေနေတုန်းပဲလို့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။

“၂၁ ရက်နေ့ညကတော့ ည ၁ နာရီလောက်ကနေ စပြီး ရွာတွေကို ပတ်မွှေတာပေါ့။ ဟုတ်တယ် အဲ့ဒါက တဖွဲ့ပေါ့နော်။ နောက်တဖွဲ့က ၂၁ နေ့ညကပဲ ကျနော်တို့ အရာတော်ဘက်ကနေလာတယ်။ နောက် ရွှေဘိုဘက်ကနေ လာတယ်။ ဒီပဲယင်းရဲ့ အရှေ့တောင်လည်းကျတဲ့ မူးကမ်းရွာကြီးကိုပေါ့ဗျာ၊ ညှပ်ပိတ်ပြီးတော့ လူတွေကိုဖမ်းတာပေါ့နော်။ အဲ့လိုမျိုးတွေ (စစ်ကောင်စီ) သူတို့လှုပ်ရှားမှုတွေကတော့ ရွာတွေ ပတ်မွှေနေတာပေါ့ဗျာ။”

စစ်ကောင်စီတပ်တွေက လက်နက်အပြည့်အစုံ အင်အားအများအပြားနဲ့ ဒေသခံတွေ ကြောက်လန့်အောင် ရှာဖွေဖမ်းဆီးတာ၊ တောနင်းရှာဖွေတာလုပ်ဆောင်နေသလို ကြက်၊ ဝက် ဆန် ဆီတွေလည်း ယူသွားတာလို့ ပြောပါတယ်။

#ဒီပဲယင်း#စစ်ကောင်စီ#တွင်ခုံ#ကိုအောင်ကို#မူးရိုးကုန်း#မူးကမ်းကြီး

#WhatIsHappeningInMyanmar#Coup#Depayin#VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG