သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်း အလုပ်သမား သပိတ် အာဏာပိုင်များ ညှိနှိုင်း


နေပြည်တော်သို့ ချီတက်လာကြသော စစ်ကိုင်းတိုင်း တ္တမြားစက်မှုဇုံ သစ်အချောထည် စက်ရုံမှ လုပ်သားများ။ (ဓါတ်ပုံ - FLO)
နေပြည်တော်သို့ ချီတက်လာကြသော စစ်ကိုင်းတိုင်း တ္တမြားစက်မှုဇုံ သစ်အချောထည် စက်ရုံမှ လုပ်သားများ။ (ဓါတ်ပုံ - FLO)

စစ်ကိုင်းတိုင်း ပတ္တမြားစက်မှုစုံ Myanmar Veener Plywood Private Co ltd သစ်အချောထည် စက်ရုံက အလုပ်သမား ဝန်ထမ်း(၁၀၀)ကျော်ဟာ စစ်ကိုင်းတိုင်းကနေ မန္တလေးတိုင်း နေပြည်တော်ကို ချီတက်လာနေရာမှာ မန္တလေးတိုင်း ဝန်ကြီးချုပ်ရုံးက တာဝန်ရှိသူတွေနဲ့ အလုပ်သမား ဝန်ကြီးဌာနက ညွန်ကြားရေးမှုးတွေက လာရောက်တွေ့ဆုံပြီး သပိတ်စစ်ကြောင်းကို ရပ်နားဖို့ နေပြည်တော်ကောင်စီမှာ အစစ်ဆေးခံဖို့ ညှိနိုင်းဖို့ ပြောဆိုခဲ့ပေမဲ့ သပိတ်စစ်ေကြောင်းကတော့ ရပ်နားသွားမှာ မဟုတ်ဘူးလို့ အလုပ်သမားတွေက ပြောပါတယ် မအေးအေးမာက သတင်းပေးပိုထားပါတယ်။

သစ်အချောထည် စက်ရုံက အလုပ်သမားတွေဟာ အလုပ်ထုတ်ခံရပြီး ၂လကြာတဲ့အထိ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ အလုပ်ရှင်ဘက်က ညှိနှိုင်းခြင်းမရှိတဲ့အတွက် သူတို့ ပြသာနာကို ဖြေရှင်းပေးဖို့အတွက် နေပြည်တော်က သမ္မတရုံးကို ချီတက်နေကြတာပါ။ ဒီနေ့မှာတော့ မန္တလေးတိုင်း ဝန်ကြီးချုပ်ရုံးက တာဝန်ရှိသူတွေ အလုပ်သမား ဝန်ကြီးဌာနက တာဝန်ရှိသူတွေက လာရောက် ညှိနှိုင်းခဲ့ပေမဲ့ သပိတ်ကတော့ ရပ်နားဦးမှာ မဟုတ်သေးဘူးလို့အလုပ်သမားခေါင်းဆောင် ကိုနှင်းအောင်က ပြောပါတယ်။

“ဝန်ကြီးဌာနတွေ အနေနဲ့ သူတို့ လာညှိတာက ၂ရက် နေ့မှာ ခုံသမာဓိ ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဖို့ သူတို့က ကျွန်တော်တို့ကို အကြံပေးတယ်။ သပိတ်လှန်ပေးပါ။ အဲဒီက ဆုံးဖြတ်ချက်အတိုင်း လိုက်နာ ဆောင်ရွက်ပါ ဆိုပြီးတော့ ပြောပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကတော့ ကျွန်တော် သပိတ်စစ်ကြောင်း စလာတာ ဖြစ်တဲ့အတွက် ခုံသမာဓိ ကောင်စီ ကိုတော့ သွားပြီး အစစ်ဆေးခံပါတယ်။ ၂ရက်နေ့မှာ အစစ်ဆေးခံမယ်။ မနက်ဖြန်မှာတော့ သပိတ်စစ်ကြောင်းကို ပုံမှန်အတိုင်းပဲ ဆက်ထွက်ပါမယ်။ ဒီကနေပြီးတော့ ခေါင်းဆောင် နှစ်ဦးသော်လည်းကောင်း သုံးဦးသော်လည်းကောင်း ပို့မှာပါ ခင်ဗျ။ သူတို့က ၂ရက်နေ့မှာ ညှိမှာဖြစ်တဲ့အတွက် ၁ရက်နေ့ ညကို ကားနဲ့ ထွက်မှာပါ။ သပိတ်စစ်ကြောင်းကတော့ သူတို့ သွားရောက် စစ်ဆေးခံတဲ့ နေ့တစ်နေ့တော့ နားပါမယ်။ နောက်ရက်တွေကတော့ ၆ရက်နေ့မှာ အမိန့်ကြော်ငြာစာ ထွက်မှာဖြစ်တဲ့အတွက် အဲဒီ အမိန့်ကြော်ငြာစာ ထွက်လာတဲ့ အခြေအနေအရ ဆက်လက်ပြီးတော့ လုပ်ဆောင် သွားမှာပါ။ သပိတ် စစ်ကြောင်း ကတော့ ဘယ်လို နည်းနဲ့ မှ ရပ်တန့်ဖို့ မရှိပါဘူး။”

အလုပ်ရုံပိုင်ရှင်က အလုပ်ထုတ်ပစ်ခဲ့နောက် စက်ရုံရှေမှာ ၂လကြာတဲ့အထိ သပိတ်စခန်းဖွင့်ပြီး အလုပ်သမား အခွင့်အရေး တောင်းဆိုနေကြရာကနေ အလုပ်ရှင်ဘက်ကရော၊ ဝန်ကြီးဌာနများ အနေနဲ့ပါ ပြေလည်အောင် ဖြေရှင်းပေးနိုင်တာမျိုး မရှိဘူးဆိုပြီး အလုပ်သမား ၁၀၀ကျော်ဟာ နေပြည်တော်သမ္မတရုံးကို ဧပြီလ ၂၉ရက်နေ့ မနက်ပိုင်းကစပြီး ချီတက်ခဲ့ကြတာပါ။ ဒီနေ့ ညှိနှိုင်မူဟာ အလုပ်သမားတွေ အတွက် ကျေနပ်လောက်တဲ့ အဖြေထွက်မလာဘူးလို့လည်း ကိုနှင်းအောင်က ဆက်ပြောပြပါတယ်။

”သူတို့ ထဲကတော့ ညွှန်မှုးလေးဦး ပါတယ်။ သူတို့က ဒီကနေ့ ကစပြီးတော့ စစ်ကိုင်းကို ပြန်ပါ။ သပိတ်လှန်ပါလို့ ပြောတယ်။ သွားပြီးတော့ အစစ်ဆေးခံပါ။ စစ်ဆေးခံပြီးတော့ ၃ရက်နေ့ကို စစ်ကိုင်းကို ပြန်ပါ။ သူတို့ အမိန့် ကြော်ငြာစာကို ဖတ်ပြီးတော့ မင်းတို့ ကိစ္စကို ပြေလည်အောင် ဖြေရှင်းပေးပါမယ်လို့ ပြောပါတယ်။ ကြားနာ အစစ်ဆေးခံပြီးတော့ ၃ရက်နေ့ကို သူတို့က ကောင်စီရဲ့ အမိန့်ကို ယူပြီးတော့ စစ်ကိုင်းက စက်ရုံမှာ အလုပ်ရှင် အလုပ်သမားရှေ့မှာ အမိန့်ကြော်ငြာစာကို ဖတ်ပြမယ်။ ဒီအမိန့် ကြော်ငြာစာအတိုင်းပဲ လက်ခံရမယ်လို့ ပြောပါတယ်။ ဟုတ်ကဲ့ ဒီကနေ့ ကြားနာချက်က ကျေနပ်စရာ မရှိပါဘူး။ မကျေနပ်တဲ့ အကြောင်းအရင်းက သူတို့ ဟိုမှာကတည်းက လာပြီးတော့ ညှိပေးမယ်ဆိုရင် ညှိပေးလို့ ရတာပဲ။ ကောင်စီက အမိန့်ကို စောင့်စရာ မလိုဘူးပေါ့။ အခု ဖြစ်နေတာက သပိတ်စစ်ကြောင်း ထွက်နေပြီ။ သပိတ်စစ်ကြောင်း ထွက်နေပြီ ဆိုတာ ဖြစ်သည့်အတွက် ကျွန်တော်တို့ကို လာရောက် ဖြေရှင်းပေးရမှာ သူတို့ တာဝန်ပါ။ ”

နေဒဏ် မိုးဒဏ်တွေအောက်မှာ ကလေးငယ်တွေကို ချီးပိုးပြီး အလုပ်သမားတွေဟာ သူတို့အခွင့်ရေးအတွက် တောင်းဆိုဖို့ အတွက် ချီတက်လမ်းလျောက်နေကြတာပါ။ အလုပ်သမားတွေကတော့ တရားဥပဒေစိုးမိုးရေးနဲ့ လုပ်ငန်းခွင်ထဲမှာ အလုပ် လုပ်ခွင့်ပြန်ရရေး၊ အလုပ်သမားတွေရဲ့ နစ်နာမူတွေကို အလုပ်ရှင်အလုပ်သမား အစိုးရ ဝန်ကြီးဌာနအနေနဲ့ ဖြေရှင်းပေးရေးကတော့ အဓိက တောင်းဆိုချက်ဖြစ်ပြီး၊ သူတို့တောင်းဆိုမူတွေကို အလုပ်ရှင်ဘက်က လျှစ်လျုရှူပြီး၊ အလုပ်ထုတ်ပစ်ခဲ့တာ အလုပ် ထုတ်ပြီးတဲ့နောက် အလုပ်သမားဝန်ကြီးဌာန ကနေ ဖြေရှင်းပေးမူတွေ မရှိခဲ့ဘူး ဆိုပြီး အခုလိုမျိုး ချီတက်မူတွေ လုပ်လာရခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရာသီဥတုပြင်းတဲ့ နေရောင်အောက်မှာ ချီတက်နေတဲ့ အလုပ်သမား တချိုကတော့ ကျန်းမာရေး ထိခိုက်မူတွေ ရှိနေပြီး အမျိုးသမီး တွေ အပါအဝင် လူ၂၀လောက် မပါဝင်တော့ပေမဲ့၊ လူအင်အား ၁၀၀ကျော်နဲ့ လမ်းလျောက် ချီတက်မူကို ဆက်လုပ်သွားမှာ ဖြစ်တယ် လို့လည်း ပြောဆိုခဲ့ပါတယ်ရှင်။

XS
SM
MD
LG