သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူသားခ်င္း စာနာမႈအကူအညီ ျပည္ပ ႀကီးၾကပ္မႈ စစ္ေကာင္စီ လက္မခံ


[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံအအတြက္ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးေရးလုပ္ငန္းေတြမွာ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတဲ့အေၾကာင္း စစ္ေကာင္စီဘက္က ျပန္လည္ တုံ႔ျပန္ေျပာဆိုပါတယ္။ အကူအညီေတြကို ေရာက္ေအာင္ပို႔ခ်င္တဲ့ေနရာ ပို႔ေပးဖို႔ အာမခံထားေပမယ့္ အျပင္ကအဖြဲ႕အစည္းေတြရဲ႕ စိတ္ႀကိဳက္ စီမံတာမ်ိဳးကိုေတာ့ ခြင္ျ့ပုလို႔မရဘူးလို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက VOA ကို ေျပာပါတယ္။ ကိုၿငိမ္းခ်မ္း ဆက္ၿပီး တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံကို လူသားခ်င္းစာနာေထာက္ထားေရး အကူအညီေပးဖို႔ ေပါင္းစပ္ညႇိႏႈိင္းေရးအတြက္ စစ္ေကာင္စီက လိုအပ္တဲ့ပူးေပါင္းေဆာင္႐ြက္တာမရွိဘူးလို႔ မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီး Datuk Seri Saifuddin Abdullah မေန႔က ေျပာဆိုခဲ့တာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က အခုလို တုံ႔ျပန္လုိက္ပါတယ္။

“လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးေရး ကိစၥေတြမွာ က်ေနာ္တို႔ရဲ႕အစိုးရရဲ႕မူဝါဒအတိုင္းပဲ သြားပါ၊ က်ေနာ္တို႔ အေနနဲ႔ သူတို႔ေရာက္ေစခ်င္တဲ့ေနရာ၊ ပို႔ေစခ်င္တဲ့ေနရာေတြကို ေရာက္ေအာင္လုပ္ေပးမယ္ဆိုတာကို က်ေနာ္တို႔ အာမခံၿပီးျဖစ္တယ္။ သို႔ေသာ္ တခ်ိဳ႕ေနရာေတြမွာေတာ့ သူတို႔အေနနဲ႔ကေတာ့ ကိုယ္တိုင္ေပါ့ေနာ္-ႀကီးၾကပ္လုပ္ေဆာင္ခ်င္တဲ့သေဘာရွိတယ္။ ႏိုင္ငံတကာမွာလည္း အဲလိုမ်ိဳး မရွိပါဘူးဗ်ာ။ ဒီဟာေတြနဲ႔ပတ္သက္ၿပီးေတာ့က်ေတာ့ က်ေနာ္တို႔အေနနဲ႔ ကေတာ့ ယခင္ကတည္းကအတိုင္း ပြင့္ပြင့္လင္းလင္း ေျပာၿပီးျဖစ္တယ္။ ဥပမာအေနနဲ႔-က်ေနာ္တို႔ ဂ်ပန္ႏိုင္ငံကေန ကူညီတဲ့အကူအညီေတြေပါ့။ နိပြန္ေဖာင္ေဒးရွင္း-အဲဒီကေန ကူညီတဲ့အကူအညီေတြေပါ့။ ဆန္ေတြကူညီတာရွိတယ္။ ဘယ္ EO ေတြကိုပို႔ေပးပါ၊ ဘယ္ေဒသကိုပို႔ေပးပါ - က်ေနာ္တို႔ ေရာက္ေအာင္ ပို႔ေပးႏိုင္ခဲ့တယ္။ ေရာက္ေအာင္ ပို႔လည္း ပို႔ေပးခဲ့တယ္။ လက္ေတြ႕လည္း လုပ္ေဆာင္ေပးခဲ့တယ္။ ကိုဗစ္အစီအစဥ္မွာလည္း ဒီအတိုင္းပဲျဖစ္ပါတယ္။ က်ေနာ္တို႔အေနနဲ႔ကေတာ့ ႏိုင္ငံေတာ္ အစိုးရရဲ႕ႀကီးၾကပ္မႈေပါ့ေနာ္။ ဝန္ႀကီး ဦးကိုကိုလႈိင္တို႔ ပို႔ေပးတဲ့အဖြဲ႕၊ ဝန္ႀကီးဌာနေတြပါဝင္တဲ့အဖြဲ႕ေတြရဲ႕ႀကီးၾကပ္မႈနဲ႔ပဲ က်ေနာ္တို႔ ဆက္လက္ လုပ္ေဆာင္ေပးသြားမွာျဖစ္ပါတယ္ဗ်ား။”

လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးဖို႔ ျမန္မာအလုပ္အဖြဲ႔ကို ဖြဲ႔စည္းရာမွာ ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႕နဲ႔ အာဆီယံ ႏိုင္ငံေတြက အရပ္ဘက္အဖြဲ႕အစည္းေတြပါဝင္ၾကဖို႔ ခ်မွတ္ခဲ့ေပမယ့္ လိုအပ္တဲ့ ပူးေပါင္းေဆာင္႐ြက္မူမရခဲ့ဘူးလို႔ မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီးက ဆိုပါတယ္။ “ႏိုင္ငံတကာ အဖြဲ႕အစည္းေတြက အဓိပၸါယ္ရွိရွိ အလုပ္အဖြဲ႔မွာ ပိုၿပီးပါဝင္ဖို႔လိုလားပါတယ္။” လို႔ မစၥတာ Saifuddin Abdullah က ဆိုပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ဗိုလ္ ခ်ဳပ္ေဇာ္မင္းထြန္းက အခုလို တုံ႔ျပန္ေျပာဆိုပါတယ္။

“ႏိုင္ငံတကာမွာ မည္သည့္ႏိုင္ငံမွေပါ့ေနာ္-သူတို႔ႏိုင္ငံအပါအဝင္ ဘယ္ႏိုင္ငံမွာမဆို လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးေရးကိစၥေတြဟာ လက္ရွိျဖစ္ေနတဲ့၊ ရွိေနတဲ့အစိုးရရဲ႕စီမံခန႔္ခြဲမႈနဲ႔ ပူးေပါင္းေဆာင္႐ြက္ရတာပဲျဖစ္ပါတယ္။ သူတို႔အာဆီယံက က်ေနာ္တို႔ အာဆီယံအကူအညီေပးေရး aid ေတြမွ မဟုတ္ပါဘူး။ က်န္တဲ့ေနရာေတြမွာလည္း အဲလိုပါပဲ။ က်ေနာ္တို႔ အေနနဲ႔လက္ရွိမွာ ႏိုင္ငံတကာအဖြဲ႕အစည္းေတြရွိတယ္။ ကုလသမဂၢမွာရွိတဲ့ က်ေနာ္တို႔ ယူနီဆက္ဖ္ လိုအဖြဲ႔ အစည္းမ်ိဳးေတြ ရွိတယ္။ သူတို႔ ပူးေပါင္းေဆာင္႐ြက္လွ်က္ရွိတာကို ေတြ႕ႏိုင္ပါတယ္။ ဒီလိုမွ မဟုတ္ဘဲနဲ႔ အစိုးရရဲ႕ျပင္ပမွာ agenda (လုပ္ငန္းစဥ္) ေတြနဲ႔ လုပ္ေဆာင္လို႔ေတာ့ မရဘူးလို႔ပဲ ေျပာခ်င္ပါတယ္။”

ေဒသႏၲရအရင္းအျမစ္ကေန တိက်တဲ့ သတင္းအခ်က္အလက္ေတြ ရရွိေရး၊ ေဘးဒဏ္ခံ ျပည္သူေတြရဲ႕အသံကို နားေထာင္ေရးနဲ႔ တာဝန္ခံမႈ၊ ပြင္းလင္းျမင္သာမႈနဲ႔ အကဲျဖတ္ၾကည့္ရႈႏိုင္ေရးအတြက္ မူေဘာင္ခ်မွတ္ေရးတို႔ဟာ တိုးတက္ေအာင္ လုပ္ရမယ့္ နယ္ပယ္ေတြ ျဖစ္ေၾကာင္းလည္း မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီးက ေထာက္ျပသြားပါတယ္။ အကူအညီေပးရာမွာ မ်က္ႏွာလိုက္မွာ၊ ခြဲျခားဆက္ဆံမွာေတြကို ပူပန္ေၾကာင္းလည္း သူက ေျပာပါတယ္။ ရံပုံေငြမရွိတာနဲ႔ ပဋိပကၡဒဏ္ကို ခံၾကရသူေတြ တကယ့္ လိုအပ္ခ်က္အတိုင္း အကူအညီေတြ ေပးႏိုင္ေရးတို႔ဟာ စိန္ေခၚခ်က္ေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။ ၾကားကာလအမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကေတာ့ လူသားခ်င္းစာနာမႈအကူအညီေတြကို နယ္စပ္ေဒသအဖြဲ႕အစည္းေတြကတဆင့္ ေပးပို႔ဖို႔ ေတာင္းဆိုထားပါတယ္။

“အစိုးရရဲ႕ေရးဆြဲထားတဲ့ မူဝါဒေတြရွိတယ္။ လုပ္ငန္းစဥ္ေတြရွိတယ္။ အဲဒီလုပ္ငန္းစဥ္ကိုေသြျဖည္ၿပီးမွ လုပ္ခ်င္ေနတာေတြရွိတယ္။ လုပ္ခ်င္တာမ်ိဳးေတြရွိတယ္။ ဒါေတြကေတာ့ မည္သည့္အစိုးရမွ က်ေနာ္တို႔ ခြင့္ျပဳတာမရွိပါဘူး။ ဒီဟာကိုအမည္ခံၿပီးေတာ့ လက္နက္ကိုင္ ေသာင္းက်န္းေနတဲ့အဖြဲ႕ေတြဆီကို ပို႔ခ်င္တဲ့အေနအထားမ်ိဳးေတြရွိတယ္။ ဒါေတြကေတာ့ ဘယ္ႏိုင္ငံကမွ လက္ခံႏိုင္တဲ့အေနအထား မရွိတဲ့အေနအထားျဖစ္တယ္လို႔ပဲ ေျပာခ်င္ပါတယ္။”

ျမန္မာႏိုင္ငံအတြက္ လူသားခ်င္း စာနာေထာက္ထားေရး အကူအညီေပးဖို႔ စစ္ေကာင္စီဘက္က ပူးေပါင္းေဆာင္႐ြက္မႈ မရွိဘူးဆိုတဲ့ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ ေျပဆိခ်က္အေပၚ စစ္ေကာင္စီဘက္က တုန႔္ျပန္ေျပာဆိုသြားတာပါခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

လူသားချင်း စာနာမှုအကူအညီ ပြည်ပ ကြီးကြပ်မှု စစ်ကောင်စီ လက်မခံ

မြန်မာနိုင်ငံအအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းတွေမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း စစ်ကောင်စီဘက်က ပြန်လည် တုံ့ပြန်ပြောဆိုပါတယ်။ အကူအညီတွေကို ရောက်အောင်ပို့ချင်တဲ့နေရာ ပို့ပေးဖို့ အာမခံထားပေမယ့် အပြင်ကအဖွဲ့အစည်းတွေရဲ့ စိတ်ကြိုက် စီမံတာမျိုးကိုတော့ ခွင်ြ့ပုလို့မရဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA ကို ပြောပါတယ်။ ကိုငြိမ်းချမ်း ဆက်ပြီး တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားရေး အကူအညီပေးဖို့ ပေါင်းစပ်ညှိနှိုင်းရေးအတွက် စစ်ကောင်စီက လိုအပ်တဲ့ပူးပေါင်းဆောင်ရွက်တာမရှိဘူးလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah မနေ့က ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က အခုလို တုံ့ပြန်လိုက်ပါတယ်။

“လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စတွေမှာ ကျနော်တို့ရဲ့အစိုးရရဲ့မူဝါဒအတိုင်းပဲ သွားပါ၊ ကျနော်တို့ အနေနဲ့ သူတို့ရောက်စေချင်တဲ့နေရာ၊ ပို့စေချင်တဲ့နေရာတွေကို ရောက်အောင်လုပ်ပေးမယ်ဆိုတာကို ကျနော်တို့ အာမခံပြီးဖြစ်တယ်။ သို့သော် တချို့နေရာတွေမှာတော့ သူတို့အနေနဲ့ကတော့ ကိုယ်တိုင်ပေါ့နော်-ကြီးကြပ်လုပ်ဆောင်ချင်တဲ့သဘောရှိတယ်။ နိုင်ငံတကာမှာလည်း အဲလိုမျိုး မရှိပါဘူးဗျာ။ ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ကျတော့ ကျနော်တို့အနေနဲ့ ကတော့ ယခင်ကတည်းကအတိုင်း ပွင့်ပွင့်လင်းလင်း ပြောပြီးဖြစ်တယ်။ ဥပမာအနေနဲ့-ကျနော်တို့ ဂျပန်နိုင်ငံကနေ ကူညီတဲ့အကူအညီတွေပေါ့။ နိပွန်ဖောင်ဒေးရှင်း-အဲဒီကနေ ကူညီတဲ့အကူအညီတွေပေါ့။ ဆန်တွေကူညီတာရှိတယ်။ ဘယ် EO တွေကိုပို့ပေးပါ၊ ဘယ်ဒေသကိုပို့ပေးပါ - ကျနော်တို့ ရောက်အောင် ပို့ပေးနိုင်ခဲ့တယ်။ ရောက်အောင် ပို့လည်း ပို့ပေးခဲ့တယ်။ လက်တွေ့လည်း လုပ်ဆောင်ပေးခဲ့တယ်။ ကိုဗစ်အစီအစဉ်မှာလည်း ဒီအတိုင်းပဲဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ကတော့ နိုင်ငံတော် အစိုးရရဲ့ကြီးကြပ်မှုပေါ့နော်။ ဝန်ကြီး ဦးကိုကိုလှိုင်တို့ ပို့ပေးတဲ့အဖွဲ့၊ ဝန်ကြီးဌာနတွေပါဝင်တဲ့အဖွဲ့တွေရဲ့ကြီးကြပ်မှုနဲ့ပဲ ကျနော်တို့ ဆက်လက် လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်ဗျား။”

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးဖို့ မြန်မာအလုပ်အဖွဲ့ကို ဖွဲ့စည်းရာမှာ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နဲ့ အာဆီယံ နိုင်ငံတွေက အရပ်ဘက်အဖွဲ့အစည်းတွေပါဝင်ကြဖို့ ချမှတ်ခဲ့ပေမယ့် လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မူမရခဲ့ဘူးလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ “နိုင်ငံတကာ အဖွဲ့အစည်းတွေက အဓိပ္ပါယ်ရှိရှိ အလုပ်အဖွဲ့မှာ ပိုပြီးပါဝင်ဖို့လိုလားပါတယ်။” လို့ မစ္စတာ Saifuddin Abdullah က ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗိုလ် ချုပ်ဇော်မင်းထွန်းက အခုလို တုံ့ပြန်ပြောဆိုပါတယ်။

“နိုင်ငံတကာမှာ မည်သည့်နိုင်ငံမှပေါ့နော်-သူတို့နိုင်ငံအပါအဝင် ဘယ်နိုင်ငံမှာမဆို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စတွေဟာ လက်ရှိဖြစ်နေတဲ့၊ ရှိနေတဲ့အစိုးရရဲ့စီမံခန့်ခွဲမှုနဲ့ ပူးပေါင်းဆောင်ရွက်ရတာပဲဖြစ်ပါတယ်။ သူတို့အာဆီယံက ကျနော်တို့ အာဆီယံအကူအညီပေးရေး aid တွေမှ မဟုတ်ပါဘူး။ ကျန်တဲ့နေရာတွေမှာလည်း အဲလိုပါပဲ။ ကျနော်တို့ အနေနဲ့လက်ရှိမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရှိတယ်။ ကုလသမဂ္ဂမှာရှိတဲ့ ကျနော်တို့ ယူနီဆက်ဖ် လိုအဖွဲ့ အစည်းမျိုးတွေ ရှိတယ်။ သူတို့ ပူးပေါင်းဆောင်ရွက်လျှက်ရှိတာကို တွေ့နိုင်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲနဲ့ အစိုးရရဲ့ပြင်ပမှာ agenda (လုပ်ငန်းစဉ်) တွေနဲ့ လုပ်ဆောင်လို့တော့ မရဘူးလို့ပဲ ပြောချင်ပါတယ်။”

ဒေသန္တရအရင်းအမြစ်ကနေ တိကျတဲ့ သတင်းအချက်အလက်တွေ ရရှိရေး၊ ဘေးဒဏ်ခံ ပြည်သူတွေရဲ့အသံကို နားထောင်ရေးနဲ့ တာဝန်ခံမှု၊ ပွင်းလင်းမြင်သာမှုနဲ့ အကဲဖြတ်ကြည့်ရှုနိုင်ရေးအတွက် မူဘောင်ချမှတ်ရေးတို့ဟာ တိုးတက်အောင် လုပ်ရမယ့် နယ်ပယ်တွေ ဖြစ်ကြောင်းလည်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ထောက်ပြသွားပါတယ်။ အကူအညီပေးရာမှာ မျက်နှာလိုက်မှာ၊ ခွဲခြားဆက်ဆံမှာတွေကို ပူပန်ကြောင်းလည်း သူက ပြောပါတယ်။ ရံပုံငွေမရှိတာနဲ့ ပဋိပက္ခဒဏ်ကို ခံကြရသူတွေ တကယ့် လိုအပ်ချက်အတိုင်း အကူအညီတွေ ပေးနိုင်ရေးတို့ဟာ စိန်ခေါ်ချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ လူသားချင်းစာနာမှုအကူအညီတွေကို နယ်စပ်ဒေသအဖွဲ့အစည်းတွေကတဆင့် ပေးပို့ဖို့ တောင်းဆိုထားပါတယ်။

“အစိုးရရဲ့ရေးဆွဲထားတဲ့ မူဝါဒတွေရှိတယ်။ လုပ်ငန်းစဉ်တွေရှိတယ်။ အဲဒီလုပ်ငန်းစဉ်ကိုသွေဖြည်ပြီးမှ လုပ်ချင်နေတာတွေရှိတယ်။ လုပ်ချင်တာမျိုးတွေရှိတယ်။ ဒါတွေကတော့ မည်သည့်အစိုးရမှ ကျနော်တို့ ခွင့်ပြုတာမရှိပါဘူး။ ဒီဟာကိုအမည်ခံပြီးတော့ လက်နက်ကိုင် သောင်းကျန်းနေတဲ့အဖွဲ့တွေဆီကို ပို့ချင်တဲ့အနေအထားမျိုးတွေရှိတယ်။ ဒါတွေကတော့ ဘယ်နိုင်ငံကမှ လက်ခံနိုင်တဲ့အနေအထား မရှိတဲ့အနေအထားဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။”

မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားရေး အကူအညီပေးဖို့ စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြေဆိချက်အပေါ် စစ်ကောင်စီဘက်က တုန့်ပြန်ပြောဆိုသွားတာပါခင်ဗျာ။

XS
SM
MD
LG