သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုလဲမြို့အနီး စစ်ကောင်စီတပ် လေကြောင်း ထိုးစစ်ဆင်တိုက်ခိုက်


စစ်ကိုင်းတိုင်းနဲ့ ပုလဲမြို့ပြမြေပုံ (MIMU)
စစ်ကိုင်းတိုင်းနဲ့ ပုလဲမြို့ပြမြေပုံ (MIMU)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့အနီးကျေးရွာတချို့ကို စစ်ကောင်စီက လေကြောင်းကနေ နယ်မြေရှင်းလင်း ထိုးစစ်ဆင်တိုက်ခိုက်မှု ဒီကနေ့ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အဲဒီဒေသတဝိုက်ဟာ စစ်ကောင်စီတပ် မော်တော်ယာဉ်တွေ မကြာမကြာဆိုသလို မိုင်းထောင်တိုက်ခိုက်ခံရတဲ့နေရာတွေလည်းဖြစ်ပါတယ်။ ဒီအကြောင်းတိုက်ပွဲသတင်း ရန်ကုန်ကသတင်းရေးသားပေးပို့တာကို ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေမကြာခဏဆိုသလို တိုက်ပွဲဖြစ် ပွားနေတဲ့ ယင်းမာပင်ခရိုင် ပုလဲမြို့ကို ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက် မနက်အစောပိုင်းက စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာတွေပြုလုပ်ခဲ့တာပါ။လေကြောင်းကနေ အမှတ်မထင် တိုက်ခိုက်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြသလို ရွာထဲ ပိတ်မိနေတဲ့ ဒေသခံတွေလည်း ရှိနေပါတယ်။ ပုလဲ PDF တာဝန်ရှိသူတဦးကတော့ အဲဒီဒေသမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေ စုဝေးနေတယ်ဆိုတဲ့ သတင်းပေါက်ကြားတာကြောင့် အခုလို တိုက်ခိုက်ခံရတယ်လို့ ယူဆပါတယ်။

“ဒါက နယ်မြေခံသတင်းပေး သတင်းပေါက်ကြားမှုကြောင့်နေမှာပါ။ ကျနော်တို့ PDF ခေါင်းဆောင် ဗိုလ်နဂါးနဲ့အပါအဝင် တခြား PDF ခေါင်းဆောင်တွေ အစည်းအဝေး ရှိတယ်။ အခြားကျေးရွာတွေမှာ PDF တွေရဲ့ သင်တန်းဆင်းပွဲရှိတယ်ဆိုပြီး တိကျတဲ့ သတင်းပေးပေါက်ကြားမှုကြောင့် မနက် ၁၀ နာရီ ၁၀ မိနစ်လောက်ကစပြီး နမခကနေ ရဟတ်ယာဉ် ၃ စီး ပျံသန်းလာပြီးတော့ ပုလဲမြို့နယ် မင်းတိုင်ပင်နဲ့ ကမ်းထောင့်ကြားမှာရှိတဲ့ ဦးနှောက် ၊ ဝါးကြီးတော ၊ သရက်ခြံ ၊ ချောင်းနား အဲ့ဘက် ပတ်ချာလည်ကို ရဟတ်ယာဉ်နဲ့ တရစပ် ပစ်ခတ်သွားတယ်။ နောက်ပိုင်း ရဟတ်ယာဉ် ၂ စီးကနေ ကာပစ်ပစ် ပေးပြီးတော့ ၁ စီးက လူအင်အား ချတဲ့ပုံစံမျိုးနဲ့ ပြုလုပ်သွားပြီးတော့ ၁ စီးက နမခကို ပြန်တယ်။ အဲ့နောက်မှာ ၂ စီးက PDF တွေရှိတယ်ဆိုတဲ့ ရွာတွေကို ရမ်းသမ်းပြီးမှန်းပစ်တယ်။ အဲ့လိုတွေလုပ်ပြီးတဲ့အခါမှာ PDF တွေကို ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ပုံစံမျိုးနဲ့ နေရာယူထားတဲ့ပုံစံမျိုးရှိနေတယ်။”

ပစ်ခတ်မှုတွေအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တွေ ထိခိုက်မိတာမရှိဘဲ တိမ်းရှောင်နိုင်ခဲ့တယ်လို့သိရပါတယ်။ပုလဲကာကွယ်ရေးခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်နဂါးက ပုလဲဒေသမှာ သူရှိမနေဘဲ ချင်းပြည်နယ်ဘက်ကို ခရီးထွက်နေတဲ့အကြောင်း လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။

တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဗွီအိုအေက မေးမြန်းရာမှာတော့ ထိတွေ့မှုရှိပြီး အလောင်းတချို့နဲ့ လက်နက်တချို့ သိမ်းဆည်းရမိတယ်လို့ ပြောပါတယ်။

“အဲ့ဘက်မှာတော့ တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ သူတို့ဘက်က အလောင်းတချို့နဲ့ လက်နက်တချို့ ရခဲ့တာတော့ရှိတယ်။ အဲ့ဒါတွေလည်း ကျနော်တို့ သတင်းထုတ်ပြန်ပေးပါမယ်။ လေကြောင်းပစ်ခတ်မှုကတော့ ဖြစ်မဖြစ်တော့မသိဘူး။ လိုတဲ့နေရာရှိရင် သုံးပေးမယ် သုံးမယ်လို့ ကျနော်တို့ ပြောထားပြီးသားပါခင်ဗျ။”

မနက်က လေကြောင်းကနေ တိုက်ခိုက်ခံရတာကြောင့် အနီးနားက ကျေးရွာတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရသလို အမှတ်မထင် တိုက်ခိုက်တာကြောင့် ဦးနှောက်ကျေးရွာထဲမှာ ပိတ်မိနေတဲ့ ဒေသခံ အရပ်သားတွေရှိနေတယ်လို့ ဒေသခံတဦးကအခုလိုပြောပါတယ်။

“ကျေးရွာသားတွေအခြေအနေက ပြေးနေကြရတာပေါ့။ ဝိုင်းထားတဲ့ရွာက တော်တော်များများက ပိတ်မိနေတာ ဆိုတော့ မနက်စောစောစီးစီးဆိုတော့ ပြေးချိန်မရလိုက်ဘူး။ ဝိုင်းခံထားရတဲ့ ဦးနှောက်ရွာက ပြေးချိန်မရလိုက်ဘူး။ အနီးက ကျေးရွာတွေက ဦးနှောက်ကို လေယာဉ်နဲ့ ဒီလိုဒီလို ချပြီဆိုတော့ အနီးကပ်ဆုံး ရွာတွေကတော့ အဝေးဆုံးကိုပြေးကြရတာပေါ့။”

ဒီဇင်ဘာ ၁၇ ရက်ကလည်း မကွေးတိုင်း နှမ်းခါးရွာမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အစည်းအဝေးလုပ်နေချိန် စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပြင် အရပ်သားတွေသေဆုံးတာတွေရှိခဲ့ပါတယ်။ အခု တိုက်ခိုက်ခံရမှုအတွင်း PDF ကဖြစ်စေ၊ ဒေသခံအရပ်သားဖြစ်စေ ထိခိုက်သေဆုံးမှုရှိမရှိဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူ။

တိုက်ရိုက် လင့်ခ်

========

[[Unicode]]












========

XS
SM
MD
LG