သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အာဆီယံက အေရးတႀကီး ေျဖရွင္းဖို႔လိုအပ္ေန (မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး)


မေလးရွားႏိုင္ငံျခားေရး၀န္ႀကီး Saifuddin Abdullah ဇူလိုင္လ ၃၀ ရက္ေန႔က အြန္လိုင္းဆုေတာင္းပြဲ တက္ေရာက္ေနစဥ္။

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံအေျခအေန ယိုယြင္းပ်က္စီးေနတာမို႔ အေရးေပၚ တာဝန္ယူကိုင္တြယ္ဖို႔ လိုၿပီလို႔ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးကဆိုပါတယ္။

ျမန္မာႏိုင္ငံ ဒီလိုျဖစ္ေနတာ အခ်ိန္အေတာ္ၾကာေနၿပီျဖစ္တဲ့အတြက္ အာဆီယံအေနနဲ႔ ျမန္မာ့ျပႆာနာကို အေရးတႀကီး ေျဖရွင္းရမယ္ဆိုတာ သေဘာေပါက္ဖို႔ လိုေၾကာင္းနဲ႔ အစည္းအေဝးေတြအေပၚမွာပဲ မွီခိုအားထားမေနသင့္ေၾကာင္း မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah က ဒီကေန႔ ဗုဒၶဟူးေန႔မွာ ေျပာပါတယ္။

ႏိ္ုင္ငံျခားေရးဝန္ႀကီးက Ladang Jeram တမီလ္ေက်ာင္းကို သြားေရာက္ခ်ိန္မွာ သတင္းေထာက္ေတြကို ခုလို ေျပာၾကားခဲ့တာပါ။ လာမယ့္ ႏိုဝင္ဘာမွာ အာဆီယံထိပ္သီးအစည္းေဝးက်င္းပဖို႔ ရွိေနၿပီး တကယ္လို႔ အစည္းေဝးေခၚဖို႔ လိုအပ္ရင္ ဒါကို နည္းပညာနဲ႔ အခ်ိန္မေရြးလုပ္ႏိုင္ေၾကာင္းလည္း ေျပာပါတယ္။

ျမန္မာႏိုင္ငံက တိုက္ပြဲဘယ္ႏွစ္ႀကိမ္ျဖစ္ပြါးတယ္၊ ဘယ္ႏွစ္ေယာက္ အသတ္ျဖတ္ခံရတယ္၊ အဖမ္းခံရတယ္၊ ဘယ္သူေတြ ဒုကၡသည္ဘဝေရာက္ကုန္တယ္ ဆိုတာမ်ိဳး လက္ရွိျဖစ္ပြါးေနတဲ့ အေျခေနေတြနဲ႔ပတ္သက္ၿပီး ရတဲ့သတင္းေတြဟာ ေက်နပ္စရာ မေကာင္းသလို သူ႔ကိုေရာ အာဆီယံက တျခားႏိုင္ငံျခားေရးဝန္ႀကီးေတြကိုပါ တိတိက်က် ဆက္သြယ္ ေျပာၾကားတာမ်ိဳးမရွိဘူးလို႔လည္း ဝန္ႀကီး Saifuddin က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ဘာေတြျဖစ္ပ်က္ေနတယ္ဆိုတဲ့ ေနာက္ဆံုး အေျခအေနမွန္ကို အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြ လက္လွမ္းမီေအာင္လုပ္ေပးဖို႔ အာဆီယံရံုးခ်ဳပ္ ကို စာေရးေတာင္းဆိုမွာ ျဖစ္ေၾကာင္း၊ ေနာက္က်င္းပမယ့္ အစည္းအေဝးအထိ ေစာင့္မေနႏိုင္ေၾကာင္း ေျပာခဲ့သလို မေလးရွားအေနနဲ႔လည္း ေငြးေၾကးအပါအဝင္ ေနာက္ထပ္အကူအညီေတြေပးဖို႔ အဆင္သင့္ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

အာဆီယံနဲ႔ ျမန္မာစစ္ေကာင္စီတို႔ ပူးတြဲလုပ္ေဆာင္ေနတဲ့ ျမန္မာႏိုင္ငံအတြက္ လူသားခ်င္းစာနာမႈ အကူညီေပးမႈဆိုင္ရာ အစီရင္ခံခ်က္ဟာ တုန္လႈပ္ေျခာက္ျခားဖြယ္ျဖစ္ၿပီး ဒါကိုအာဆီယံက ျပန္လည္အကဲျဖတ္ သံုးသပ္သင့္ေၾကာင္းလည္း ေျပာပါတယ္။

အကူညီေပးလိုသူေတြ ရွိေနေပမယ့္ ျမန္မာစစ္ေကာင္စီနဲ႔ ဆက္သြယ္ေဆာင္ရြက္ေနတဲ့ လူသားစာနာမႈအကူညီ လိုအပ္သူေတြဆီေရာက္မေရာက္ သံသယ ျဖစ္ေနၾကေၾကာင္းလည္း ေျပာပါတယ္။

ဒါ့အျပင္ အာဆီယံအေနနဲ႔ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရနဲ႔ အမ်ိဳးသားညီၫြတ္ေရး အတိုင္ပင္ခံေကာင္စီ NUCC တို႔နဲ႔ ဆက္ၿပီး ဆက္သြယ္ဖို႔ အေရးႀကီးေၾကာင္းနဲ႔ သူ႔အေနနဲ႔ မၾကာခင္မွာ ဒီ ၂ ဖြဲ႔စလံုးနဲ႔ ေတြ႕ဆံုလိုတဲ့ ဆႏၵရွိတယ္လို႔လည္း မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

မြန်မာ့အရေး အာဆီယံက အရေးတကြီး ဖြေရှင်းဖို့လိုအပ်နေ (မလေးရှားနိုင်ငံခြားရေးဝန်ကြီး)

မြန်မာနိုင်ငံအခြေအနေ ယိုယွင်းပျက်စီးနေတာမို့ အရေးပေါ် တာဝန်ယူကိုင်တွယ်ဖို့ လိုပြီလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။

မြန်မာနိုင်ငံ ဒီလိုဖြစ်နေတာ အချိန်အတော်ကြာနေပြီဖြစ်တဲ့အတွက် အာဆီယံအနေနဲ့ မြန်မာ့ပြဿာနာကို အရေးတကြီး ဖြေရှင်းရမယ်ဆိုတာ သဘောပေါက်ဖို့ လိုကြောင်းနဲ့ အစည်းအဝေးတွေအပေါ်မှာပဲ မှီခိုအားထားမနေသင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးက Ladang Jeram တမီလ်ကျောင်းကို သွားရောက်ချိန်မှာ သတင်းထောက်တွေကို ခုလို ပြောကြားခဲ့တာပါ။ လာမယ့် နိုဝင်ဘာမှာ အာဆီယံထိပ်သီးအစည်းဝေးကျင်းပဖို့ ရှိနေပြီး တကယ်လို့ အစည်းဝေးခေါ်ဖို့ လိုအပ်ရင် ဒါကို နည်းပညာနဲ့ အချိန်မရွေးလုပ်နိုင်ကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံက တိုက်ပွဲဘယ်နှစ်ကြိမ်ဖြစ်ပွါးတယ်၊ ဘယ်နှစ်ယောက် အသတ်ဖြတ်ခံရတယ်၊ အဖမ်းခံရတယ်၊ ဘယ်သူတွေ ဒုက္ခသည်ဘဝရောက်ကုန်တယ် ဆိုတာမျိုး လက်ရှိဖြစ်ပွါးနေတဲ့ အခြေနေတွေနဲ့ပတ်သက်ပြီး ရတဲ့သတင်းတွေဟာ ကျေနပ်စရာ မကောင်းသလို သူ့ကိုရော အာဆီယံက တခြားနိုင်ငံခြားရေးဝန်ကြီးတွေကိုပါ တိတိကျကျ ဆက်သွယ် ပြောကြားတာမျိုးမရှိဘူးလို့လည်း ဝန်ကြီး Saifuddin က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတဲ့ နောက်ဆုံး အခြေအနေမှန်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ လက်လှမ်းမီအောင်လုပ်ပေးဖို့ အာဆီယံရုံးချုပ် ကို စာရေးတောင်းဆိုမှာ ဖြစ်ကြောင်း၊ နောက်ကျင်းပမယ့် အစည်းအဝေးအထိ စောင့်မနေနိုင်ကြောင်း ပြောခဲ့သလို မလေးရှားအနေနဲ့လည်း ငွေးကြေးအပါအဝင် နောက်ထပ်အကူအညီတွေပေးဖို့ အဆင်သင့်ဖြစ်ကြောင်းလည်း ပြောပါတယ်။

အာဆီယံနဲ့ မြန်မာစစ်ကောင်စီတို့ ပူးတွဲလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူညီပေးမှုဆိုင်ရာ အစီရင်ခံချက်ဟာ တုန်လှုပ်ခြောက်ခြားဖွယ်ဖြစ်ပြီး ဒါကိုအာဆီယံက ပြန်လည်အကဲဖြတ် သုံးသပ်သင့်ကြောင်းလည်း ပြောပါတယ်။

အကူညီပေးလိုသူတွေ ရှိနေပေမယ့် မြန်မာစစ်ကောင်စီနဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ လူသားစာနာမှုအကူညီ လိုအပ်သူတွေဆီရောက်မရောက် သံသယ ဖြစ်နေကြကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် အာဆီယံအနေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC တို့နဲ့ ဆက်ပြီး ဆက်သွယ်ဖို့ အရေးကြီးကြောင်းနဲ့ သူ့အနေနဲ့ မကြာခင်မှာ ဒီ ၂ ဖွဲ့စလုံးနဲ့ တွေ့ဆုံလိုတဲ့ ဆန္ဒရှိတယ်လို့လည်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ် ခင်ဗျာ။

XS
SM
MD
LG