သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယင္းမာပင္အေနာက္ျခမ္း တိုက္ပြဲျပင္းထန္၊ ေဒသခံ႐ြာသားေတြ ထြက္ေျပးတိမ္းေရွာင္ရ


စစ္ကိုင္းတုိင္း၊ ယင္းမာပင္ၿမိဳ႕အေနာက္ျခမ္း ႏုံးႀကီးေက်းရြာကိုက်ေရာက္လာတဲ့ လက္နက္ႀကီးက်ည္မ်ား။ (Photo: CJ)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္အေနာက္ျခမ္း ႏုံးႀကီးေက်း႐ြာတဝိုက္မွာ ဒီဇင္ဘာ ၂၂ ရက္ မနက္အေစာပိုင္းမွာ ေဒသခံျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္နဲ႔ စစ္ေကာင္စီအၾကား တိုက္ပြဲျပင္းထန္ခဲ့ပါတယ္။ တိုက္ပြဲအေျခအေနေၾကာင့္ ေက်း႐ြာ ၈ ႐ြာ က ေက်း႐ြာသားေတြ အိုးအိမ္စြန႔္ခြာ ေဘးလြတ္ရာကို ထြက္ေျပးေနၾကရပါတယ္။ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြအတြက္ ေစာင္၊ အဝတ္အထည္၊ အစားအေသာက္ေတြ အေရးေပၚလိုအပ္ေနတဲ့ အေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

ယင္းမာပင္ၿမိဳ႕နယ္အေနာက္ျခမ္း ႏုံးႀကီးေက်း႐ြာနဲ႔ ၿမိဳ႕ႀကီးေက်း႐ြာတဝိုက္မွာ ဒီဇင္ ဘာ၂၂ ရက္ေန႔ ဒီေန႔မွာ ေဒသခံျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္နဲ႔ စစ္ေကာင္စီအၾကား တိုက္ပြဲ ျပင္းျပင္းထန္ထန္ျဖစ္ခဲ့တာပါ။ စစ္ေကာင္စီဘက္က အင္အားအေျမာက္အမ်ားနဲ႔ ထိုးစစ္ဆင္လာတာေၾကာင့္ အျပန္အလွန္ပစ္ခတ္မႈ ျဖစ္ပြားခဲ့တာလို႔ ယင္းမာပင္ PDF တာဝန္ရွိသူတဦးက ေျပာပါတယ္။

“တိုက္ပြဲကေတာ့ ပထမဦးဆုံးစၿပီးေတာ့ သူတို႔ ဒီစစ္ေၾကာင္းထိုးတဲ့ ေ႐ႊဂူေတာင္ရဲ႕အေနာက္ဘက္က ႏုံႀကီး႐ြာနဲ႔ မ်ိဳးႀကီး႐ြာ ေနာက္ၿပီးေတာ့ ႐ြာေတာင္ေပါ့ေနာ္။ အဲဒီထဲမွာ သူတို႔ျဖစ္တာပါ၊ အဲဒီ ဧရိယာအတြင္းထဲမွာ ျဖစ္တာ။ မနက္ပိုင္းကစၿပီး တိုက္ ပြဲေတြဆက္ျဖစ္ခဲ့တယ္။ ေန႔လည္ ၁၂ နာရီေလာက္မွာ တိုက္ပြဲက ၿငိမ္သြားတယ္။ တိုက္ပြဲက ၿပီးသြားတဲ့အေနအထားေပါ့ေနာ္။ လက္ရွိအေျခအေနကေတာ့ က်ေနာ္တို႔ နယ္ေျမရွင္းလင္းေရးေတြ လုပ္ေနတာရွိပါတယ္။ ဘယ္လိုအေျခအေနေၾကာင့္ တိုက္ ပြဲျဖစ္သြားတာလဲဆိုေတာ့ သူတို႔ဘက္ကေနၿပီးေတာ့ သာလြန္အင္အားနဲ႔ေပ့ါေနာ္၊ က်ေနာ္တို႔ဘက္ကို ထိုးစစ္ဆင္လာတဲ့အတြက္ က်ေနာ္တို႔ကလည္း မလြဲမေရွာင္သာ ျပန္လည္ခုခံရတဲ့ အေျခအေနမွာ တိုက္ပြဲျဖစ္တာပါ။”

ဒီေန႔တိုက္ပြဲအတြင္းမွာ ေဒသခံျပည္သူ႔ကာကြယ္ေရးဘက္က အထိအခိုက္မရွိဘူးလို႔ ေျပာပါတယ္။ ယင္းမာပင္တိုက္ပြဲနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစုံတရာ ထုတ္ျပန္တာမရွိေသးပါဘူး။

စစ္ေကာင္စီဘက္က စက္ေသနတ္ေတြ လက္နက္ႀကီးေတြ အသုံးျပဳၿပီး ပစ္ခတ္ေနတာလို႔ ေဒသခံနဲ႔ ျပည္သူ႔ကာကြယ္ေရးဘက္က ေျပာပါတယ္။ တိုက္ပြဲျဖစ္ၿပီးတဲ့ေနာက္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕က နယ္ေျမရွင္းလင္းေရးရာမွာ မေပါက္ကြဲေသးတဲ့ လက္နက္ႀကီးေတြ ေကာက္ရတာရွိတယ္လို႔ ေျပာပါတယ္။

ဒီလို တိုက္ပြဲေၾကာင့္ ေက်း႐ြာ ၈ ႐ြာက ေက်း႐ြာသားေတြ ထြက္ေျပးေနရတယ္လို႔ စစ္ေျပးဒုကၡသည္ေတြကို အကူအညီေပးေနသူတဦးက ေျပာပါတယ္။

“ဒီေန႔မနက္ေစာေစာပိုင္းကတည္းက က်ေနာ္တို႔ ဒီႏုံးဘက္ကို ထိုးစစ္ဝင္လာတယ္။ သူတို႔ထိုးစစ္ဝင္လာတယ္ဗ်၊ ထိုးစစ္လာၿပီးေတာ့ သူတို႔ ေဒသခံေတြကေတာ့ ေျပးရတယ္ဗ်။ ေဒသခံခန႔္ေျခ ၇ ႐ြာ ၈ ႐ြာေလာက္ေျပးရတယ္ဗ်။ ဟုတ္တယ္ဗ်။ ဒီေန႔တိုက္ပြဲကေတာ့ အခု က်ေနာ္တို႔ ဒီေဒသခံနယ္ေျမခံ PDF တပ္ဖြဲ႕ေတြက ေန႔လယ္ ၁၂ ေလာက္မွာပဲ သူတို႔ ျပန္ၿပီးေတာ့ တိုက္ပြဲေနတာက်ေတာ့ အကုန္လုံး ျပန္ဆုတ္သြားတယ္။ စစ္ေဘးေရွာင္ေတြကေတာ့ သူတို႔ ေဒသမွာေတာ့ ျပန္လို႔ေတာ့ မရေသးဘူး။ ဒီျပင္နီးစပ္ရာ႐ြာေတြကိုပဲ ခိုလႈံေနရရွိေနတာဗ်။”

တိုက္ပြဲအေျခအေနေၾကာင့္ ႏုံးႀကီးေက်း႐ြာ ၿမိဳ႕ႀကီးေက်း႐ြာ ေျပာင္းျပာေက်း႐ြာ ႐ုံးေလးပင္ေက်း႐ြာ လက္လႈပ္ေက်း႐ြာ ေျမာက္ႏုံးေက်း႐ြာ ေျမက်က္ဆူေက်း႐ြာ ႐ြာေတာင္ေက်း႐ြာ စတဲ့ ေက်း႐ြာ ၈ ႐ြာထက္မနည္း အိုးအိမ္စြန႔္ခြာ ေဘးလြတ္ရာကို ထြတ္ေျပး တိမ္းေရွာင္ေနၾကရတယ္လို႔ ေျပာပါတယ္။

“ဒီေန႔မွာဆိုရင္ က်ေနာ္တို႔ အခက္ခဲမႈေတြရွိတယ္၊ တခ်ိဳ႕ စစ္ေရွာင္ေတြ တခ်ိဳ႕႐ြာေတြမွာ ထမင္းမစားရတဲ့ ႐ြာေတြ ေတာ္ေတာ္မ်ားမ်ားရွိတယ္ဗ်။ ဘာလို႔ရွိတယ္ဆိုေတာ့ ဟိုဘက္႐ြာကို ေျပးတယ္၊ အဲ့ဘက္လည္း ေပါင္းေျပးတယ္၊ ၿပီးေတာ့ သူ႔ကို ခ်က္ကြၽမ္းရမယ့္လူမရွိေတာ့ အခုခ်ိန္ထိ ထမင္းမစားရေသးတဲ့ စစ္ေဘးေရွာင္ေတြလည္း ရွိေနေသးတယ္ဗ်။ ခ်က္ခ်င္းေျပးရလို႔ ဘာမွပါမလာဘူး။ တခ်ိဳ႕အဝတ္တထည္ ကိုယ္တခုနဲ႔ ေျပးလာတဲ့ လူေတြလည္း ရွိတယ္ဗ်။ ေဆာင္းရာသီဆိုေတာ့ အခက္အခဲရွိတယ္ဗ်။ က်ေနာ္တို႔ ဒီတိုင္းဆိုရင္ က်ေနာ္တို႔ ဘယ္ေခၚမလဲ ေနာက္ရက္ထိဆက္မယ္ဆိုရင္ ဒါ ဒီေန႔ဆိုရင္ ေမးၾကည့္လိုက္တာက်ေတာ့ ခ်မ္းတဲ့ဟာေတာ့ မခံႏိုင္ ဘူးေပ့ါဗ်။ က်ေနာ္တို႔ ဒီက်န္းမာေရးအတြက္လည္း ထိခိုက္ႏိုင္တယ္။ ဘာထိခိုက္လဲဆိုေတာ့ အိုးအိမ္စြန႔္ခြာၿပီး ေျပးရတာေလ၊ ေစာင္ေတြ ဘာေတြ ယူခ်ိန္လည္းမရၾကဘူး။ တခ်ိဳ႕ဆိုရင္ အဝတ္တထည္ ကိုယ္တခုနဲ႔ ေျပးရတာ။”

လက္ရွိခ်ိန္မွာ ေဆာင္းတြင္း ရာသီဥတုေအးတာေၾကာင့္ စစ္ေဘးဒုကၡသည္ေတြအတြက္ ေစာင္၊ အဝတ္အထည္နဲ႔ ေဆးဝါး အစားအေသာက္ေတြ အေရးေပၚလိုအပ္ေနတယ္လို႔ ေျပာပါတယ္။

စစ္တပ္ကအာဏာသိမ္းၿပီး ၿငိမ္းခ်မ္းတဲ့ဆႏၵျပမႈေတြ အၾကမ္းဖက္ႏွိမ္နင္းခံရၿပီးတဲ့ေနာက္ ျမန္မာႏိုင္ငံတဝွမ္း လက္နက္နဲ႔ ျပန္လည္ခုခံေတာ္လွန္တာေတြျဖစ္ေနရာမွာ၊ စစ္ကိုင္းတိုင္းအတြင္း ေနရာအေတာ္မ်ားမ်ားမွာ ေဒသခံကာကြယ္ေရးတပ္ေတြနဲ႔ စစ္ေကာင္စီတပ္ေတြအၾကား တိုက္ပြဲေတြ ရက္ဆက္ဆိုသလိုရွိေနပါတယ္။ စစ္ေကာင္စီတပ္ေတြဟာ စစ္ကိုင္းတိုင္းအတြင္းေက်း႐ြာေတြကို လွည့္ၿပီး စစ္ဆင္မႈေတြ ဒီရက္ပိုင္းအတြင္း ခပ္စိတ္စိတ္ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========

[[Unicode]]

ယင်းမာပင်အနောက်ခြမ်း တိုက်ပွဲပြင်းထန်၊ ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်ရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အနောက်ခြမ်း နုံးကြီးကျေးရွာတဝိုက်မှာ ဒီဇင်ဘာ ၂၂ ရက် မနက်အစောပိုင်းမှာ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီအကြား တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲအခြေအနေကြောင့် ကျေးရွာ ၈ ရွာ က ကျေးရွာသားတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ ထောင်နဲ့ချီတဲ့ ဒေသခံတွေအတွက် စောင်၊ အဝတ်အထည်၊ အစားအသောက်တွေ အရေးပေါ်လိုအပ်နေတဲ့ အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ယင်းမာပင်မြို့နယ်အနောက်ခြမ်း နုံးကြီးကျေးရွာနဲ့ မြို့ကြီးကျေးရွာတဝိုက်မှာ ဒီဇင် ဘာ၂၂ ရက်နေ့ ဒီနေ့မှာ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီအကြား တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာပါ။ စစ်ကောင်စီဘက်က အင်အားအမြောက်အများနဲ့ ထိုးစစ်ဆင်လာတာကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ယင်းမာပင် PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ ပထမဦးဆုံးစပြီးတော့ သူတို့ ဒီစစ်ကြောင်းထိုးတဲ့ ရွှေဂူတောင်ရဲ့အနောက်ဘက်က နုံကြီးရွာနဲ့ မျိုးကြီးရွာ နောက်ပြီးတော့ ရွာတောင်ပေါ့နော်။ အဲဒီထဲမှာ သူတို့ဖြစ်တာပါ၊ အဲဒီ ဧရိယာအတွင်းထဲမှာ ဖြစ်တာ။ မနက်ပိုင်းကစပြီး တိုက် ပွဲတွေဆက်ဖြစ်ခဲ့တယ်။ နေ့လည် ၁၂ နာရီလောက်မှာ တိုက်ပွဲက ငြိမ်သွားတယ်။ တိုက်ပွဲက ပြီးသွားတဲ့အနေအထားပေါ့နော်။ လက်ရှိအခြေအနေကတော့ ကျနော်တို့ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာရှိပါတယ်။ ဘယ်လိုအခြေအနေကြောင့် တိုက် ပွဲဖြစ်သွားတာလဲဆိုတော့ သူတို့ဘက်ကနေပြီးတော့ သာလွန်အင်အားနဲ့ပေ့ါနော်၊ ကျနော်တို့ဘက်ကို ထိုးစစ်ဆင်လာတဲ့အတွက် ကျနော်တို့ကလည်း မလွဲမရှောင်သာ ပြန်လည်ခုခံရတဲ့ အခြေအနေမှာ တိုက်ပွဲဖြစ်တာပါ။”

ဒီနေ့တိုက်ပွဲအတွင်းမှာ ဒေသခံပြည်သူ့ကာကွယ်ရေးဘက်က အထိအခိုက်မရှိဘူးလို့ ပြောပါတယ်။ ယင်းမာပင်တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။

စစ်ကောင်စီဘက်က စက်သေနတ်တွေ လက်နက်ကြီးတွေ အသုံးပြုပြီး ပစ်ခတ်နေတာလို့ ဒေသခံနဲ့ ပြည်သူ့ကာကွယ်ရေးဘက်က ပြောပါတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နယ်မြေရှင်းလင်းရေးရာမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေ ကောက်ရတာရှိတယ်လို့ ပြောပါတယ်။

ဒီလို တိုက်ပွဲကြောင့် ကျေးရွာ ၈ ရွာက ကျေးရွာသားတွေ ထွက်ပြေးနေရတယ်လို့ စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးနေသူတဦးက ပြောပါတယ်။

“ဒီနေ့မနက်စောစောပိုင်းကတည်းက ကျနော်တို့ ဒီနုံးဘက်ကို ထိုးစစ်ဝင်လာတယ်။ သူတို့ထိုးစစ်ဝင်လာတယ်ဗျ၊ ထိုးစစ်လာပြီးတော့ သူတို့ ဒေသခံတွေကတော့ ပြေးရတယ်ဗျ။ ဒေသခံခန့်ခြေ ၇ ရွာ ၈ ရွာလောက်ပြေးရတယ်ဗျ။ ဟုတ်တယ်ဗျ။ ဒီနေ့တိုက်ပွဲကတော့ အခု ကျနော်တို့ ဒီဒေသခံနယ်မြေခံ PDF တပ်ဖွဲ့တွေက နေ့လယ် ၁၂ လောက်မှာပဲ သူတို့ ပြန်ပြီးတော့ တိုက်ပွဲနေတာကျတော့ အကုန်လုံး ပြန်ဆုတ်သွားတယ်။ စစ်ဘေးရှောင်တွေကတော့ သူတို့ ဒေသမှာတော့ ပြန်လို့တော့ မရသေးဘူး။ ဒီပြင်နီးစပ်ရာရွာတွေကိုပဲ ခိုလှုံနေရရှိနေတာဗျ။”

တိုက်ပွဲအခြေအနေကြောင့် နုံးကြီးကျေးရွာ မြို့ကြီးကျေးရွာ ပြောင်းပြာကျေးရွာ ရုံးလေးပင်ကျေးရွာ လက်လှုပ်ကျေးရွာ မြောက်နုံးကျေးရွာ မြေကျက်ဆူကျေးရွာ ရွာတောင်ကျေးရွာ စတဲ့ ကျေးရွာ ၈ ရွာထက်မနည်း အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွတ်ပြေး တိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။

“ဒီနေ့မှာဆိုရင် ကျနော်တို့ အခက်ခဲမှုတွေရှိတယ်၊ တချို့ စစ်ရှောင်တွေ တချို့ရွာတွေမှာ ထမင်းမစားရတဲ့ ရွာတွေ တော်တော်များများရှိတယ်ဗျ။ ဘာလို့ရှိတယ်ဆိုတော့ ဟိုဘက်ရွာကို ပြေးတယ်၊ အဲ့ဘက်လည်း ပေါင်းပြေးတယ်၊ ပြီးတော့ သူ့ကို ချက်ကျွမ်းရမယ့်လူမရှိတော့ အခုချိန်ထိ ထမင်းမစားရသေးတဲ့ စစ်ဘေးရှောင်တွေလည်း ရှိနေသေးတယ်ဗျ။ ချက်ချင်းပြေးရလို့ ဘာမှပါမလာဘူး။ တချို့အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာတဲ့ လူတွေလည်း ရှိတယ်ဗျ။ ဆောင်းရာသီဆိုတော့ အခက်အခဲရှိတယ်ဗျ။ ကျနော်တို့ ဒီတိုင်းဆိုရင် ကျနော်တို့ ဘယ်ခေါ်မလဲ နောက်ရက်ထိဆက်မယ်ဆိုရင် ဒါ ဒီနေ့ဆိုရင် မေးကြည့်လိုက်တာကျတော့ ချမ်းတဲ့ဟာတော့ မခံနိုင် ဘူးပေ့ါဗျ။ ကျနော်တို့ ဒီကျန်းမာရေးအတွက်လည်း ထိခိုက်နိုင်တယ်။ ဘာထိခိုက်လဲဆိုတော့ အိုးအိမ်စွန့်ခွာပြီး ပြေးရတာလေ၊ စောင်တွေ ဘာတွေ ယူချိန်လည်းမရကြဘူး။ တချို့ဆိုရင် အဝတ်တထည် ကိုယ်တခုနဲ့ ပြေးရတာ။”

လက်ရှိချိန်မှာ ဆောင်းတွင်း ရာသီဥတုအေးတာကြောင့် စစ်ဘေးဒုက္ခသည်တွေအတွက် စောင်၊ အဝတ်အထည်နဲ့ ဆေးဝါး အစားအသောက်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး ငြိမ်းချမ်းတဲ့ဆန္ဒပြမှုတွေ အကြမ်းဖက်နှိမ်နင်းခံရပြီးတဲ့နောက် မြန်မာနိုင်ငံတဝှမ်း လက်နက်နဲ့ ပြန်လည်ခုခံတော်လှန်တာတွေဖြစ်နေရာမှာ၊ စစ်ကိုင်းတိုင်းအတွင်း နေရာအတော်များများမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ရက်ဆက်ဆိုသလိုရှိနေပါတယ်။ စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းအတွင်းကျေးရွာတွေကို လှည့်ပြီး စစ်ဆင်မှုတွေ ဒီရက်ပိုင်းအတွင်း ခပ်စိတ်စိတ်ရှိနေပါတယ်။

#MyanmarViolence #MyanmarMilitary #MyanmarPDF #VOABurmese

#ယင်းမာပင်နုံးကြီးကျေးရွာ #ဘေးလွတ်ရာပြေး #ဒေသခံကာကွယ်ရေးတပ် #PDF

=========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG