သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

နတ္ေခ်ာင္းေက်းရြာ စစ္ေကာင္စီ ရဟတ္ယာဥ္နဲ႔တိုက္ခိုက္မႈ အရပ္သားေတြေသဆံုး 


စစ္ကိုင္းတုိင္းေဒသႀကီး၊ ကေလးၿမိဳ႕နယ္ နတ္ေခ်ာင္းေက်းရြာ (ဓာတ္ပံု-MIMU)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕ေတာင္ပိုင္း နတ္ေခ်ာင္းေက်းရြာမွာ စစ္ေကာင္စီက ရဟတ္ယာဥ္ သံုးၿပီး တိုက္ခိုက္တာေၾကာင့္ ေသဆံုးသူေတြဟာ အရပ္သားေတြျဖစ္တယ္လို႔ ေဒသခံရြာသားေတြနဲ႔ ကာကြယ္ေရးတပ္ဖြဲ႔ေတြက ေျပာပါတယ္။ စစ္ေကာင္စီက ေလေၾကာင္းကေန တိုက္ခိုက္ခဲ့တဲ့ မေကြးတုိင္း ႏွမ္းခါးရြာက အသက္ရြယ္ႀကီးရင့္သူေတြ စစ္ေဘးေရွာင္ရင္း ေသဆံုးတာေတြရွိေနပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာက တင္ျပေပးထားပါတယ္။

မေန႔ ဒီဇင္ဘာ ၂၃ ရက္က စစ္ေကာင္စီဟာ ကေလးၿမိဳ႕ေတာင္ပိုင္းက နတ္ေခ်ာင္းေက်းရြာမွာ ေဒသခံကာကြယ္ေရး တပ္ဖြဲ႔ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ တိုက္ပြဲျဖစ္ပြားၿပီး စစ္ေကာင္စီက ရဟတ္ယာဥ္သံုးၿပီး တိုက္ခိုက္ခဲ့ပါတယ္။

စစ္ေကာင္စီက ညပိုင္း သတင္းထုတ္ျပန္ရာမွာေတာ့ ေလေၾကာင္းကေန ရဟတ္ယာဥ္နဲ႔ တိုက္ခိုက္တာ မေဖာ္ျပခဲ့ဘဲ စစ္ေကာင္စီက လံုၿခံဳေရးလုပ္ငန္းေတြ ေဆာင္ရြက္ေနခ်ိန္ ကာကြယ္ေရး တပ္ဖြဲ႔ေတြဘက္က လာေရာက္ပစ္ခတ္တဲ့အတြက္ ျပန္လည္ခုခံတိုက္ခိုက္ခဲ့ၿပီး အၾကမ္းဖက္သမားေတြဘက္က ေသဆံုးတဲ့ရုပ္အေလာင္း ၉ ေလာင္းရွိတယ္လို႔သာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေက်းရြာသားေတြကေတာ့ စစ္ေကာင္စီကတိုက္ခိုက္တာေၾကာင့္ ေသဆံုးသူ ၅ ဦးရွိၿပီး ၃ ဦးဟာ ေဒသခံအရပ္သားေတြသာျဖစ္တယ္လို႔ အခုလိုေျပာပါတယ္။

“က်ေနာ္တို႔သိရသေလာက္က လမ္းမွာသြားလာေနတဲ့သူက ၂ ဦး၊ လွည္းေပၚကေန ပစ္သတ္ထားခဲ့တာ ၁ ဦး၊ တိမ္းေရွာင္ရင္း ေျပးရင္းလႊားရင္းနဲ႔ ပစ္သတ္ထားခဲ့တာ ၂ ဦး။ က်ေနာ္ တို႔ သိရသေလာက္ အဲ့ ၅ ဦးက ေသခ်ာတယ္။ ရြာသားေတြက ၃ ေယာက္ အတည္ျပဳႏိုင္တယ္။ ၂ ေယာက္ကေတာ့ ခရီးသြားလား ဘာလားေတာ့မသိဘူး။ အဲဒီ ၂ ေယာက္က အတည္ျပဳမရဘူး။ ၃ ေယာက္က အတည္ျပဳလို႔ရတယ္။ အျပစ္မဲ့ ျပည္သူေတြေပါ့ေနာ္။ ဒီေန႔အေျခအေနက ပစ္ခတ္မႈမရွိဘူး။ ရြာထဲကို လက္နက္ႀကီး တလံုးက်တယ္။ ၿပီးေတာ့ ညတုန္းက ၁၁ ခြဲမွာ လက္နက္ႀကီးနဲ႔ ၇ ခ်က္ေလာက္ပစ္တယ္။ ရြာနားေတြရယ္ ေတာင္ေပၚေတြရယ္က်တယ္။ တိမ္းေရွာင္ေနတဲ့ ေတာင္ေပၚေတြ။”

ကေလး PDF ဘက္ကလည္း ေသဆံုးသူေတြနဲ႔ပတ္သက္လို႔ အခုလို အတည္ျပဳေျပာပါတယ္။

“ဆိုင္ကယ္နဲ႔စာသင္ေက်ာင္းေရွ႕ကို ျဖတ္သြားရင္းနဲ႔ အမ်ိဳးသမီးတဦး ပစ္သတ္ခံရလို႔ ေသသြားတယ္။ ေနာက္ၿပီး လင္မယား ၂ ဦး ျပန္လာရင္းနဲ႔ ပစ္သတ္ခံရတာပါတယ္။ ေနာက္ထပ္ အမ်ိဳးသား ၂ ဦးေပါ့ေနာ္။ စုစုေပါင္း အမ်ိဳးသမီး ၂ ဦး အမ်ိဳးသား ၃ ဦးေပါ့ေနာ္။ ၅ ဦးထဲမွာ ၁ ဦးက တိုက္ခိုက္ေရး ရဟတ္ယာဥ္ပစ္တဲ့ က်ည္မွန္ၿပီး ေသတယ္လို႔ သိရတယ္ခင္ဗ်။”

ေသဆံုးသူေတြထဲမွာ အမ်ိဳးသမီး၂ ဦး ပါဝင္ေပမယ့္ စစ္ေကာင္စီက သတင္းထုတ္ျပန္ခ်က္ ဓာတ္ပံုေတြ မွာေတာ့ အမ်ိဳးသား ၃ ဦးရဲ႕ ရုပ္အေလာင္းကိုသာ ေဖာ္ျပထားၿပီး ေသဆံုးသြားတဲ့ အမ်ိဳးသမီး ၂ ဦးရဲ႕ ရုပ္အေလာင္းေတြကို ေဖာ္ျပထားတာေတာ့ မရွိပါဘူး။

တဆက္တည္းမွာပဲ ဒီဇင္ဘာ ၁၇ ရက္က မေကြးတိုင္း ႏွမ္းခါးရြာကို စစ္ေကာင္စီက ေလေၾကာင္းကေန တိုက္ခိုက္ခဲ့လို႔ စစ္ေဘးေရွာင္ေနရသူေတြထဲမွာ ေသဆံုးတာေတြရွိေနပါတယ္။ ေသဆံုးသူေတြဟာ အသက္ႀကီးရင့္သူေတြျဖစ္ၿပီး ပင္ပန္းေၾကာင့္ ေသဆံုးတာျဖစ္တယ္လို႔ စစ္ေဘးေရွာင္ေတြကို ကူညီေပးေနတဲ့ ရြာသားတဦးက ေျပာပါတယ္။

“ဟုတ္တယ္ဗ် ၂ ေယာက္ရွိၿပီ။ မေန႔ညတုန္းက ေသတာ ၁ ဦး။ မနက္အေစာပိုင္းက ေသတာ ၁ ဦး။ စစ္ေဘးေရွာင္ေတြက လူႀကီးေတြဆိုေတာ့ ၉၀ နားနီးၿပီဆိုေတာ့ ပင္ပန္းၿပီး အားက်ၿပီး ေသတယ္ထင္တယ္ခင္ဗ်။ ရြာထဲမွာက ခဏတျဖဳတ္ ဝက္ေလးေတြအစာလာေကြ်းတာ၊ တိရစၦာန္ေလးေတြ အစာလာေကြ်းတာပဲရွိတယ္။ က်န္တာ ဘယ္သူမွ မရွိၾကဘူးရြာထဲမွာ။”

ဒီဇင္ဘာ ၁၇ ရက္ကစလို႔ ဒီကေန႔အထိ စစ္ေဘးေရွာင္ရင္း ေသဆံုးရသူ ၃ ဦးအထိ ရွိေနသလို စစ္ေကာင္စီတပ္ေတြဟာ အနီးနားေက်းရြာေတြမွာ တပ္စြဲထားတဲ့အတြက္ ေနအိမ္ကုိမျပန္ဘဲ ေဘးလြတ္ရာမွာ ဆက္ၿပီး ေနထိုင္ေနရတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

နတ်ချောင်းကျေးရွာ စစ်ကောင်စီ ရဟတ်ယာဉ်နဲ့တိုက်ခိုက်မှု အရပ်သားတွေသေဆုံး

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်း နတ်ချောင်းကျေးရွာမှာ စစ်ကောင်စီက ရဟတ်ယာဉ် သုံးပြီး တိုက်ခိုက်တာကြောင့် သေဆုံးသူတွေဟာ အရပ်သားတွေဖြစ်တယ်လို့ ဒေသခံရွာသားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ မကွေးတိုင်း နှမ်းခါးရွာက အသက်ရွယ်ကြီးရင့်သူတွေ စစ်ဘေးရှောင်ရင်း သေဆုံးတာတွေရှိနေပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

မနေ့ ဒီဇင်ဘာ ၂၃ ရက်က စစ်ကောင်စီဟာ ကလေးမြို့တောင်ပိုင်းက နတ်ချောင်းကျေးရွာမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီက ညပိုင်း သတင်းထုတ်ပြန်ရာမှာတော့ လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ တိုက်ခိုက်တာ မဖော်ပြခဲ့ဘဲ စစ်ကောင်စီက လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်နေချိန် ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က လာရောက်ပစ်ခတ်တဲ့အတွက် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်သမားတွေဘက်က သေဆုံးတဲ့ရုပ်အလောင်း ၉ လောင်းရှိတယ်လို့သာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကျေးရွာသားတွေကတော့ စစ်ကောင်စီကတိုက်ခိုက်တာကြောင့် သေဆုံးသူ ၅ ဦးရှိပြီး ၃ ဦးဟာ ဒေသခံအရပ်သားတွေသာဖြစ်တယ်လို့ အခုလိုပြောပါတယ်။

“ကျနော်တို့သိရသလောက်က လမ်းမှာသွားလာနေတဲ့သူက ၂ ဦး၊ လှည်းပေါ်ကနေ ပစ်သတ်ထားခဲ့တာ ၁ ဦး၊ တိမ်းရှောင်ရင်း ပြေးရင်းလွှားရင်းနဲ့ ပစ်သတ်ထားခဲ့တာ ၂ ဦး။ ကျနော် တို့ သိရသလောက် အဲ့ ၅ ဦးက သေချာတယ်။ ရွာသားတွေက ၃ ယောက် အတည်ပြုနိုင်တယ်။ ၂ ယောက်ကတော့ ခရီးသွားလား ဘာလားတော့မသိဘူး။ အဲဒီ ၂ ယောက်က အတည်ပြုမရဘူး။ ၃ ယောက်က အတည်ပြုလို့ရတယ်။ အပြစ်မဲ့ ပြည်သူတွေပေါ့နော်။ ဒီနေ့အခြေအနေက ပစ်ခတ်မှုမရှိဘူး။ ရွာထဲကို လက်နက်ကြီး တလုံးကျတယ်။ ပြီးတော့ ညတုန်းက ၁၁ ခွဲမှာ လက်နက်ကြီးနဲ့ ၇ ချက်လောက်ပစ်တယ်။ ရွာနားတွေရယ် တောင်ပေါ်တွေရယ်ကျတယ်။ တိမ်းရှောင်နေတဲ့ တောင်ပေါ်တွေ။”

ကလေး PDF ဘက်ကလည်း သေဆုံးသူတွေနဲ့ပတ်သက်လို့ အခုလို အတည်ပြုပြောပါတယ်။

“ဆိုင်ကယ်နဲ့စာသင်ကျောင်းရှေ့ကို ဖြတ်သွားရင်းနဲ့ အမျိုးသမီးတဦး ပစ်သတ်ခံရလို့ သေသွားတယ်။ နောက်ပြီး လင်မယား ၂ ဦး ပြန်လာရင်းနဲ့ ပစ်သတ်ခံရတာပါတယ်။ နောက်ထပ် အမျိုးသား ၂ ဦးပေါ့နော်။ စုစုပေါင်း အမျိုးသမီး ၂ ဦး အမျိုးသား ၃ ဦးပေါ့နော်။ ၅ ဦးထဲမှာ ၁ ဦးက တိုက်ခိုက်ရေး ရဟတ်ယာဉ်ပစ်တဲ့ ကျည်မှန်ပြီး သေတယ်လို့ သိရတယ်ခင်ဗျ။”

သေဆုံးသူတွေထဲမှာ အမျိုးသမီး၂ ဦး ပါဝင်ပေမယ့် စစ်ကောင်စီက သတင်းထုတ်ပြန်ချက် ဓာတ်ပုံတွေ မှာတော့ အမျိုးသား ၃ ဦးရဲ့ ရုပ်အလောင်းကိုသာ ဖော်ပြထားပြီး သေဆုံးသွားတဲ့ အမျိုးသမီး ၂ ဦးရဲ့ ရုပ်အလောင်းတွေကို ဖော်ပြထားတာတော့ မရှိပါဘူး။

တဆက်တည်းမှာပဲ ဒီဇင်ဘာ ၁၇ ရက်က မကွေးတိုင်း နှမ်းခါးရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင်နေရသူတွေထဲမှာ သေဆုံးတာတွေရှိနေပါတယ်။ သေဆုံးသူတွေဟာ အသက်ကြီးရင့်သူတွေဖြစ်ပြီး ပင်ပန်းကြောင့် သေဆုံးတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ရွာသားတဦးက ပြောပါတယ်။

“ဟုတ်တယ်ဗျ ၂ ယောက်ရှိပြီ။ မနေ့ညတုန်းက သေတာ ၁ ဦး။ မနက်အစောပိုင်းက သေတာ ၁ ဦး။ စစ်ဘေးရှောင်တွေက လူကြီးတွေဆိုတော့ ၉၀ နားနီးပြီဆိုတော့ ပင်ပန်းပြီး အားကျပြီး သေတယ်ထင်တယ်ခင်ဗျ။ ရွာထဲမှာက ခဏတဖြုတ် ဝက်လေးတွေအစာလာကျွေးတာ၊ တိရစ္ဆာန်လေးတွေ အစာလာကျွေးတာပဲရှိတယ်။ ကျန်တာ ဘယ်သူမှ မရှိကြဘူးရွာထဲမှာ။”

ဒီဇင်ဘာ ၁၇ ရက်ကစလို့ ဒီကနေ့အထိ စစ်ဘေးရှောင်ရင်း သေဆုံးရသူ ၃ ဦးအထိ ရှိနေသလို စစ်ကောင်စီတပ်တွေဟာ အနီးနားကျေးရွာတွေမှာ တပ်စွဲထားတဲ့အတွက် နေအိမ်ကိုမပြန်ဘဲ ဘေးလွတ်ရာမှာ ဆက်ပြီး နေထိုင်နေရတာ ဖြစ်ပါတယ်။

#PDF #စစ်ကိုင်း #ကလေးမြို့ #နတ်ချောင်းရွာ #ရဟတ်ယာဉ်သုံးတိုက်ခိုက် #စစ်ကောင်စီ #နှမ်းခါး #ဗွီအိုအေ #WhatIsHappeningInMyanmar

==================

XS
SM
MD
LG