သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံက အရေးတကြီး ဖြေရှင်းဖို့လိုအပ်နေ (မလေးရှားနိုင်ငံခြားရေးဝန်ကြီး)


မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ဇူလိုင်လ ၃၀ ရက်နေ့က အွန်လိုင်းဆုတောင်းပွဲ တက်ရောက်နေစဉ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ဇူလိုင်လ ၃၀ ရက်နေ့က အွန်လိုင်းဆုတောင်းပွဲ တက်ရောက်နေစဉ်။

[[Zawgyi/Unicode]]

မြန်မာနိုင်ငံအခြေအနေ ယိုယွင်းပျက်စီးနေတာမို့ အရေးပေါ် တာဝန်ယူကိုင်တွယ်ဖို့ လိုပြီလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။

မြန်မာနိုင်ငံ ဒီလိုဖြစ်နေတာ အချိန်အတော်ကြာနေပြီဖြစ်တဲ့အတွက် အာဆီယံအနေနဲ့ မြန်မာ့ပြဿာနာကို အရေးတကြီး ဖြေရှင်းရမယ်ဆိုတာ သဘောပေါက်ဖို့ လိုကြောင်းနဲ့ အစည်းအဝေးတွေအပေါ်မှာပဲ မှီခိုအားထားမနေသင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးက Ladang Jeram တမီလ်ကျောင်းကို သွားရောက်ချိန်မှာ သတင်းထောက်တွေကို ခုလို ပြောကြားခဲ့တာပါ။ လာမယ့် နိုဝင်ဘာမှာ အာဆီယံထိပ်သီးအစည်းဝေးကျင်းပဖို့ ရှိနေပြီး တကယ်လို့ အစည်းဝေးခေါ်ဖို့ လိုအပ်ရင် ဒါကို နည်းပညာနဲ့ အချိန်မရွေးလုပ်နိုင်ကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံက တိုက်ပွဲဘယ်နှစ်ကြိမ်ဖြစ်ပွါးတယ်၊ ဘယ်နှစ်ယောက် အသတ်ဖြတ်ခံရတယ်၊ အဖမ်းခံရတယ်၊ ဘယ်သူတွေ ဒုက္ခသည်ဘဝရောက်ကုန်တယ် ဆိုတာမျိုး လက်ရှိဖြစ်ပွါးနေတဲ့ အခြေနေတွေနဲ့ပတ်သက်ပြီး ရတဲ့သတင်းတွေဟာ ကျေနပ်စရာ မကောင်းသလို သူ့ကိုရော အာဆီယံက တခြားနိုင်ငံခြားရေးဝန်ကြီးတွေကိုပါ တိတိကျကျ ဆက်သွယ် ပြောကြားတာမျိုးမရှိဘူးလို့လည်း ဝန်ကြီး Saifuddin က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတဲ့ နောက်ဆုံး အခြေအနေမှန်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ လက်လှမ်းမီအောင်လုပ်ပေးဖို့ အာဆီယံရုံးချုပ် ကို စာရေးတောင်းဆိုမှာ ဖြစ်ကြောင်း၊ နောက်ကျင်းပမယ့် အစည်းအဝေးအထိ စောင့်မနေနိုင်ကြောင်း ပြောခဲ့သလို မလေးရှားအနေနဲ့လည်း ငွေးကြေးအပါအဝင် နောက်ထပ်အကူအညီတွေပေးဖို့ အဆင်သင့်ဖြစ်ကြောင်းလည်း ပြောပါတယ်။

အာဆီယံနဲ့ မြန်မာစစ်ကောင်စီတို့ ပူးတွဲလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူညီပေးမှုဆိုင်ရာ အစီရင်ခံချက်ဟာ တုန်လှုပ်ခြောက်ခြားဖွယ်ဖြစ်ပြီး ဒါကိုအာဆီယံက ပြန်လည်အကဲဖြတ် သုံးသပ်သင့်ကြောင်းလည်း ပြောပါတယ်။

အကူညီပေးလိုသူတွေ ရှိနေပေမယ့် မြန်မာစစ်ကောင်စီနဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ လူသားစာနာမှုအကူညီ လိုအပ်သူတွေဆီရောက်မရောက် သံသယ ဖြစ်နေကြကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် အာဆီယံအနေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC တို့နဲ့ ဆက်ပြီး ဆက်သွယ်ဖို့ အရေးကြီးကြောင်းနဲ့ သူ့အနေနဲ့ မကြာခင်မှာ ဒီ ၂ ဖွဲ့စလုံးနဲ့ တွေ့ဆုံလိုတဲ့ ဆန္ဒရှိတယ်လို့လည်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]










XS
SM
MD
LG