သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကေလးၿမိဳ႕နယ္အတြင္း တိုက္ပြဲေၾကာင့္ ေဒသခံ ၂,၀၀၀ ေက်ာ္ အိုးအိမ္စြန႔္ခြာ


ကေလးၿမိဳ႕ တုိက္ပြဲျဖစ္ပြါးရာေဒသမ်ား။ (ဓာတ္ပံု-MIMU)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္းေဒသႀကီးကေလးၿမိဳ႕နယ္ ေခ်ာင္းခြနဲ႔ ဟားခါးေလးေက်း႐ြာအနားမွာ ဒီမနက္ ေဒသခံ PDF အဖြဲ႔နဲ႔ စစ္ေကာင္စီတပ္တို႔တိုက္ပြဲျဖစ္ပြါးေနသလို ေက်း႐ြာႏွစ္႐ြာက ေနအိမ္တခ်ိဳ႕ မီးေလာင္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ႐ြာသားေထာင္ခ်ီကလည္း စစ္ေဘး တိမ္းေရွာင္ေနရပါတယ္။ ဒီအေၾကာင္းရန္ကုန္ကလာတဲ့သတင္း ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

ကေလးၿမိဳ႕နယ္ ေခ်ာင္းခြနဲ႔ ဟားခါးေလးေက်းရြာနားမွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံ PDF အဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြါးေနတယ္လို႔ ေခ်ာင္းခြေဒသခံတဦးက ေျပာပါတယ္။

“ေခ်ာင္းခြရဲ႕အထက္ဘက္ ဟားခါးေလးရဲ႕အထက္ဘက္ေတာင္တလုံးမွာ။ ျဖစ္စဥ္ကေတာ့ သူတို႔က တက္ခ်တာေပါ့။ ေတာင္တလုံးဘက္ဆိုတာေလ။ သူတို႔ကတက္လာလို႔တိုက္ပြဲစတာေပါ့။”

နတ္ေခ်ာင္းေက်းရြာမွာတပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ကေနထိုးစစ္ဆင္လာလို႔ တိုက္ပြဲျဖစ္ပြါးတာျဖစ္ၿပီး ဒီတိုက္ပြဲအတြင္း ရြာမီးရွိဳ႕ခံရတာရွိေနတယ္လို႔ ေဒသခံ PDF ျပန္ၾကားေရးတာဝန္ခံကေျပာပါတယ္။

“ဟုတ္ပါတယ္ဗ်ာ။ တိုက္ပြဲကမနက္ ၆ နာရီခြဲ ၇ နာရီပါတ္ဝန္းက်င္ကတည္းကျဖစ္ေနတာပါ။ နတ္ေခ်ာင္းရြာမွာတပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ေတြကေနအေနာက္ဘက္ ေခ်ာင္းခြဘက္ကို တေျဖးေျဖးတက္လာတယ္။ ေခ်ာင္းခြမွာလည္း ေနအိမ္ေတြ ေတာ္ေတာ္မ်ားမ်ားမီးရွိဳ႕သြားတယ္။ အခုဆက္လက္ၿပီးမွလာ္ဒ တိုက္ပြဲအျပင္းထန္ေနတုန္းပါပဲ။ အေျခအေနမျငိမ္ေသးပါဘူး။ လက္ရွိလည္း ေခ်ာင္းခြရဲ႕အေနာက္ဘက္က ဟားခါးေလးရြာမွာလည္း မီးရွိဳ႕ေနတယ္ဗ်။”

တိုက္ပြဲျဖစ္ပြါးမွဳျဖစ္စဥ္ေတြမွာ ထိခိုက္မွဳေတာ့မသိရေသးပါဘူး။ တိုက္ပြဲျဖစ္ပြါးစဥ္ ဟားခါးေလးရြာ မီးရွိဳ႕ခံရတယ္လို႔ ဟားခါးေလးေဒသခံတဦးကေျပာပါတယ္။

“ဟားခါးေလးလည္း ရွိဳ႕တယ္ေလ။ အေဝးကေနျမင္္တယ္ဆိုေတာ့ေလ ေျပာလို႔မရဘူး။”

မေန႔ကလည္း ေခ်ာင္းခြရြာကအိမ္ေျခတခ်ိဳ႕မီးရွိဳ႕ခံရတယ္လို႔ ေခ်ာင္းခြရြာခံတဦးကေျပာပါတယ္။

“ဒီမနက္လည္း ထပ္ျဖစ္တယ္။ ေခ်ာင္းခြဘက္မွာေပါ့ေနာ္။ မေန႔ကလည္းျဖစ္တယ္။ အနည္းဆုံးအိမ္ (၆) အိမ္ရယ္၊ ကားေတြ၊ ဆိုင္ကယ္ေတြ ေနာက္ၿပီးေတာ့ သုံးဘီးတစီး မီးေလာင္တယ္။ စစ္တပ္ကေပါ့ဗ် အကို။”

ဒီမနက္ပစ္ခတ္မႈေၾကာင့္နတ္ေခ်ာင္း၊ ေခ်ာင္းခြ၊ ေရစို၊ ဟားခါးေလး၊ ပါမြန္ေခ်ာင္းေက်းရြာက ရြာသား (၂,၀၀၀) ေက်ာ္ ေဘးလြတ္ရာ ထြက္ေျပးတိမ္းေရွာင္ၾကပါတယ္။ ဒီအေျခအေနကို ဟားခါးေလးေဒသခံတဦးက အခုလိုေျပာပါတယ္။

“ဒီမနက္တိုက္ပြဲျဖစ္တယ္။ က်ေနာ္တို႔လည္း ရြာထဲမွာမေနေတာ့ဘူး။ မနက္ကတည္းကထြက္ခဲ့တာ။ ရြာထဲမွာမေျပာင္းတဲ့သူလည္း (၁၅) ေယာက္ေလာက္ပဲ ရွိတာ။ တျခားနတ္ေခ်ာင္း၊ ေခ်ာင္းခြ၊ ဟားခါးေလး၊ ေရစို၊ ပါမြန္ေခ်ာင္း အဲဒီရြာကေတာ့အကုန္ေျပးေတာ့တာ။ (၂,၀၀၀) ေလာက္ေတာ့ရွိမွာ။”

ဒါ့အျပင္ ဟားခါးေလးရြာသားတခ်ိဳ႕ကို ဟားခါးေလးဘုရားေက်ာင္းမွာ ပိတ္ေလွာင္ထားတယ္လို႔ ဟားခါးေလး ေက်းရြာသား ကိုပီတာကေျပာပါတယ္။

“ဟားခါးေလးဘက္မွာလည္း ဒီစစ္ေရွာင္ေတြကို ဘုရားေက်ာင္းထဲဝင္ခိုင္းထားၿပီးမွ ပိတ္ထားတဲ့ ပုံစံမ်ိဳးေပါ့ေနာ္။ ဟိုဖမ္းထားတဲ့ပုံစံမ်ိဳး။ ဖုန္းေတြလည္း ပိတ္ထားတယ္။”

ဟားခါးေလးရြာဟာ ကေလးၿမိဳ႕နဲ႕(၁၃) မိုင္ေက်ာ္ကြာေဝးၿပီး နတ္ေခ်ာင္းကေန ေဝဘူလ-ဖလမ္းကားလမ္းမေပၚမွာ ရွိေနပါတယ္။ ဟားခါးေလးေက်းရြာဘက္ ကေလးကာကြယ္ေရးအဖြဲ႔ PDF နဲ႔ တိုက္ပြဲျဖစ္ပြါးမွဳအေျခအေနကိုသိရွိဖို႔ စစ္ေကာင္စီ ေျပာခြင့္ရကိုဆက္သြယ္ခဲ့ေပမယ့္ မရခဲ့ပါဘူး။

ဒီေန႔ ေန႔လယ္ပိုင္းမွာလည္း ကေလးၿမိဳ႕အတြင္းေပါက္ကြဲမွဳျဖစ္ပြါးခဲ့ၿပီး တစုံတရာထိခိုက္မွဳမရွိဘူးလို႔ ကေလးၿမိဳ႕ခံတဦးကေျပာပါတယ္။

“ၿမိဳ႕ေပၚမွာလည္း ဒီ (၁၂) နာရီေက်ာ္ေလာက္မွာေပါ့ေနာ္။ ၿမိဳ႕ေတာ္ခန္းမအနားရယ္။ ေနာက္ၿပီးေတာ့ကေလးၿမိဳ႕ အထက (၆) ေပါ့ေနာ္၊ အဲဒီအနားမွာ အထက(၆) ေက်ာင္းဝင္း ဗုံးတလုံးကြဲတယ္။ ဒီလို ဗံုးႏွစ္လုံးတၿပိဳင္တည္းခြဲတာေပါ့ေနာ္။ ဘယ္သူ လုပ္တယ္ ဘာညာ ထိခိုက္ဒဏ္ရာရဘာညာေတာ့ မၾကားေသးဘူးဗ်။”

ဒီဇင္ဘာ (၂၈) ရက္ေန႔ကလည္း နတ္ေခ်ာင္းရြာမွာ ေနအိမ္တခ်ိဳ႕မီးေလာင္ကြ်မ္းခဲ့ၿပီး စစ္ေရးတင္းမာေနစဥ္ အတြင္းအိမ္အလုံး (၂၀) ေလာက္ မီးရွိဳ႕ခံခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂၃ ရက္ေန႔ကတည္းက ကေလးၿမိဳ႕နယ္ေတာင္ပိုင္းေဒသကို စစ္ေကာင္စီတပ္ေတြကေန ထိုးစစ္ဆင္မွဳျပဳလုပ္ခဲ့တာပါ။

ဒီဇင္ဘာ(၂၆) ရက္ ညပိုင္းမွာ နတ္ေခ်ာင္းေက်းရြာအထက္တန္းေက်ာင္းနားမွာ စခန္းခ်ထားတဲ့စစ္ေကာင္စီတပ္နဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးအဖြဲ႔ (ပကဖ) PDF ကေလးနဲ႔ ခ်င္းအမ်ိဳးသားကာကြယ္ေရးအဖြဲ႔ CNDF ပူးေပါင္းအဖြဲ႔တို႔ ပစ္ခတ္တိုက္ခိုက္မွဳျဖစ္ပြါးခဲ့ပါတယ္။

ကေလးၿမိဳ႕နယ္မွာ အခုလို PDF အဖြဲ႔နဲ႔ စစ္တပ္အၾကား တိုက္ပြဲေတြရွိေနသလို စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္တဲ့ ဆႏၵျပပြဲေတြလည္း နည္းလမ္းေပါင္းစံုနဲ႔ ေန႔စဥ္လို ဆက္ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ကလေးမြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံ ၂,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ

စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နယ် ချောင်းခွနဲ့ ဟားခါးလေးကျေးရွာအနားမှာ ဒီမနက် ဒေသခံ PDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွါးနေသလို ကျေးရွာနှစ်ရွာက နေအိမ်တချို့ မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာသားထောင်ချီကလည်း စစ်ဘေး တိမ်းရှောင်နေရပါတယ်။ ဒီအကြောင်းရန်ကုန်ကလာတဲ့သတင်း ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ကလေးမြို့နယ် ချောင်းခွနဲ့ ဟားခါးလေးကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးနေတယ်လို့ ချောင်းခွဒေသခံတဦးက ပြောပါတယ်။

“ချောင်းခွရဲ့အထက်ဘက် ဟားခါးလေးရဲ့အထက်ဘက်တောင်တလုံးမှာ။ ဖြစ်စဉ်ကတော့ သူတို့က တက်ချတာပေါ့။ တောင်တလုံးဘက်ဆိုတာလေ။ သူတို့ကတက်လာလို့တိုက်ပွဲစတာပေါ့။”

နတ်ချောင်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွါးတာဖြစ်ပြီး ဒီတိုက်ပွဲအတွင်း ရွာမီးရှို့ခံရတာရှိနေတယ်လို့ ဒေသခံ PDF ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

“ဟုတ်ပါတယ်ဗျာ။ တိုက်ပွဲကမနက် ၆ နာရီခွဲ ၇ နာရီပါတ်ဝန်းကျင်ကတည်းကဖြစ်နေတာပါ။ နတ်ချောင်းရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကနေအနောက်ဘက် ချောင်းခွဘက်ကို တဖြေးဖြေးတက်လာတယ်။ ချောင်းခွမှာလည်း နေအိမ်တွေ တော်တော်များများမီးရှို့သွားတယ်။ အခုဆက်လက်ပြီးမှလာ်ဒ တိုက်ပွဲအပြင်းထန်နေတုန်းပါပဲ။ အခြေအနေမငြိမ်သေးပါဘူး။ လက်ရှိလည်း ချောင်းခွရဲ့အနောက်ဘက်က ဟားခါးလေးရွာမှာလည်း မီးရှို့နေတယ်ဗျ။”

တိုက်ပွဲဖြစ်ပွါးမှုဖြစ်စဉ်တွေမှာ ထိခိုက်မှုတော့မသိရသေးပါဘူး။ တိုက်ပွဲဖြစ်ပွါးစဉ် ဟားခါးလေးရွာ မီးရှို့ခံရတယ်လို့ ဟားခါးလေးဒေသခံတဦးကပြောပါတယ်။

“ဟားခါးလေးလည်း ရှို့တယ်လေ။ အဝေးကနေမြင်တယ်ဆိုတော့လေ ပြောလို့မရဘူး။”

မနေ့ကလည်း ချောင်းခွရွာကအိမ်ခြေတချို့မီးရှို့ခံရတယ်လို့ ချောင်းခွရွာခံတဦးကပြောပါတယ်။

“ဒီမနက်လည်း ထပ်ဖြစ်တယ်။ ချောင်းခွဘက်မှာပေါ့နော်။ မနေ့ကလည်းဖြစ်တယ်။ အနည်းဆုံးအိမ် (၆) အိမ်ရယ်၊ ကားတွေ၊ ဆိုင်ကယ်တွေ နောက်ပြီးတော့ သုံးဘီးတစီး မီးလောင်တယ်။ စစ်တပ်ကပေါ့ဗျ အကို။”

ဒီမနက်ပစ်ခတ်မှုကြောင့်နတ်ချောင်း၊ ချောင်းခွ၊ ရေစို၊ ဟားခါးလေး၊ ပါမွန်ချောင်းကျေးရွာက ရွာသား (၂,၀၀၀) ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြပါတယ်။ ဒီအခြေအနေကို ဟားခါးလေးဒေသခံတဦးက အခုလိုပြောပါတယ်။

“ဒီမနက်တိုက်ပွဲဖြစ်တယ်။ ကျနော်တို့လည်း ရွာထဲမှာမနေတော့ဘူး။ မနက်ကတည်းကထွက်ခဲ့တာ။ ရွာထဲမှာမပြောင်းတဲ့သူလဲ (၁၅) ယောက်လောက်ပဲ ရှိတာ။ တခြားနတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေး၊ ရေစို၊ ပါမွန်ချောင်း အဲဒီရွာကတော့အကုန်ပြေးတော့တာ။ (၂,၀၀၀) လောက်တော့ရှိမှာ။”

ဒါ့အပြင် ဟားခါးလေးရွာသားတချို့ကို ဟားခါးလေးဘုရားကျောင်းမှာ ပိတ်လှောင်ထားတယ်လို့ ဟားခါးလေး ကျေးရွာသား ကိုပီတာကပြောပါတယ်။

“ဟားခါးလေးဘက်မှာလည်း ဒီစစ်ရှောင်တွေကို ဘုရားကျောင်းထဲဝင်ခိုင်းထားပြီးမှ ပိတ်ထားတဲ့ ပုံစံမျိုးပေါ့နော်။ ဟိုဖမ်းထားတဲ့ပုံစံမျိုး။ ဖုန်းတွေလည်း ပိတ်ထားတယ်။”

ဟားခါးလေးရွာဟာ ကလေးမြို့နဲ့(၁၃) မိုင်ကျော်ကွာဝေးပြီး နတ်ချောင်းကနေ ဝေဘူလ-ဖလမ်းကားလမ်းမပေါ်မှာ ရှိနေပါတယ်။ ဟားခါးလေးကျေးရွာဘက် ကလေးကာကွယ်ရေးအဖွဲ့ PDF နဲ့ တိုက်ပွဲဖြစ်ပွါးမှုအခြေအနေကိုသိရှိဖို့ စစ်ကောင်စီ ပြောခွင့်ရကိုဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ဒီနေ့ နေ့လယ်ပိုင်းမှာလည်း ကလေးမြို့အတွင်းပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး တစုံတရာထိခိုက်မှုမရှိဘူးလို့ ကလေးမြို့ခံတဦးကပြောပါတယ်။

“မြို့ပေါ်မှာလည်း ဒီ (၁၂) နာရီကျော်လောက်မှာပေါ့နော်။ မြို့တော်ခန်းမအနားရယ်။ နောက်ပြီးတော့ကလေးမြို့ အထက (၆) ပေါ့နော်၊ အဲဒီအနားမှာ အထက(၆) ကျောင်းဝင်း ဗုံးတလုံးကွဲတယ်။ ဒီလို ဗုံးနှစ်လုံးတပြိုင်တည်းခွဲတာပေါ့နော်။ ဘယ်သူ လုပ်တယ် ဘာညာ ထိခိုက်ဒဏ်ရာရဘာညာတော့ မကြားသေးဘူးဗျ။”

ဒီဇင်ဘာ (၂၈) ရက်နေ့ကလည်း နတ်ချောင်းရွာမှာ နေအိမ်တချို့မီးလောင်ကျွမ်းခဲ့ပြီး စစ်ရေးတင်းမာနေစဉ် အတွင်းအိမ်အလုံး (၂၀) လောက် မီးရှို့ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ကတည်းက ကလေးမြို့နယ်တောင်ပိုင်းဒေသကို စစ်ကောင်စီတပ်တွေကနေ ထိုးစစ်ဆင်မှုပြုလုပ်ခဲ့တာပါ။

ဒီဇင်ဘာ(၂၆) ရက် ညပိုင်းမှာ နတ်ချောင်းကျေးရွာအထက်တန်းကျောင်းနားမှာ စခန်းချထားတဲ့စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) PDF ကလေးနဲ့ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ CNDF ပူးပေါင်းအဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့ပါတယ်။

ကလေးမြို့နယ်မှာ အခုလို PDF အဖွဲ့နဲ့ စစ်တပ်အကြား တိုက်ပွဲတွေရှိနေသလို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေလည်း နည်းလမ်းပေါင်းစုံနဲ့ နေ့စဉ်လို ဆက်ရှိနေပါတယ်။

#MyanmarViolence #MyanmarIDP #VOABurmese #စစ်ကိုင်းတိုင်းဒေသကြီး #ချောင်းခွ #ဟားခါးလေး #စစ်ကောင်စီ #နတ်ချောင်း #နေအိမ်မီးရှို့ #ဗွီအိုအေ

============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG