သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိ္ုင္း မေကြး စစ္ေကာင္စီ နယ္ေျမရွင္းလင္းေရး ရဟတ္ယာဥ္သံုး ( ေဒသခံမ်ား) 


စစ္ကုိင္း စစ္ကိုင္းတိုင္း

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကနီၿမိဳ႕နယ္၊ ခ်င္းတြင္းျမစ္ေဘးက ကင္းရြာကို စစ္ေကာင္စီက ေလေၾကာင္းကေန အင္အားျဖည့္တင္း တပ္စြဲထားၿပီး ေဒသခံေက်းရြာသားေတြ ရြာထဲမွာ ပိတ္မိေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ ေျမာက္ပိုင္းမွာလည္း ေနအိမ္ေတြမီးရိႈ႕ခံရတာေတြ ရွိေနပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းအေျခအေနေတြ ကိုရဲမြန္ ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ ခ်င္းတြင္းျမစ္ေဘးက ကနီၿမိဳ႕နယ္အပိုင္ထဲက ကင္းရြာကို ၾသဂုတ္ ၁၇ ရက္ က ရဟတ္ယာဥ္ ၃ စီးနဲ႔ စစ္ေကာင္စီတပ္သားေတြကို ခ်သြားၿပီး ေက်းရြာထဲမွာ တပ္စြဲေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ရုတ္တရက္ ရဟတ္ယာဥ္ေတြနဲ႔ ေရာက္လာတဲ့ျဖစ္တဲ့အတြက္ ေဒသခံေတြ တိမ္းေရွာင္ခြင့္မရခဲ့ဘဲ ေက်းရြာထဲမွာ ပိတ္မိေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ဒီအေျခအေနနဲ႔ ပတ္သက္လို႔ ကနီေဒသခံတဦးက အခုလိုေျပာျပပါတယ္။

“မေန႔က ဒီအတိုင္းပဲ ဘလိုင္းပဲလာခ်သြားတာ။ ေလယာဥ္နဲ႔ လာခ်သြားတာ။ ဂ်က္ဖိုက္တာ ၁ စီးနဲ႔ ရိုးရိုး ၃ စီးနဲ႔ အဲ့မွာ တိုက္ပြဲဘာညာမျဖစ္ဘူး။ အဲ့မွာလာခ်ၿပီးေတာ့ မေျပးႏိုင္တဲ့ျပည္သူေတြ ၅၀ နဲ႔ ၁၀၀ ၾကားမွာ ဖမ္းထားတယ္။ စစ္သေဘၤာ ၁ စီးရယ္ ရွပ္ေျပး ၂ စီးရယ္ စုန္လာၿပီခင္ဗ်။ အဲ့ေကာင္ကို ကာဗာေပးခ်င္တဲ့အတြက္လို႔ ကြ်န္ေတာ္တို႔ ထင္တာေပါ့။ ဒီေန႔အေျခအေနကေတာ့ ဘာမွထူးျခားမႈမရွိဘူး။ ဒီအတိုင္းၿငိမ္ေနတယ္။”

စစ္ေကာင္စီက ေလယာဥ္နဲ႔ ရုတ္တရက္ ေရာက္လာလို႔ ထြက္ေျပးခ်ိန္မွာ ေဒသခံတဦး အေမာေဖာက္ၿပီး ေသဆံုးသြားတယ္လို႔ သတင္းထြက္ေပၚေနေပမယ့္ တယ္လီဖုန္းလိုင္းေတြ ျဖတ္ေတာက္ထားတဲ့အတြက္ အတည္ျပဳဖို႔ ခဲယဥ္းေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

လက္ရွိ စစ္ေကာင္စီ ေရယာဥ္ေတြဟာ မင္းကင္းၿမိဳ႕ကေန စုန္ဆင္းလာတာ မင္းကင္းၿမိဳ႕နဲ႔ ကနီၿမိဳ႕ၾကားကို ေရာက္ရွိေနၿပီလည္းျဖစ္ပါတယ္။ စစ္ေကာင္စီဟာ စစ္ကိုင္းတိုင္းၿမိဳ႕ေတာ္ျဖစ္တဲ့ မံုရြာၿမိဳ႕ကေန စစ္ကိုင္းတိုင္း အထက္ပိုင္းကို လက္နက္ရိကၡာေတြနဲ႔ ကုန္ပစၥည္းေတြကို သယ္ယူပို႔ေဆာင္ရာမွာ ခ်င္းတြင္းျမစ္ကို အဓိကအားထားၿပီး ေရယာဥ္ေတြနဲ႔ သယ္ယူပို႔ေဆာင္ေနတာလည္း ျဖစ္ပါတယ္။

ကုန္းလမ္းေၾကာင္းကေန ျဖတ္သန္းခ်ိန္မွာ မၾကာခဏဆိုသလို မိုင္းဆြဲတိုက္ခိုက္ခံရတာေတြရွိတဲ့အတြက္ ေရေၾကာင္းကိုသာ အဓိကအားျပဳၿပီး သြားလာေနတာျဖစ္သလို စစ္ေကာင္စီတပ္အင္အားေတြကိုလည္း ေလေၾကာင္းအကူအညီနဲ႔ ပို႔ေဆာင္ေနတာလည္းျဖစ္ပါတယ္။

စစ္ေကာင္စီေရယာဥ္ေတြဟာ ခ်င္းတြင္းျမစ္တေလွ်ာက္ ျဖတ္သန္းသြားလာတဲ့အတြက္ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ မၾကာခဏတိုက္ပြဲေတြျဖစ္ေလ့ရွိပါတယ္။ စစ္ေကာင္စီ ေရယာဥ္ေတြဟာလည္း ကမ္းကပ္ရပ္နားခ်ိန္မွာ ျမစ္ေဘးက ေက်းရြာေတြကို နယ္ေျမရွင္းလင္းတာေတြ လုပ္ၿပီး ေနအိမ္ေတြကို မီးရိႈ႕တဲ့အတြက္ ကနီနဲ႔ မင္းကင္းၿမိဳ႕ေက်းရြာေတြက ေထာင္နဲ႔ခ်ီတဲ့ေနအိမ္ေတြ မီးေလာင္ပ်က္စီးခဲ့ရပါတယ္။

ဒါက စစ္ကိုင္းတိုင္းက အေျခအေနပါ။ မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ေျမာက္ပိုင္း အထက္ ခ်ိဳက္ေစာက္နဲ႔ ေအာက္ခ်ိဳင္ေစာက္ေက်းရြာက ေနအိမ္ေတြကို ၾသဂုတ္ ၁၆ ရက္မွာ တိုက္ပြဲျဖစ္ပြားတာမရွိဘဲ စစ္ေကာင္က ၀င္ေရာက္မီးရိႈ႕သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေနအိမ္ေတြမီးေလာင္ဆံုးရံႈးၿပီး မိုးရြာသြန္းတဲ့အတြက္ မီးေဘးသင့္ စစ္ေဘးဒုကၡသည္ေတြမွာ အခက္အခဲေတြရွိေနတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“ခ်ိဳက္ေစာက္ကို၀င္တာ ၁၆ ရက္ေန႔က ၀င္တာ။ တိုက္ပြဲျဖစ္လို႔ ၀င္တာမဟုတ္ဘူး သက္သက္ႀကီး၀င္မီးရိႈ႕တာ။ ခ်ိဳင္ေစာက္အထက္စုကို မနက္ ၇ နာရီေလာက္ကေန စမီးရိႈ႕တာ အိမ္ေျခ အလံုး ၄၀ ေက်ာ္ေလာက္အရိႈ႕ခံရတယ္။ NUG လက္ေအာက္ကေန ဖြင့္တဲ့ စာသင္ေက်ာင္းကိုရိႈ႕သြားတယ္။ အရင္အစိုးရ စာသင္ေက်ာင္းကိုေတာ့ မရိႈ႕သြားဘူး။ ၁၁ ခြဲ ၁၁ ၀န္းက်င္ေလာက္မွာ ေအာက္စုကို ထပ္မီးရိႈ႕တယ္။ အထက္စုက အိမ္ေျခ ၄၀ ေက်ာ္နဲ႔ ေအာက္စုက အိမ္ေျခ ၂၀ ေက်ာ္ ၃၀ လို႔ ေျပာတယ္။ ဒီဘက္မွာ ဒုကၡသည္ေတြက မိုးေကာင္းေတာ့ အေစာနားက မီးေလာင္ထားတဲ့အိမ္ေတြက မီးေလာင္ထားတဲ့ေက်းရြာေတြကေန စစ္ေကာင္စီက မျပန္ေသးဘူးဆိုရင္ ေတာထဲေတာင္ထဲ ျဖစ္သလိုေနၾက စားၾကရတာကိုဗ်။ တိုက္ပြဲျဖစ္တယ္ဆိုရင္သာ အနီးနားက ရြာကလူေတြက ေျပးၾကလႊားၾကရင္း ကိုယ့္ရဲ႕အေရးႀကီးတဲ့ အသံုးအေဆာင္ပစၥည္းေတြပါလာတာေလ။ အခုဟာက တိုက္ပြဲမဟုတ္ဘဲ သူတို႔ဟာသူတို႔လာၿပီးမီးရိႈ႕တာဆိုေတာ့ ရြာခံေတြေဒသခံေတြက လိုအပ္တဲ့အသံုးအေဆာင္ေတြ ယူၿပီးမေျပးႏိုင္ေတာ့ ပိုၿပီးဒုကၡေရာက္တာေပါ့။”

စစ္ေကာင္စီဟာ ေပါက္ၿမိဳ႕နယ္ကို မၾကာခဏဆိုသလို နယ္ေျမရွင္းလင္းတာေတြလုပ္လို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ စစ္ေရးတင္းမာၿပီး တုိက္ပြဲေတြ ျဖစ္ပြားေလ့ရွိပါတယ္။ ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းမွာဆိုရင္ စစ္ေကာင္စီက ေလေၾကာင္းကေန ပစ္ခတ္ၿပီး စစ္ကူေပးရတဲ့အထိ တိုက္ပြဲေတြ ျပင္းထန္ပါတယ္။

ဒါ့အျပင္ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းကို အစားအစာေဆး၀ါးေတြ သယ္ယူခြင့္ကို စစ္ေကာင္စီက ပိတ္ဆို႔ထားၿပီး အနည္းငယ္ကိုသာ သယ္ယူခြင့္ျပဳတဲ့အတြက္ စစ္ေဘးေရွာင္ေတြဟာ အေရးေပၚအကူအညီေတြ လိုအပ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ဘေးက ကင်းရွာကို စစ်ကောင်စီက လေကြောင်းကနေ အင်အားဖြည့်တင်း တပ်စွဲထားပြီး ဒေသခံကျေးရွာသားတွေ ရွာထဲမှာ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မကွေးတိုင်း ပေါက်မြို့နယ် မြောက်ပိုင်းမှာလည်း နေအိမ်တွေမီးရှို့ခံရတာတွေ ရှိနေပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအခြေအနေတွေ ကိုရဲမွန် ကပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်ဘေးက ကနီမြို့နယ်အပိုင်ထဲက ကင်းရွာကို သြဂုတ် ၁၇ ရက် က ရဟတ်ယာဉ် ၃ စီးနဲ့ စစ်ကောင်စီတပ်သားတွေကို ချသွားပြီး ကျေးရွာထဲမှာ တပ်စွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရုတ်တရက် ရဟတ်ယာဉ်တွေနဲ့ ရောက်လာတဲ့ဖြစ်တဲ့အတွက် ဒေသခံတွေ တိမ်းရှောင်ခွင့်မရခဲ့ဘဲ ကျေးရွာထဲမှာ ပိတ်မိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ဒီအခြေအနေနဲ့ ပတ်သက်လို့ ကနီဒေသခံတဦးက အခုလိုပြောပြပါတယ်။

“မနေ့က ဒီအတိုင်းပဲ ဘလိုင်းပဲလာချသွားတာ။ လေယာဉ်နဲ့ လာချသွားတာ။ ဂျက်ဖိုက်တာ ၁ စီးနဲ့ ရိုးရိုး ၃ စီးနဲ့ အဲ့မှာ တိုက်ပွဲဘာညာမဖြစ်ဘူး။ အဲ့မှာလာချပြီးတော့ မပြေးနိုင်တဲ့ပြည်သူတွေ ၅၀ နဲ့ ၁၀၀ ကြားမှာ ဖမ်းထားတယ်။ စစ်သင်္ဘော ၁ စီးရယ် ရှပ်ပြေး ၂ စီးရယ် စုန်လာပြီခင်ဗျ။ အဲ့ကောင်ကို ကာဗာပေးချင်တဲ့အတွက်လို့ ကျွန်တော်တို့ ထင်တာပေါ့။ ဒီနေ့အခြေအနေကတော့ ဘာမှထူးခြားမှုမရှိဘူး။ ဒီအတိုင်းငြိမ်နေတယ်။”

စစ်ကောင်စီက လေယာဉ်နဲ့ ရုတ်တရက် ရောက်လာလို့ ထွက်ပြေးချိန်မှာ ဒေသခံတဦး အမောဖောက်ပြီး သေဆုံးသွားတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် တယ်လီဖုန်းလိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် အတည်ပြုဖို့ ခဲယဉ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီ ရေယာဉ်တွေဟာ မင်းကင်းမြို့ကနေ စုန်ဆင်းလာတာ မင်းကင်းမြို့နဲ့ ကနီမြို့ကြားကို ရောက်ရှိနေပြီလည်းဖြစ်ပါတယ်။ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းမြို့တော်ဖြစ်တဲ့ မုံရွာမြို့ကနေ စစ်ကိုင်းတိုင်း အထက်ပိုင်းကို လက်နက်ရိက္ခာတွေနဲ့ ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ရာမှာ ချင်းတွင်းမြစ်ကို အဓိကအားထားပြီး ရေယာဉ်တွေနဲ့ သယ်ယူပို့ဆောင်နေတာလည်း ဖြစ်ပါတယ်။

ကုန်းလမ်းကြောင်းကနေ ဖြတ်သန်းချိန်မှာ မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်ခံရတာတွေရှိတဲ့အတွက် ရေကြောင်းကိုသာ အဓိကအားပြုပြီး သွားလာနေတာဖြစ်သလို စစ်ကောင်စီတပ်အင်အားတွေကိုလည်း လေကြောင်းအကူအညီနဲ့ ပို့ဆောင်နေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီရေယာဉ်တွေဟာ ချင်းတွင်းမြစ်တလျှောက် ဖြတ်သန်းသွားလာတဲ့အတွက် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ မကြာခဏတိုက်ပွဲတွေဖြစ်လေ့ရှိပါတယ်။ စစ်ကောင်စီ ရေယာဉ်တွေဟာလည်း ကမ်းကပ်ရပ်နားချိန်မှာ မြစ်ဘေးက ကျေးရွာတွေကို နယ်မြေရှင်းလင်းတာတွေ လုပ်ပြီး နေအိမ်တွေကို မီးရှို့တဲ့အတွက် ကနီနဲ့ မင်းကင်းမြို့ကျေးရွာတွေက ထောင်နဲ့ချီတဲ့နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရပါတယ်။

ဒါက စစ်ကိုင်းတိုင်းက အခြေအနေပါ။ မကွေးတိုင်း ပေါက်မြို့နယ်မြောက်ပိုင်း အထက် ချိုက်စောက်နဲ့ အောက်ချိုင်စောက်ကျေးရွာက နေအိမ်တွေကို သြဂုတ် ၁၆ ရက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်က ဝင်ရောက်မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်တွေမီးလောင်ဆုံးရှုံးပြီး မိုးရွာသွန်းတဲ့အတွက် မီးဘေးသင့် စစ်ဘေးဒုက္ခသည်တွေမှာ အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ချိုက်စောက်ကိုဝင်တာ ၁၆ ရက်နေ့က ဝင်တာ။ တိုက်ပွဲဖြစ်လို့ ဝင်တာမဟုတ်ဘူး သက်သက်ကြီးဝင်မီးရှို့တာ။ ချိုင်စောက်အထက်စုကို မနက် ၇ နာရီလောက်ကနေ စမီးရှို့တာ အိမ်ခြေ အလုံး ၄၀ ကျော်လောက်အရှို့ခံရတယ်။ NUG လက်အောက်ကနေ ဖွင့်တဲ့ စာသင်ကျောင်းကိုရှို့သွားတယ်။ အရင်အစိုးရ စာသင်ကျောင်းကိုတော့ မရှို့သွားဘူး။ ၁၁ ခွဲ ၁၁ ဝန်းကျင်လောက်မှာ အောက်စုကို ထပ်မီးရှို့တယ်။ အထက်စုက အိမ်ခြေ ၄၀ ကျော်နဲ့ အောက်စုက အိမ်ခြေ ၂၀ ကျော် ၃၀ လို့ ပြောတယ်။ ဒီဘက်မှာ ဒုက္ခသည်တွေက မိုးကောင်းတော့ အစောနားက မီးလောင်ထားတဲ့အိမ်တွေက မီးလောင်ထားတဲ့ကျေးရွာတွေကနေ စစ်ကောင်စီက မပြန်သေးဘူးဆိုရင် တောထဲတောင်ထဲ ဖြစ်သလိုနေကြ စားကြရတာကိုဗျ။ တိုက်ပွဲဖြစ်တယ်ဆိုရင်သာ အနီးနားက ရွာကလူတွေက ပြေးကြလွှားကြရင်း ကိုယ့်ရဲ့အရေးကြီးတဲ့ အသုံးအဆောင်ပစ္စည်းတွေပါလာတာလေ။ အခုဟာက တိုက်ပွဲမဟုတ်ဘဲ သူတို့ဟာသူတို့လာပြီးမီးရှို့တာဆိုတော့ ရွာခံတွေဒေသခံတွေက လိုအပ်တဲ့အသုံးအဆောင်တွေ ယူပြီးမပြေးနိုင်တော့ ပိုပြီးဒုက္ခရောက်တာပေါ့။”

စစ်ကောင်စီဟာ ပေါက်မြို့နယ်ကို မကြာခဏဆိုသလို နယ်မြေရှင်းလင်းတာတွေလုပ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာပြီး တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိပါတယ်။ ပေါက်မြို့နယ်တောင်ပိုင်းမှာဆိုရင် စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်ပြီး စစ်ကူပေးရတဲ့အထိ တိုက်ပွဲတွေ ပြင်းထန်ပါတယ်။

ဒါ့အပြင်ပေါက်မြို့နယ်တောင်ပိုင်းကို အစားအစာဆေးဝါးတွေ သယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်ဆို့ထားပြီး အနည်းငယ်ကိုသာ သယ်ယူခွင့်ပြုတဲ့အတွက် စစ်ဘေးရှောင်တွေဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

XS
SM
MD
LG