သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်းဘာဘာ ကျန်းမာရေးအခြေအနေ ဆိုးရွား


ဆိုင်းဘာဘာ ကျန်းမာရေးအခြေအနေ ဆိုးရွား
ဆိုင်းဘာဘာ ကျန်းမာရေးအခြေအနေ ဆိုးရွား

အိန္ဒိယနိုင်ငံက အကျော်ကြားဆုံး သက်ရှိထင်ရှား တန်ခိုးရှင်တဦးလို့ အများယုံကြည်တဲ့ အသက် ၈၅ နှစ်အရွယ် ဆိုင်းဘာဘာရဲ့ ကျန်းမာရေးအခြေအနေဟာ ဆိုးရွားနေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံ တောင်ပိုင်း အန်ဒရာ ပရာဒေ့ရှ် (Andhra Pradesh) ပြည်နယ်က ဆိုင်းဘာဘာရဲ့ ဇာတိမြို့ဖြစ်တဲ့ ပူတာပရာသီ (Putta Parthi) ကို သူ့ကိုကြည်ညိုကြသူ ထောင်နဲ့ချီပြီး လာရောက်ခဲ့ကြပါတယ်။

ဆိုင်းဘာဘာရဲ့ အဆုတ်ရော၊ ကျောက်ကပ်ပါ ချို့ယွင်းနေသလို နှလုံးအခြေအနေလည်း မကောင်းတဲ့အတွက် ပြီးခဲ့တဲ့လမှာ ဆေးရုံကို တင်ထားခဲ့ရပြီး အခုချိန်ထိလည်း ကောင်းမလာသေးဘူးလို့ ဆရာဝန်တွေက ပြောပါတယ်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှားမှာ ဆိုင်းဘာဘာကို ကိုးကွယ်ကြသူ သန်းနဲ့ချီ ရှိနေပါတယ်။ တန်ခိုးရှင် ဆိုင်းဘာဘာက ရောဂါရှင်တွေကို ဆေးကုသပေးခဲ့သလို အတိတ်ဘဝဟောင်းကို ပြန်သတိရစေတာမျိုးနဲ့ ဝတ္ထုပစ္စည်းတွေကို တန်ခိုးနဲ့ယူပြတာ အပါအဝင် မယုံနိုင်စရာ စွမ်းအားရှိတယ်လို့ ယုံကြည်ကြပါတယ်။

သူ့စောင့်ရှောက်မှုကို ခံယူကိုးကွယ်ကြသူတွေထဲမှာ နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်းတွေ၊ သမ္မတတွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ၊ ရုပ်ရှင် မင်းသမီး မင်းသားတွေနဲ့ အိန္ဒိယ အားကစားသမား အကျော်အမော်တွေလည်း ပါဝင်ပါတယ်။

ဆိုင်းဘာဘာကို လာရောက်ဖူးမျှော်သူတွေ လူအုပ် ကြီးကြီးမားမား မစုဝေးကြဖို့ ဒေသတာဝန်ခံတွေက လုံခြုံရေး သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ဆိုင်းဘာဘာ ကွယ်လွန်ခဲ့ရင် လာရောက် ဝတ်ပြုသူတွေများမှာမို့ လုံခြုံရေးအတွက် အထူးတပ်တွေကိုလည်း ချထားပါတယ်။

XS
SM
MD
LG